By The Red Flag
မင်္ဂလာဒုံလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ ရေးသားထားမှု Facebook တွင် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် စတင် ပျံ့နှံ့နေသည်။
“အဘ ဒေါသထွက်နေသော ၁၀၇ မမ” ခေါင်းစဉ်နှ၍့် မနေ့က မင်္ဂလာဒုံလေတပ်စခန်း အပစ်ခံရတာက အဘကို ဒေါသထွက်စေခဲ့ပါတယ်။ ပထမမေးခွန်းက ဒီ ၁၀၇ မမ ကို ဘယ်သူ ထောက်ပံ့လဲဆိုတာပါ။…” အစချီ၍ ရေးသားထားသည့် စာတွင် အသုံးပြုထားသည့် ဓာတ်ပုံမှာ ဓာတ်ပုံဟောင်းများ ဖြစ်နေသည်။
အဆိုပါ စာနှင့် ဓာတ်ပုံများကို အောက်ပါ Facebook အကောင့်နှင့် Website များတွင် ဖြန့်ချိနေကြသည်။
Burmese Mobile Legend Community
ဓာတ်ပုံများ၏ ဇာစ်မြစ်
ဒီဇင်ဘာ ၁၆ ရက်နေ့ညပိုင်းတွင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရကြောင်း DVB သတင်းဌာနတွင် ဒီဇင်ဘာ ၁၇ ရက်နေ့က သတင်းဖော်ပြထားချက်အရ မင်္ဂလာဒုံလေတပ်စခန်း ပစ်ခတ်ခံရမှုမှာ မှန်ကန်ပါသည်။

သို့သော် ဖြန့်ချိနေသူများတွဲ၍ ဖော်ပြထားသည့် ဓာတ်ပုံနှစ်ပုံမှာမူ ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရစဉ်က ထိမှန်သည့် ဓာတ်ပုံများ မဟုတ်ဘဲ မီးခိုးများထွက်နေသည့် ဓာတ်ပုံမှာ DVB သတင်းဌာနတွင် “ မင်္ဂလာဒုံလေတပ် ဝန်ထမ်းအိမ်ရာလုံခြုံရေးဂိတ်နှင့် ဘုရင့်နောင်တံတားတွင် ဗုံးကွဲ” ဟူသည့် သတင်းခေါင်းစဉ်နှင့် အတူ ဖော်ပြထားသည့် သတင်းဓာတ်ပုံဖြစ်သည်။
ထို့ပြင် လူအများမီးငြှိမ်းသတ်နေသည့် ဓာတ်ပုံမှာမူ ဆင်ဟွာ သတင်းတွင် နိုဝင်ဘာ ၂၃ ရက်နေ့က “ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ F-7 လေယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား” ဟူသည့် သတင်းတွင် ဖော်ပြထားသည့် သတင်းဓာတ်ပုံ ဖြစ်သည်။
RedFlag သုံးသပ်ချက်
Misleading
မင်္ဂလာဒုံလေတပ်စခန်း ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရသည်မှာ မှန်ကန်သော်လည်း ဖြန့်ဝေနေသူများတွဲဖော်ပြထားသည့် ဓာတ်ပုံမှာ ဓာတ်ပုံဟောင်းဖြစ်နေသည်။