15 April 2025
Akyab Post – Red Flag
ကျောက်တော်မြို့မှာ အေအေရဲ့ တပ်တော်နေ့အဖြစ်နဲ့ ပွဲကျင်းပမဲ့နေရာကို စစ်ကောင်စီဖက်ကနေ လေကြောင်းနဲ့ အတိအကျ ဗုံးကြဲခဲ့တယ်ဆိုတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ Kyaw Swar ချန်နယ်ကနေ ဧပြီလ ၁၃ ရက်နေ့မှာ “ကျောက်တော်မြို့တွင် အကြမ်းဖက် AA သည် တပ်တော်နေ့ဆိုပြီး ပွဲကျင်းပဖို့ စီစဥ်နေစဥ် တပ်မတော်မှ သတင်းအတိအကျဖြင့် ယနေ့မနက် ဗုံးကြဲ ရှင်းလင်းခဲ့” (မူရင်းအရေးအသားအတိုင်း) ဆိုပြီးတော့ ရေးသားဖြန့်ထားပါတယ်။
ဒီပို့စ်ကို ဝင်ရောက်ဖတ်ရှုသူ ၃သောင်းကျော်ထိရှိပြီးတော့ reaction ပြုလုပ်သူ ၇၄၃ ဦးနဲ့ မှတ်ချက်ပြုလုပ်သူ ၂၂ ဦးထိရှိပြီးတော့ စစ်ကောင်စီရဲ့ အခြားဝါဒဖြန့် ချန်နယ်တွေမှာလည်း ထပ်ဆင့်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
 Kyaw Swar ချန်နယ်မှ တင်ထားသော ပို့စ် အပြည့်အစုံ – https://archive.ph/VkEOh
 Kyaw Swar ချန်နယ်မှ တင်ထားသော ပို့စ် အပြည့်အစုံ – https://archive.ph/VkEOh
အဲဒီပို့စ်နဲ့ပတ်သက်လို့ Myanmar Fact-checking Network ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်တဲ့အခါ ကျောက်တော်မြို့မှာ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာဟာ အေအေဖက်ကနေ တပ်တော်နေ့ကျင်းပမဲ့နေရာမဟုတ်ပဲ အရပ်သားပြည်သူတွေရဲ့ အဆောက်အအုံတွေဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူတွေဟာလည်း အရပ်သားပြည်သူတွေဖြစ်တာကို တွေ့ရပါတယ်။ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေကနေ တင်ထားတဲ့ ပို့စ်တွေဟာ သတင်းမှားဆိုတာကို စိစစ်စစ်ဆေးချက်တွေအရ သိရှိရပါတယ်။
 စစ်ဆေးတွေ့ရှိချက်
စစ်ဆေးတွေ့ရှိချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေတဲ့ အကြောင်းအရာကို Myanmar Fact Checking Network (MFCN) အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ရဲ့ Fact Check Team ကနေ google မှာ ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရဆိုတဲ့ Keywords နဲ့ ရိုက်ရှာကြည့်လိုက်တဲ့အခါ ဧပြီလ ၁၃ ရက်နေ့က ကျောက်တော်မြို့ထဲက ရွာမရပ်ကွက်ကို စစ်ကောင်စီဖက်ကနေ ပေါင် ၅၀၀ ဗုံး ကြဲချခဲ့တယ်ဆိုတဲ့ သတင်းကို တွေ့ရှိရပါတယ်။
ရခိုင်ဒေသအခြေပြုပြီး လွတ်လပ်ပြီးအမှီအခိုကင်းတဲ့မီဒီယာတစ်ခုဖြစ်တဲ့ DMG သတင်းဌာနရဲ့ ဖော်ပြချက်တွေအရ ကျောက်တော်မြို့လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ အဆောက်အအုံ ပျက်စီးမှုတွေဟာ အရပ်သားပြည်သူတွေသာ ဖြစ်တယ်လို့သာ ရေးသားထားပါတယ်။
 DMG သတင်းအပြည့်အစုံကိုဖတ်ရှုရန် – https://www.facebook.com/share/p/1KW964rnKg/
 DMG သတင်းအပြည့်အစုံကိုဖတ်ရှုရန် – https://www.facebook.com/share/p/1KW964rnKg/
ဒါ့အပြင် အခြားရခိုင်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနကနေလည်း ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုမှာ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရှိသွားပြီးတော့ အိမ် ၆ ဆောင် ပျက်စီးသွားတယ်လို့ ဖော်ပြပါတယ်။ လေကြောင်းနဲ့တိုက်ခိုက်လို့ ထိခိုက်ဒဏ်ရာရရှိသူထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးပါ ပါဝင်တယ်လို့ Narinjara ကနေ ဖော်ပြပါတယ်။
 Narinjara သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/1Vs33EKerZ/
 Narinjara သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/1Vs33EKerZ/
ဒါ့အပြင် ဒီသတင်းကို နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ BBC Burmese ကနေ လည်း ရေးသားဖော်ပြထားပြီးတော့ ကျောက်တော်မြို့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အရပ်သားပြည်သူတွေ ထိခိုက်မှုတွေရှိပြီးတော့ နေအိမ်ပျက်စီးမှုတွေရှိတယ်လို့ အတည်ပြုထားပါတယ်။
 BBC burmese ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/1FXfZSUoDB/
 BBC burmese ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/1FXfZSUoDB/
ကျောက်တော်မြို့လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးကို Akyab Post ဖက်ကနေ မေးမြန်းကြည့်တဲ့အခါမှာလည်း “ အေအေက ကျောက်တော်မြို့ပေါ်မှာ တပ်တော်နေ့ချဖို့ စီစဥ်နေတာတစ်ခုမှမရှိပါဘူး။ တပ်တော်နေ့ကလည်း ဧပြီလ ၁၀ ရက်နေ့ကပါ၊ စစ်ကောင်စီဖက်ကနေ ဗုံးကြဲတာက ပြည်သူတွေရှင်ပြုပွဲတစ်ခုလုပ်နေတာနားကို ဗုံးကြဲတာပါ” လို့ သူက အတည်ပြုပါတယ်။
အေအေရဲ့ ထုတ်ပြန်ချက်တွေအရ အေအေရဲ့ တပ်တော်နေ့ဟာ ဧပြီလ ၁၀ ရက်နေ့ဖြစ်ပြီးတော့၊ သင်္ကြန်ကာလအတွင်းမှာ လူစုလူဝေးမလုပ်ဖို့နဲ့ လေကြောင်းအန္တရာယ်ကို သတိထားကြဖို့ အေအေဖက်ကနေ ဒေသတွင်းမှာ သတိပေးတာတွေရှိတယ်လို့ သိရပါတယ်။
 တပ်တော်နေ့နဲ့ ပတ်သက်ပြီး အေအေရဲ့ ထုတ်ပြန်ချက် – https://t.me/aainfodesk/1339
 တပ်တော်နေ့နဲ့ ပတ်သက်ပြီး အေအေရဲ့ ထုတ်ပြန်ချက် – https://t.me/aainfodesk/1339
 သုံးသပ်ချက်
သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေအပါအဝင်ဒေသခံတွေရဲ့ အတည်ပြုချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့နေသလိုမျိုး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ နေအိမ်တွေ ပျက်စီးမှုတွေဟာ အေအေရဲ့ တပ်တော်နေ့ကျင်းပနေတာနဲ့ မသက်ဆိုင်ပဲ အရပ်သားပြည်သူတွေဖြစ်နေတာကို Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။
ကျောက်တော်မြို့ကို စစ်ကောင်စီဖက်ကနေ လေကြောင်းတိုက်ခိုက်တာကြောင့် အမှန်တကယ်ထိခိုက် ဒဏ်ရာရရှိသူတွေနဲ့ ပျက်စီးဆုံးရှံးမှုတွေဟာ အရပ်သားပြည်သူတွေသာ ဖြစ်တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ရရှိထားတဲ့ သတင်းအချက်အလက်တွေကို အတည်ပြုရရင် စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်တွေဟာ လိုရာဆွဲပြီး ရေးသားထားတဲ့ ဆက်စပ်သတင်းမှားအမျိုးအစားဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်က စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား- https://www.facebook.com/share/p/15rjTRg47P/
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
 
								

