အသံတိတ်သပိတ်နှင့် သတင်းဓာတ်ပုံအမှားများ

By The Red Flag

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂နှစ်ပြည့်နေ့ဖြစ်သည့် ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းသည်ကို ဆန့်ကျင်သည့် အသံတိတ်သပိတ် ပြုလုပ်ခဲ့သည်။

အဆိုပါအသံတိတ်သပိတ်နှင့် ဆက်စပ်ပြီး သတင်းဓာတ်ပုံဟောင်းများ၊ ပြုပြင်ထားသည့် ဓာတ်ပုံများဖြင့် အပြန်အလှန် ရေးသားမှုများ လူမှုကွန်ရက်များတွင် ပျံ့နှံ့ခဲ့သည်။

အသံတိတ်သပိတ်နေ့အဖြစ် သတ်မှတ်ခဲ့သည့် ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်၊မန္တလေး အပါအဝင် မြို့ကြီးအများအပြားတွင် သာမန်နေ့များထက် လူအသွားအလာ ရှင်းလင်းသွားပြီး ခြောက်ကပ်တိတ်ဆိတ်နေခဲ့ကြောင်း သတင်းဌာနများက ရေးသားကြသည်ကို ဒီနေရာဒီနေရာ တို့တွင် ဖတ်နိုင်သည်။

ယင်းနေ့တွင် ရန်ကုန်မြို့တွင် လူအသွားအလာ ရှင်းနေကြောင်း လူမှုကွန်ရက်တွင် ဖြန့်ချိနေသည့် သတင်းဓာတ်ပုံများအနက် အချို့သည် ၂၀၂၃ တွင်ရိုက်ကူးထားသည့် သတင်းဓာတ်ပုံများ မဟုတ်ဘဲ ပုံဟောင်းများဖြစ်သည်။ ၂၀၂၁ မတ်လအတွင်းက DVB သတင်းဌာနက ရေးသားထားသည့် ရန်ကုန်မြို့လယ်တွင် လူသူရှင်းလင်းနေသည့်ပုံကို ၂၀၂၃ တွင်ဖြစ်နေဟန် ဖြန့်ဝေမှုကို ဒီနေရာတွင် ကြည့်နိုင်သည်။ 

အသံတိတ် သပိတ်မစတင်မီ ရက်ပိုင်းအလိုက ရိုက်ကူးထားသည့် သတင်းဓာတ်ပုံများကိုလည်း ပြန်လည်ပြင်ဆင်ပြီး ဖြန့်ဝေမှုများကိုလည်း တွေ့ရှိခဲ့ရသည်။အင်္ကျီအနီရောင်၏ နောက်ကျောဘက်တွင် “တသံတည်းညီ တစ်ချီတည်းကြုံး” ဟူသည့် စာသားများနှင့်အတူ ရိုက်ကူးထားသည့် ဓာတ်ပုံများကို အသုံးပြု၍ Telegram တွင် အများအပြားဖြန့်ချိနေသည်။

 အဆိုပါ ဖြန့်ချိမှုကို ဒီနေရာဒီနေရာ နှင့်  ဒီနေရာ စသည်တို့တွင် အများအပြား ဖြန့်ချိနေကြခြင်းဖြစ်သည်။

အဆိုပါ ဓာတ်ပုံများမှာ Tachileik News Agency က ဇန်နဝါရီ ၃၁ ရက်နေ့ ညပိုင်းတွင် “အပြင်မထွက် တိတ်ဆိတ်သပိတ်” တွင် ပါဝင်ကြရန် နှိုးဆော် ခေါင်းစဉ်နှင့် မန္တလေးတိုင်း ၊ အောင်မြေသာစံပညာရေးကျောင်းပေါင်းစုံသပိတ် သတင်းဓာတ်ပုံမှာ ဓာတ်ပုံများ ဖြစ်သည်။

မူရင်းပုံ၏ အင်္ကျီနောက်တွင် ရေးထားသည့် စာသားမှာ “တသံတည်းညီ တချီတည်းရုန်း” ဖြစ်သည်။

ထိုကြောင့် တစ်ဆင့်ပြန်ဖြန့်ချနေသူများမှာ မူရင်းစာသားကို ပြန်လည်ပြုပြင်ပြီး ဖြန့်ဝေနေကြခြင်းဖြစ်သည်။