By – The Red Flag
ရက္ခိုင့်တပ်တော်(AA) ထံမှ သိမ်းဆည်းရမိသည့် လက်နက်များဟု စစ်ကောင်စီကို ထောက်ခံကြောင်း ရေးသားသူများက Facebook နှင့် Telegram တွင်ဖြန့်ချိနေသည့် ပုံများသည် အမှန်တကယ်တွင် AA က စစ်ကောင်စီစခန်းကို သိမ်းပိုက်ပြီး ရရှိထားသည့် လက်နက်များဖြစ်သည်။
စစ်ကောင်စီ၏ မောင်တော ၃၅၂ စခန်းကို တိုက်သွားသည့် AA တို့ကို တန်ပြန်ထိုးစစ်ချီကြောင်း အစချီပြီး ရေးသားထားသည့် အဆိုပါ Facebook နှင့် Telegram ဖြန့်ချိမှုများတွင်-
- “AAတို့ထံမှ လက်နက်ခဲယမ်း များတောင်ပုံယာပုံ သိမ်းဆည်းမိကြောင်း ပါ.”
ဟုလည်း ထည့်သွင်းရေးသားထားသည်။
အဆိုပါဖြန့်ချိမှုတွင် သတင်း AA ၏ လက်နက်ခဲယမ်းများဟု ဖြန့်ချိနေသည့် ဓာတ်ပုံများထဲမှ နှစ်ခုသည် အမှန်မဟုတ်ဘဲ AA က စစ်ကောင်စီစခန်းကို သိမ်းပိုက်ပြီး ရရှိထားသည့် လက်နက်များသာ ဖြစ်သည်။
အဆိုပါ ဓာတ်ပုံများကို အသုံးပြု၍ စက်တင်ဘာ ၁၄ ရက်နေ့တွင် အောက်ပါ Facebook Account နှင့် Telegram အကောင့်များတွင် အများအပြား ရေးသားထားကြသည်။
- Snow Queen #SQ
- Ko Khant (#kk)
- The Fighters Media (TFM)
- Newwave🇲🇲
- Xtun Ko Ko
- Naa Jitt
- ဇော် မင်း လွင်
- ကိုအေး ချမ်း
- ပြည်ချစ်မေ
ဓာတ်ပုံများ၏ ဇာစ်မြစ်
အဆိုပါ ဓာတ်ပုံများထဲမှ ရက္ခိုင့်တပ်တော်(AA) ၏ ဓာတ်ပုံ နှစ်ပုံမှာ AA မှ စစ်ကောင်စီ၏ ခမရ ၃၅၂ တပ်ရင်းစခန်းကုန်းကို ဝင်တိုက်ရာမှ သိမ်းဆည်းရရှိခဲ့သည်များကို သတင်းထုတ်ပြန်သည့် ပုံများဖြစ်ပြီး သတင်းဌာနများတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
အခြား ဓာတ်ပုံဓာတ်ပုံမှာလည်း လက်နက်များ အကြောင်းကို မျှဝေရေးသားနေသည့် တရုတ်ဝက်ဘက်ဆိုက်တစ်ခုဖြစ်သည့် PewPewPew.work တွင် ၂၀၀၉ ခုနှစ်က USAS-12 လက်နက်များ အကြောင်း ရေးသားထားသည့် ဆောင်းပါးတွင် ကိုးကန့် လက်နက်ကိုင် အဖွဲ့၏ USAS-12 လက်နက်များဟူ၍ တင်ထားသည့် ဓာတ်ပုံဖြစ်သည်။

Red Flag သုံးသပ်ချက်
False– ရခိုင်တွင် စကစနှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး သတင်းဓာတ်ပုံအဟောင်းများကို ဝါဒဖြန့်ချိရေး အရေးအသားများတွင် အပြန်အလှန် အသုံးပြုနေကြသည်။