ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အဆောက်အအုံပြိုကျမှု လူ သေဆုံးမှု မရှိ

By The Red Flag

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Rama 9 ဧရိယာမှာ ရှိတဲ့ ဆောက်လုပ်ဆဲ အဆောက်အအုံကို ရိုက်ကူးထားသည့် ဗီဒီယိုတွင် “ မနေ့က မပျို လူ ၅၀ ကျော် သေ” ဆိုသည့် စာသားရေးထိုးပြီး TikTok ပေါ်တွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဖြန့်ချိနေသည်။

“ဖော်ဆန်းသမားတွေကို မနှိမ်ကြပါနဲ့ ဘဝနဲ့ရင်း အသက်နဲ့ ပေးဆပ်ပြီး မိသားစုအတွက်ဆိုပြီး သူတို့ အမြင့်ဆုံးကို တက်၊ ပိုက်ဆံထွက်လာတာနဲ့ အိမ်ကို လွှဲ ဒါဟာ အမေ့အတွက် ဒါဟာ ညီလေးတွေ ညီမလေးတွေအတွက် “ ဆိုသည့် နောက်ခံစကားပြောနှင့်အတူ လူ ၅၀ ကျော် သေဆုံးသွားသယောင် တင်ထားခြင်းဖြစ်သည်။

ဒီနေရာတွင် ကြည့်ပါ။

ဖြစ်စဉ်အမှန်

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ရှိ Rama 9 ဧရိယာရှိ ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခုမှာ ဖောဖော်ဝါရီ ၁၂ ရက်‌နေ့ နေ့လယ်တွင် ဆောက်လက်စ ၅ လွှာပြိုကျခဲ့မှုကြောင့် အောက်ထပ်များရှိ အလုပ်သမားအချို့ ပိတ်မိမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု မရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားကြသည်။

ဒီနေရာ ဒီနေရာနှင့် ဒီနေရာတို့တွင် ကြည့်ပါ။

အဆိုပါ အဆောက်အဆုံပြိုကျခဲ့မှုတွင် ကမ္ဘောဒီးယားနိုင်ငံသား အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး အနီးအနားရှိ ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ကြောင်းသာ သတင်းများတွင် ပါရှိသည်။