By The Red Flag
သခွပ်ပင်သည် ဆေးဘက်ဝင်ပြီး မြွေဆိပ် နှင့် အသည်းအသည်းရောင် အသားဝါ ရောဂါ ဘီပိုး၊ စီပိုး တို့ကို ပျောက်ကင်းနိုင်ကြောင်း ရေးသား ဖြန့်ချိနေကြသည်။ အဆိုပါ ဖြန့်ချိမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ တို့ တွင်ကြည့်ရှုနိုင်သည်။
ဆေးပညာရှင်များနှင့် နားလည်တတ်ကျွမ်းသူများကတော့ အဆိုပါအချက်အလက်သည် မှားယွင်းနေကြောင်း ပြောဆိုထားပြီး မြွေကိုက်ခံရခြင်းနှင့် အသည်းရောဂါတို့ကို စနစ်တကျ ဆေးကုသမှုခံယူမှသာ အသက်ချမ်းသာရာ ရနိုင်ကြောင်းလည်း သတိပေးထားသည်။
သခွပ်က မြွေဆိပ်မပြယ်ပါ
မြွေပွေး၊ မြွေဟောက်၊ ငန်းတော်ကျား၊ ငန်းမြွေ တို့အကိုက်ခံရပါက သခွပ်ပင်က အခေါက်ကို အမြန်ဝါးစားလိုက်ပါလျှင် အဆိပ်မရှိတော့ကြောင်း ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ များတွင် ရေးသားထားသည်။
သို့သော်အဆိုပါအချက်က လူ့အသက်အန္တရာယ် ထိခိုက်လောက်သည်အထိ မှားယွင်းသည့် အချက်အလက်ဖြစ်သည်။
ဆေးပညာရှင်များနှင့် မြွေအကြောင်းကျွမ်းကျင်သူမျာကတော့ မြွေကိုက်ခံရသည်ဆိုပါက ဆေးမြီးတိုများနှင့်မကုဘဲ ရှေးဦးသူနာပြုစုနည်းများ၊ ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသခြင်းများသာ ပြုလုပ်ရန် အကြံပြုထားသည်။ အဆိပ်ရှိမြွေကိုက်ခံရပါက မြွေဆိပ်ဖြေဆေးကသာလျှင် လူ့အသက်ကို ကယ်နိုင်ကြောင်းနှင့် ကျွမ်းကျင်သူများ၏ အကြံပြုချက်များကို အောက်တွင်ဖတ်ရှုနိုင်ပါသည်။

ရင်းမြစ် – ကျန်းမာရေးဝန်ကြီးဌာန (၂၀၁၆)
ဓာတ်ပုံ – myitsonmedia
မြွေကိုက်လျှင် ဆေးမြီးတိုများနှင့် မကုပါနှင့်
မြွေပွေးနှင့် မြွေဟောက်အပါအဝင် ငန်းတော်ကျား၊ ငန်းမြွေများသည် လူကို ကိုက်လျှင် သေစေနိုင်သည်အထိ အဆိပ်ပြင်းသည့် သတ္တဝါများ ဖြစ်သည်။ မြွေကိုက်ခံရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် မကြာခဏဆိုသလို ဆေးမြီတိုများ ဖြန့်ဝေမှုများ ယခင်ကလည်း ရှိနှင့်ပြီးဖြစ်သည်။
၂၀၂၀ အတွင်း “မြွေပွေးကိုက်ခံရလျှင် ကျောက်ချဉ်ကြွေးရသည်” ဆိုသည့် သတင်းမှားလည်း ပျံ့နှံခဲ့ဖူး၍ Fact Crecendo Myanmar က စစ်ပေးခဲ့ပြီးသလို မြွေပွေးမြွေဟောက် ကိုက်ခံရပါက ကြောက်စရာမလို” ခေါင်းစဉ်နှင့် ဥန္နဲပင်၊ နဘဲပင်ကို အုံပေးရုံနှင် မြွေဆိပ်တွေ အပြင်ပြန်ထွက်သည်ဟူသည့် ဖြန့်ဝေမှုကိုလည်း The Red Flag က အချက်အလက်စစ်ဆေးပေးခဲ့ပြီး ဖြစ်သည်။ ဒီနေရာနှင့် ဒီနေရာများတွင် ကြည့်ပါ။

ဘီပိုး စီပိုးအတွက် သခွပ်ပင်ကို ဆေးပညာရှင်များ အားမပေးပါ
သခွပ်ပွင့်ကို သုပ်စားပါက ဘီပိုး စီပိုးကို သက်သာပျောက်ကင်းစေသည်ဟူသည့် ရေးသားချက်နှင့် ပတ်သက်၍ ဘီပိုး စီပိုးရှိလျှင် ဆေးမြီးတိုများနှင့် ကုသခြင်း မပြုရန် ဆေးပညာရှင်များက ဆိုသည်။
အရွက်အချို့ကို သုံးခွက်တစ်ခွက်တင် ကျိုချက်သောက်သည့် ဆေးမြီးတိုများဖြင့် မကုသရန် အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ဖြေကြားချက်ကို ဒီနေရာတွင် ကြည့်နိုင်သည်။ အသည်းရောဂါ ခံစားနေရသူများအတွက် စနစ်တကျ ဆေးစစ်ဆေးမှု ခံယူပြီးမှ လိုအပ်သည့် အရွက်နှင့် သီးနှံပမာဏကို နားလည်တတ်ကျွမ်းသူများက တွက်ချက်ပြီး လူနာကို စားသုံးစေခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်းလည်း ၎င်းက ထောက်ပြသည်။