By The Red Flag
KIA နှင့် PDF တို့က ကျေးရွာများကို မီးရှို့ထားသည့် ရုပ်သံဖိုင်ဟုဆိုကာ ၃၆ စက္ကန့် ကြာမြင့်သည့် ရုပ်သံဖိုင်တစ်ခုကို Telegram တွင် အများအပြား ဖြန့်ချိနေသည်။
အမှန်စင်စစ်တွင် အဆိုပါရုပ်သံသည် KIA အခြေစိုက်သည့် မြန်မာနိုင်ငံမြောက်ပိုင်းမှ မိုင်ရာချီကွာဝေးသည့် မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာရှိ Mytel တာဝါတိုင် မီးရှို့ ခံရသည့် ရုပ်သံဖိုင်ဖြစ်သည်။
“ မွန်ပြည်နယ်မှ Mytel တာဝါတိုင် မီးရှို့ခံရသည့်ရုပ်သံ” ကို “ KIA နှင့် PDF တို့က ကျေးရွာများကို မီးရှို့ထားသည့် ရုပ်သံဖိုင်” ဟု ဖြန့်ချိနေမှုများကို ဒီနေရာ , ဒီနေရာ , ဒီနေရာ , ဒီနေရာ , ဒီနေရာ , ဒီနေရာ များတွင် တွေ့မြင်နိုင်သည်။
အဆိုပါ ရုပ်သံဖိုင်သည် Ye ဘီလူး အဖွဲ့က ၎င်းတို့၏ Facebook စာမျက်နှာတွင် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တင်ထားသည့် ရုပ်သံဖိုင်ဖြစ်သည်။

ထို့ပြင် မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ကျုံလောင်းရွာဟောင်းကျေးရွာရှိ ရေးဘီလူးအဖွဲ့ ထိန်းချုပ်ထားသည့် နယ်မြေအတွင်း စစ်ကောင်စီ ယန္တရား ဖြစ်သည့် MYTEL တာဝါတိုင်ကို ဇန်နဝါရီ ၁၀ ရက်နေ့ ည ၁၁ နာရီတွင် အပြီး ဖြတ်သိမ်းလိုက်သည့် ရုပ်သံဖြစ်ကြောင်း ရေးသားထားသည်။
အဆိုပါ ရုပ်သံဖိုင်ကိုပင် မဇ္ဈိမ သတင်းဌာနတွင် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် “ရေးမြို့နယ် ကျုံလောင်းရွာဟောင်းရှိ MYTEL တာဝါတိုင်ကို ရေးဘီလူးအဖွဲ့မီးရှို့ဖျက်ဆီး” ခေါင်းစဉ်နှင့် သတင်းဖော်ပြခဲ့သည်။
ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ပင် “ရေးမြို့ ၊ ကျုံလောင်းရွာဟောင်းရှိ စစ်အုပ်စုပိုင် MYTEL တာဝါတိုင်ကို ရေးဘီလူးအဖွဲ့က မီးရှို့(ရုပ်သံ)” ဟူသည့် ခေါင်းစဉ်နှင့် သာ ခေတ်သစ်မီဒီယာတွင် သတင်းရေးသားထားခြင်းဖြစ်သည်။