By The Red Flag
စစ်ကိုင်းတိုင်း ကနီတွင် ကွမ်းယာရောင်းချသူ အမျိုးသမီးက စစ်ကောင်စီတပ်သားနှစ်ဦးအား ကွမ်းယာထဲတွင် အဆိပ်ထည့်ကာ လုပ်ကြံပြီး လက်နက်များရယူနိုင်ခဲ့ကြောင်း Facebook တွင် ပျံ့နှံ့နေခဲ့သည်။ ပျံ့နှံ့မှုများကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ တို့တွင် ကြည့်နိုင်သည်။
အဆိုပါရေးသားချက်တွင် အသုံးပြုထားသည့် သတင်းဓာတ်ပုံသည် ဖိလစ်ပိုင်နိုင်ငံမှ ဓာတ်ပုံများကို အသုံးပြုထားခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ဖိလစ်ပိုင် စစ်တပ်နှင့် Daulah Islamiyah(DI) အဖွဲ့တို့ တိုက်ခိုက်မှုဖြစ်ပွားစဉ် ဖိလစ်ပိုင် စစ်တပ်မှ သိမ်းဆည်းရမိသည့် လက်နက်ပုံများ ဖြစ်နေသည်။ ဒီနေရာနှင့် ဒီနေရာတွင် ကြည့်ပါ။
