ဓာတ်ပုံတစ်ပုံ နှင့် မတူညီသည့် သတင်းနှစ်ပုဒ်

By – The Red Flag

ကုန်တင်ကားသုံးစီးနှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ ပါဝင်သည့် ဓာတ်ပုံတစ်ပုံကို PDF များက အရပ်သားများ၏ ရွှေနှင့်ငွေကြေးများကို ဓားပြတိုက်ခဲ့သည်ဆိုသည့် သတင်းနှင့်အတူ ဖြန့်ဝေနေသည်။

အခြားတစ်ဖက်တွင်တော့ အဆိုပါဓာတ်ပုံသည် ဓားပြတိုက်သည့် ဓာတ်ပုံမဟုတ်ဘဲ ခရီးသွားများအား PDF များက စစ်ဆေးနေသည့် ဓာတ်ပုံဖြစ်ကြောင်း ဖော်ပြကြသည်။

ဓားပြတိုက်တဲ့ PDF ဟုဆိုကာ ဖြန့်ချိမှုများ

အဆိုပါဓာတ်ပုံကို PDF ရန်ကို ကြောက်၍ အိမ်ပြောင်းရွှေ့သည့် မိသားစုများကို PDFများမှ လမ်းကြောင်းတွင် စောင့်ဆိုင်းကာ ဓားပြတိုက်၍ ရွှေငွေများ ပါသွားသလို ယာဉ်မောင်းလည်း ရိုက်နှက် ထုရိုက်ခံရကြောင်းနှင့် PDF များကုန်ကားကို စစ်ဆေးနေသည့် ဓာတ်ပုံကို အသုံးပြု၍ Fcaebook နှင့် Telegram တွင် ဖြန့်ချိနေသည်။

အဆိုပါ ဓာတ်ပုံကို အသုံးပြု၍ နိုဝင်ဘာ ၁၅ ရက်မှ စတင်ပြီး အောက်ပါ Facebook နှင့် Telegram အကောင့်များတွင် အများအပြား ဖြန့်ချိနေကြသည်။

သတင်းဘကောင်း

ကိႏၵရီ သူေလး
စစ် အောင်
Nyan Nyan 

လူပျိုသိုးကြီး ငထွား

Zaw Win Oo

Ko Myo Km

Sitt Thway

မြန်မာ အားမာန်

Khin Yuya

သား ချစ်

ဆု လင်း ထင်

အင်တာနေရှင်နယ်လ် ကိုအောင်

New Thar Gi

Yukisan

မာန်ရှင်း ရန်ရှင်း

Kyaw Swar

သတင်းဌာနများ၏ ရေးသားမှု

ယင်းဓာတ်ပုံသည် ဓားပြတိုက်တဲ့ PDF ဟုဆိုကာ ဖြန့်ချိမှုများ မတိုင်မီ သတင်းပတ်များစွာကတည်းက Myanmar Now သတင်းဌာနတွင် ဖော်ပြထားသည့် သတင်းဓာတ်ပုံဖြစ်နေသည်။

Myanmar Now သတင်းဌာနတွင် မေလ ၂ ရက်နေ့က တင်ထားသည့် “ခင်ဦးမြို့နယ် CDM စာသင်ကျောင်းနှင့် အင်းပတ်ရွာကို စစ်တပ်မီးရှို့” ဟူသည့် သတင်းတွင် အဆိုပါ ဓာတ်ပုံကို သတင်းဓာတ်ပုံအနေနှင့် အသုံးပြုထားပြီး ပုံစာတွင် ‘ခင်ဦး-ရွှေဘိုလမ်းပေါ်တွင် ခရီးသွားကားများအား စစ်ဆေးနေသည့် ဒေသခံပကဖအဖွဲ့ဝင်များအား မေ ၁က တွေ့ရစဉ်။ (ဓာတ်ပုံ -ပေးပို့)’ ဟူ၍ ရေးသားထားပါသည်။

အချက်အလက်စစ်ဆေးချက်

Myanmar Now သတင်းဌာန၏ ရေးသားမှုအရ အဆိုပါသတင်းဓာတ်ပုံသည် ‘ခင်ဦး-ရွှေဘိုလမ်းပေါ်တွင် ခရီးသွားကားများအား စစ်ဆေးနေသည့် ဒေသခံပကဖအဖွဲ့ဝင်များ ဖြစ်ကြောင်း အတည်ပြုနိုင်သည်။ ယင်းဓာတ်ပုံသည် ၂၀၂၂ မေလ ၁ ရက်တွင် ရိုက်ကူးထားသည်ဟုလည်း ဖော်ပြထားသည်။

အိမ်ပြောင်းရွှေ့သည့် မိသားစုများကို PDFများမှ လမ်းကြောင်းတွင် စောင့်ဆိုင်းကာ ဓားပြတိုက်ကြောင်း Facebook နှင့် Telegram အကောင့်များတွင် ဖြန့်ချိမှုများသည် Myanmar Now ၏ သတင်းဓာတ်ပုံ အသုံးပြုပြီး ခြောက်လခွဲခန့် အကြာမှ ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့အပြင် မည်သည့်နေရာ၊ မည်သည့်အချိန်ဟု ဖော်ပြထားခြင်းမျိုးလည်းမရှိဘဲ အကြောင်းအရာနှင့် ဓာတ်ပုံအကြား ဆက်စပ်မှုပျောက်ဆုံးနေသည်။

RedFlag သုံးသပ်ချက်

Misleading – ဓာတ်ပုံနှင့် အကြောင်းအရာသည် ပတ်သတ်မှုမရှိဘဲ အသုံးပြုထားခြင်း ဖြစ်သည်။