၂၀၁၆ က ပုံဟောင်းကိုသုံးပြီး ၂၀၂၂ KIA စခန်းသိမ်းတိုက်ပွဲသတင်းဓာတ်ပုံဟု ဖြန့်နေသည်

By – Red Flag

KIA နှင့် PDF အများအပြားကို သုတ်သင်ပြီး  KIA တပ်မဟာ(၈)၏ အန်းခီဇော်ဂျာကို စစ်ကောင်စီတပ်များက သိမ်းပိုက်လိုက်သည်ဟု Facebook နှင့် Telegram တွင် ဖြန့်ချိနေသည့် ဓာတ်ပုံများသည် လွန်ခဲ့သည့် ခြောက်နှစ် (၂၀၁၆) အတွင်းက ရိုက်ကူးထားသည့်​ သတင်းဓာတ်ပုံဟောင်းများဖြစ်သည်။

အဆိုပါသတင်းဓာတ်ပုံဟောင်းများကို ၂၀၂၂ သြဂုတ်လ ၂၆ နှင့် ၂၇ ရက်များတွင် အောက်ပါFacebook Page / Account များတွင် အများအပြား ရေးသားထားကြသည်။

  1. ရဲ ရင့် 
  2. Travelling Soldier-TS
  3. Kyaw Gyi 
  4. သတင်း တမာန်
  5. Min Thu
  6. သတင်းချစ်သူ 
  7. Ko Thet
  8. လေးလေးစိုးပြည့် 
  9. ခြင်္သေ့ မင်း
  10. Nwang Kham Shwe Sin
  11. ကောက် လှိုင်း
  12. Kyaw Gyi

ဓာတ်ပုံဟောင်းတို့၏ဇစ်မြစ်

အဆိုပါဓာတ်ပုံသည်များသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏ လိုင်ဖောင်စခန်းကို ၎င်းတို့ဝင်ရောက်ခဲ့စဉ်က ရိုက်ကူးထားခြင်းဖြစ်ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ၂၀၁၆ ဒီဇင်ဘာ ၂၉ ရက်နေ့က ရေးသားထားသည်

အလားတူ ၂၀၁၇ ဇန်နဝါရီလအတွင်းကလည်း အဆိုပါသတင်းဓာတ်ပုံကို ဧရာဝတီ သတင်းဌာန၏ ​​” ​​KIA တပ်ရင်း ၁၂ ဌာနချုပ်စခန်း တပ်မတော်သိမ်းပိုက်” ဆိုသည့် သတင်းတွင်လည်း တွေ့နိုင်သည်။

Red Flag သုံးသပ်ချက်

False Context − ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် စကစ နှင့် KIA+PDF တို့အကြား ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်နေသည်မှာ မှန်ကန်သော်လည်း သတင်းဓာတ်ပုံဟောင်းများ အသုံးပြုပြီး လတ်တလောတွင် ရိုက်ကူးထားသည့်ဟန်ဖြင့် လူမှုကွန်ရက်များတွင် တပြိုင်နက်ဖြန့်ချိနေခြင်းဖြစ်သည်။