By – Red Flag
ထိုင်းနိုင်ငံတွင် ရောင်းချနေသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး Drone ဓာတ်ပုံများကို အသုံးပြုပြီး ထိုင်းနိုင်ငံတောင်ပိုင်းမှ မူဆလင်များက PDF များကို Drone သင်တန်းပေးနေသည့်ပုံစံဖြင့် Facebook နှင့် Telegram တို့တွင် သတင်းမှားများ ဖြန့်ဝေနေသည်။
Facebook နှင့် Telegram နှစ်ခုစလုံးတွင် Zenobia Queen အမည်ဖြင့် ၂၀၂၂ စက်တင်ဘာ ၇ ရက်က ဖြန့်ချိသည့် အဆိုပါသတင်းမှားတွင် −
“အကြမ်းဖက် PDF တွေကို
ဒရုန်း ပညာသင်ပေးနေတာ….
ဝက်မစား လက်မဲတွေက
ထိုင်းနိုင်ငံတောင်ပိုင်းကနေ
လာသင်ပေးနေတာလို့ သိရပါတယ်
kလား ယီးးစုပ်တွေလို့ ပြောတော့လည်း
နာနေကြသေးတယ်
အမှန်တော့ ဝက်မစားတွေကို ပထွေးတော်နေကြတာ
ပေယိုးမ ပဒတ်တွေ”
ဟု ဘာသာရေး ၊ လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုပါသည့် စာသားများ သုံးကာ သတင်းမှားတွင် ထည့်သွင်းဖြန့်ချိခဲ့သည်။ “ဝက်မစား” “kလား” စသည့်အသုံးအနှုန်းများသည် မူဆလင်များကို ရည်ညွှန်းခြင်းဖြစ်သည်။
ဓာတ်ပုံများ၏ဇာစ်မြစ်နှင့် အကြောင်းအရာအမှန်
အဆိုပါ Drone ဓာတ်ပုံများသည် ထိုင်းနိုင်ငံ Phitsanulok မြို့ရှိ “Dji Phitsanulok” အမည်ရှိ စိုက်ပျိုးရေးလုပ်ငန်းသုံး Drone များရောင်းချသည့်ဆိုင်၏ Facebook Page မှာ ဓာတ်ပုံများဖြစ်သည်။
ယင်းဆိုင်သည်လည်း သတင်းမှားတွင် ရေးသားထားသလို ထိုင်းနိုင်ငံတောင်ပိုင်းတွင် မဟုတ်ဘဲ မြောက်ပိုင်းတွင် ဖွင့်လှစ်ထားသည့် ဆိုင်ဖြစ်သည်။
အဆိုပါ ဓာတ်ပုံများကို “Dji Phitsanulok” ဆိုင်က ၂၀၂၂ စက်တင်ဘာ ၃ ရက်တွင် ၎င်းတို့၏ Facebook Page တွင်တင်ထားခဲ့ပြီး နောက်ထပ်လေးရက်အကြာ စက်တင်လာ ၇ ရက်တွင် သတင်းမှားဖြန့်သူက ပုံများကို ယူသုံးပြီး ပုံမှားရိုက် ဖြန့်ချိခြင်းဖြစ်သည်။

Red Flag သုံးသပ်ချက်
False – Drone အရောင်းဆိုင်မှ ဓာတ်ပုံများကို ယူကာ နိုင်ငံရေး ၊ ဘာသာရေး ၊ လူမျိုးရေး အကဲဆတ်စေသည့် စာသားများနှင့်လိုသလို ပုံဖော်ကာ အစအဆုံးလုပ်ကြံဖန်တီးရေးသားဖြန့်ဝေမှုဖြစ်သည်။