By The Red Flag
ရန်ကုန်မြို့လယ်တွင် အသက် ၇၀ အရွယ် အဘိုးအိုတစ်ယောက် ဇန်ဝါရီ ၈ ရက် နံနက်ပိုင်းတွင် ရိုက်နှက်ခံရပြီး ပိုက်ဆံလုယက်ခံခဲ့ရသည်။
အဆိုပါအဖြစ်အပျက်တွင် လုယက်သူများသည် NUG ဘက်ကဖြစ်ကြောင်း Facebook နှင့် Telegram အကောင့်များတွင် ဖြန့်ချိနေကြသည်။ သို့သော်အဆိုပါ စွပ်စွဲချက်အတွက် ခိုင်လုံသည့် မည်သည့်သက်သေ အထောက်အထားမျှ ရှိမနေခဲ့ပါ။
ရိုက်နှက်ခံရသည့် အဘိုးအို၏ ဓာတ်ပုံနှင့် “ အတူ တောင်းရမ်းနေသည့် အဘိုးအိုတစ်ဦးကို အကြမ်းဖက် NUG မွေးစားသား သုံးယောက်က ရိုက်နှက်၍ ငွေများကို လုယက် ထွက်ပြေး” ဟူ၍ ဖြန့်ချိမှုများကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ တို့တွင် တွေ့နိုင်သည်။ “ အနီးနေသူတွေ” က ပြောကြားကြောင်း ကိုးကားရေးသားထားသော်လည်း လုယက်သူများနှင့်NUG တို့ ဆက်စပ်ကြောင်း သီးခြားသက်သေပြထားသည့် ရေးသားမှုမျိုးတော့ မတွေ့ရသေးပါ။
ယင်းဓာတ်ပုံကိုပင် ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၂၃ မိနစ်အချိန်တွင် ယနေ့ခတ် သတင်းပေ့တွင် “မော်တင်ခုံးတံတားအနီး တောင်းနေသည့် အဖိုးအိုထံမှ ရိုက်နှက်လုယက်မှုဖြစ်ပွား” ခေါင်းစဉ်နှင့် အတူ အဘိုးအိုကို ကူညီခဲ့သူများကို မေးမြန်း၍ သတင်းဖော်ပြထားသည်။ အဆိုပါ သတင်းတွင် လမ်းမတော်မြို့နယ် မော်တင်ခုံးကျော်တံတားအနီးတွင် အလှူခံနေသည့် အဘိုးအိုတစ်ဦး ဇန်နဝါရီလ ၈ ရက်နေ့မှာ ရိုက်နှက်လုယက်ခံခဲ့ရပြီး ရိုက်နှက်သူ အမျိုးသား ၃ ဦး ဖြစ်သူဟု ဖော်ပြထားပြီး မည်သူများ ဖြစ်သည်ကို မျက်မြင်တွေ့ရှိသူ လမ်းသူ လမ်းသားများက မသိရှိကြပေ။ ထို့အပြင် DVB သတင်းဌာနတွင်လည်း “ရန်ကုန်မြို့နယ်တွင် တောင်းရမ်းနေသည့် အဘိုးအို ရိုက်နှက်လုယက်ခံရ” ဟူသည့် သတင်းခေါင်းစဉ်နှင့် ဖော်ပြခဲ့သည်။

အထက်ပါ ရေးသားမှုများ အားလုံးတွင် အမည်မဖော်ပြထားသူများကို ကိုးကားထားကြခြင်း ဖြစ်သော်လည်း သံသယရှိသူများနှင့်NUG တို့အကြား ဆက်စပ်မှုအကြောင်း တိကျခိုင်မာသည့် သက်သေပြ ရေးသားထားခြင်းကို မတွေ့ရှိခဲ့ရပါ။