– Facebook တွင် ပျံ့နေသည့် ရုပ်သံဖိုင်က စစ်ကောင်စီရဲ့ ရဟတ်ယာဉ်မဟုတ်ပါ (အိန္ဒိယလေတပ်၏ ရဟတ်ယာဉ်မတော်တဆမှုကို ရိုက်ကူးထားခြင်းဖြစ်သည်)

By The Red Flag

ဖေဖော်ဝါရီ ၃ ရက် နေ့လည် (၃:၄၅)နာရီခန့်တွင် ဟုမ္မလင်းမြို့နယ် ဖြစ်ပွားသော တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ  စကစ ရဟတ်ယာဉ် ၁ စီးကို ပျက်ကျအောင် ပစ်ချခဲ့သည့် ရုပ်သံ” ဟု ခေါင်းစဉ်တပ်ပြီး မိနစ်ဝက်မျှ ကြာမြင့်သည့် ရုပ်သံဖိုင်တစ်ခု Facebook တွင် ပျံ့နှံ့နေသည်။

အမှန်စင်စစ်တွင် အဆိုပါ ရုပ်သံဖိုင်သည် လွန်ခဲ့သည့် နှစ်နှစ်ခန့်က အိန္ဒိယနိုင်ငံလေတပ်၏ MI-17 ရဟတ်ယာဉ် မတော်တဆမှုကို ရိုက်ကူးထားသည့် ရုပ်သံဖိုင်ဖြစ်သည်။

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်အနီးတွင် စစ်သုံးရဟတ်ယာဉ်ကို ဒေသခံကာကွယ်ရေးတပ်များက ဖေဖော်ဝါရီ ၃ ရက်နေ့ နေ့လယ်ပိုင်းတွင် ပစ်ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်က သတင်းထုတ်ပြန်ခဲ့သည်။ ယင်းနောက်တွင် အိန္ဒိယနိုင်ငံလေတပ်၏ ရဟတ်ယာဉ် မတော်တဆမှုရုပ်သံကို  မြန်မာတွင် ရိုက်ကူးထားသည့်ပုံဖြင့် မျှဝေနေသည်ကို ဒီနေရာဒီနေရာနှင့် ဒီနေရာ တို့တွင် ကြည့်နိုင်သည်။

အဆိုပါ ရုပ်သံဖိုင်သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Arunachal Pradesh ပြည်နယ်အတွင်း Mi-17 ရဟတ်ယာဉ်ပျက်ကျခဲ့စဉ်က ရုပ်သံဖြစ်သည်။ ANI သတင်းဌာန၏ TwitterEastMoko သတင်းဌာန၏ Twitter တို့တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တင်ထားခဲ့ပြီး အိန္ဒိယစစ်တပ်မှ လေယာဉ်မှူး ၂ ဦးနှင့် အတူ Crew   ၃ ဦး ပါဝင်သည့် ရဟတ်ယာဉ် ပျက်ကျခဲ့ကြောင်းနှင့် အားလုံး အသက်အန္တရာယ်မစိုးရိမ်ရဘဲ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း Tweet ထားခဲ့ကြသည်။

ထို့ကြောင့် ပျံ့နှံ့နေသည့် စစ်ကောင်စီ ရဟတ်ယာဉ်ပစ်ချခံသည်ဟူသည့် စာသားနှင့် ဖြန့်ချိနေသည့် ရုပ်သံဖိုင်မှာ လတ်တလောဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်မဟုတ်ဘဲ ၂၀၂၁ ခုနှစ်အတွင်းက ရုပ်သံဖိုင် ဖြစ်နေသည်။