By The Red Flag
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးတွင် စစ်သုံးရဟတ်ယာဉ်ကို ဒေသခံ ကာကွယ်ရေးတပ်များက ဖေဖော်ဝါရီလ (၃)ရက်နေ့၊ နေ့လည်ပိုင်းတွင် ပစ်ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ သတင်းထွက်လာပြီးနောက် ပျံ့နှံ့နေသည့် စစ်သုံးရဟတ်ယာဉ်အပျက်များသည် ဟုမ္မလင်းတွင် ပစ်ချခံခဲ့ရသည်ဆိုသည့် ရဟတ်ယာဉ်မဟုတ်ဘဲ ယခင်ပျက်ကျခဲ့သည့် ရဟတ်ယာဉ်ပုံများ ပါဝင်နေသည်။
NUG ၏ သတင်းထုတ်ပြန်မှုအပြီး စစ်ရဟတ်ယာဉ် ပျက်ကျနေသည့် ပုံအချို့ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်ကို ဒီနေရာ၊ ဒီနေရာ တို့တွင်ကြည့်နိုင်သည်။ အဆိုပါ ဓာတ်ပုံသည် ပုံဟောင်းဖြစ်သည်။
ယင်းသတင်းဓာတ်ပုံသည် ဟားခါးမြို့တွင် ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့က ပျက်ကျခဲ့သည့် စစ်ရဟတ်ယာဉ်ဖြစ်ကြောင်း RFA သတင်းဌာန၏ ရေးသားမှုကို ဒီနေရာ တွင်ဖတ်နိုင်သည်။
