မက်ဆီပုံနဲ့ငွေစက္ကူ ကအစစ်မဟုတ်ပါ

By-The Red Flag

လူအများကို သည်းသည်းလှုပ်ပွဲဆူစေခဲ့သည့် ကမ္ဘာဖလားပွဲကြီး ပြီးဆုံးသွားပြီဖြစ်သည်။

ကမ္ဘာ့ဖလား နိုင်သွားသည့် အသင်းမှာလည်း ကမ္ဘာကျော် ဘောလုံးသမား မက်ဆီ ဦးဆောင်သည့် အာဂျင်တီးနားအသင်းဖြစ်သည်။

အာဂျင်တီးနားအသင်းနိုင်ပွဲနှင့် အတူ ဒီဇင်ဘာ ၂၀ ရက်နေ့မှစ၍ မက်ဆီ မျက်နှာနှင့်ငွေစက္ကူများ ကမ္ဘာတွင် စတင်ပျံ့နှံ့နေပြီး မြန်မာတွင်ပါ ပျံ့နှံ့လာခဲ့သည်။

မက်ဆီ ပိုက်ဆံ သတင်းကို ဒီဇင်ဘာ ၂၀ ရက်နေ့တွင် မက္ကဆီကန် သတင်းစာတစ်စောင်ဖြစ်သည့် El Financiero သတင်းစာမှ စတင်၍ မက်ဆီမျက်နှာပုံနှင့် ပီဆို ၁၀၀၀ တန်ထုတ်ရန် အာဂျင်တီးနားဗဟိုဘဏ်ရှိ အရာရှိများက စနောက်သည့် အနေနှင့် ပြောကြားခဲ့ကြသည်ဟူ၍ ရေးသားခဲ့သည်။

ထို့ပြင် မက်ဆီ၏ မျက်နှာနှင့်  ၁၀၀၀ တန် ပီဆိုတကယ်ထုတ်မည်ဆိုလျှင် ရှေ့စာမျက်နှာတွင် မက်ဆီ မျက်နှာထားပြီး နောက်ကျောဘက်တွင် “La Scaloneta” ဟူသည့် အာဂျင်တီးနားသင်း၏ နည်းပြဖြစ်သူ Leo Scaloni ၏ နာမည်ပြောင်ကို ထည့်သွင်းမည့် အစီအစဉ်ရှိသည်ဟု ရေးသားထားပြီး အာဂျင်တီးနားနိုင်ငံအနေနှင့် ယခင်က အာဂျင်တီးနားအသင်း ၁၉၇၈ ခုနှစ် ကမ္ဘာဖလားနိုင်ခဲ့သည့် ရာပြည့် အခမ်းအနားနှင့် Eva Perón(အာဂျင်တီးနား နိုင်ငံရေးသမား) ကွယ်လွန်ခြင်း နှစ် ၅၀ ပြည့်အတွက် အထိမ်းအမှတ် ဒင်္ဂါးများကို ထုတ်ပေးခဲ့ဖူးကြောင်း ပါရှိသည်။

ထို့အတွက်ကြောင့် မက်ဆီ မျက်နှာနှင့် ပိုက်ဆံများထုတ်ရန် အလားအလာရှိသည်ဟူ၍သာ ရေးသားထားခြင်းဖြစ်ပြီး ၎င်းတို့ သတင်းကို ကိုးကား၍ အခြားသော သတင်းစာများက တစ်ဆင့် ပြန်လည် ရေးသားဖြန့်ဝေကြခြင်းဖြစ်သည်။ ဒီနေရာ ၊ ဒီနေရာနှင့် ဒီနေရာများတွင် ကြည့်ပါ။

ကမ္ဘာနှင့် မြန်မာတွင် ပျံ့နှံ့နေသည့် မက်ဆီ၏ မျက်နှာပုံနှင့် ၁၀၀၀ တန် ပီဆိုများမှာလည်း အာဂျင်တီးနားဗဟိုဘဏ်တွင် တရားဝင် Website ၊ Twitter ၊ Facebook မည်သည့်နေရာတွင်မှ တင်ထားခြင်းမရှိပေ။