By – Red Flag
“မကြာခင်ငလျင်လှုပ်တော့မည်”
“နက်ဖန်၊ သဘက်ခါတွင် ငလျင်ကြီးလာတော့မည်”
အစရှိသည့် သတင်းများသည် အချက်အလက်မှန်အချို့ကို အခြေခံကာ အများပြည်သူ အထိတ်တလန့်ဖြစ်ရန် ပုံကြီးချဲ့ ရေးသားထားမှုများဖြစ်သည်။
မည်သည့်နေ့၊ မည်သည့်အချိန်တွင် ငလျင်လှုပ်မည်ဆိုသည်ကို မည်သူမှကြိုတင်မခန့်မှန်းနိုင်ပါ။ မုန်တိုင်းနှင့် ရေကြီးခြင်း ကဲ့သို့သော သဘာဝဘေးများကို ကြိုတင်သတိပေးနိုင်သော်လည်း ငလျင်များကို ကြိုတင်သတိပေးစနစ် မရှိသေးပါ။
သို့သော် ပညာရှင်များ၏အဆိုအရ မြန်မာနိုင်ငံ၏ လူနေထူထပ်သော ဒေသအများစုသည် ငလျင်ကြောပေါ်တွင် တည်ရှိသောကြောင့် မြေငလျင်ကို သတိထားရန်လိုအပ်သည်။
တနည်းအားဖြင့် မြန်မာနိုင်ငံတွင် အချိန်မရွေး ငလျင်လှုပ်နိုင်သည့် မြို့ရွာများရှိသည်။ ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် နေပြည်တော်မြို့များသည် လူနေထူထပ်ပြီး ငလျင်ကြောနှင့်နီးသောကြောင့် ငလျင်ဘေးကြောင့် ဆုံးရှုံးနိုင်ခြေများလည်း မြင့်မားကြောင်း ပညာရှင်များက သတိပေးထားသည်။ ( ပိုမိုလေ့လာရန် )
“ မြန်မာနိုင်ငံ၏ အချို့သော အဓိကမြို့ကြီးများ (ဥပမာ၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်) နှင့်၎င်းတို့ဝန်းကျင်ရှိ ခရိုင်နှင့်မြို့နယ်များမှာ သက်ရှင်ပြတ်ရွေ့များအပေါ်တွင် (သို့မဟုတ်) ၎င်းတို့နှင့် နီးကပ်စွာ တည်ရှိနေသည့်အတွက် အင်အားပြင်းငလျင်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများစွာ ရှိပါသည်”
Ref – National Earthquake Preparedness and Response Plan (2019 – Page 18)

မြန်မာနိုင်ငံက မြို့ကြီးများတွင် ငလျင်ကြောင့် လူ့အသက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့် သမိုင်းများလည်း ရှိခဲ့သည်။
လွန်ခဲ့သည့် နှစ် ၉၀ ခန့်က ပဲခူးမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပဲခူးတွင် လူ ၅၀၀ နှင့် ရန်ကုန်တွင် လူ ၅၀ ခန့်သေဆုံးခဲ့သည်။
ယနေ့ကာလတွင် ပဲခူးနှင့်ရန်ကုန်တို့သည် လူနေပိုမိုထူထပ်သောကြောင့် ငလျင်လှုပ်ခဲ့ပါက လူအသေအပျောက် ပိုမိုများပြားမည်ကို ပညာရှင်များက စိုးရိမ်နေကြသည်။
ခုနှစ် | ငလျင်ဗဟိုချက် | ပြင်းအား(ရစ်ချ်တာစကေး) | ထိခိုက်သေဆုံးမှု |
၁၈၃၉ | အင်းဝငလျင် | ၇.၅ | လူ (၄ဝဝ)ခန့် သေဆုံး |
၁၉၃ဝ | ပဲခူးငလျင် | ၇.၃ | လူ (၅၅၀)ခန့် သေဆုံး |
၂ဝ၁၁ | တာလေငလျင် | ၆.၈ | လူ (၈ဝ) ဦးခန့် သေဆုံး |
၂ဝ၁၂ | သပိတ်ကျင်းငလျင် | ၆.၈ | လူ (၂၆) ဦး သေဆုံး |
Red Flag သုံးသပ်ချက်
- Half True
မြေငလျင်ကြောပေါ်တွင် မြန်မာနိုင်ငံရှိသည့်အတွက် ငလျင်ဘေးကို သတိပေးထားသည့် ပညာရှင်များ၏ သတိပေးချက်များကို အသုံးပြုပြီး လိုရာဆွဲ ရေးသားခြင်းဖြစ်သည်။
ကိုကား