June 21, 2026

ဓာတ်ပုံက လက်ချောင်းတွေကို သတိထားပါ၊ သင့်လက်ဗွေရာ AIခေတ်ရဲ့ပစ်မှတ်အန္တရာယ်ဖြစ်လာပြီ

နေ့စဉ် အမှတ်တရဓာတ်ပုံတွေ၊ Selfie တွေရိုက်တဲ့အခါ လက်နှစ်ချောင်းထောင်ပြီး Peace Sign (✌️) ပြတတ်သူတွေ၊ Heart Sign (🫶)လို လက်ဟန်ပို့စ်လေးတွေ လုပ်တတ်သူတွေရှိကြသလား။ ရှိတယ်ဆိုရင်တော့ ဒီပို့စ်က သင့်အတွက်ပါနော်။ Peace Sign၊ Heart Signစတဲ့ လက်ချောင်း သင်္ကေတလေးတွေပြပြီး ဓာတ်ပုံရိုက်တော့မယ်ဆိုရင် နည်းနည်းသတိထားပြီး နှစ်ခါလောက် []
June 19, 2026

နာမည်ကြီးတွေရဲ့ဓာတ်ပုံပေါ်က ပုံစံတူပြောစကားအတုများရဲ့နောက်ကွယ်

ဆိုရှယ်မီဒီယာအသုံးပြုသူတွေအနေနဲ့ လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးသူ၊ ထင်ပေါ်ကျော်ကြားသူတွေရဲ့ ဓာတ်ပုံတွေအပေါ်မှာ သူတို့ပြောဆိုထားသလို ပြောစကား“Quote”နဲ့ ဖြန့်ချိထားတဲ့ postတွေကို မကြာခဏ တွေ့မြင်မိကြမှာပါ။ အဲဒီလိုမြင်ခဲ့ရင် “ဒီစကားကို သူတကယ်ပြောခဲ့တာလား” ဆိုတဲ့ သံသယအတွေး အရင်ဆုံးတွေးသင့်ပါတယ်။  ဘာကြောင့်လဲဆိုတော့ တချို့စကားလုံးတွေက တကယ်ပြောခဲ့တာလည်း ဖြစ်နိုင်ပေမယ့် တချို့စကားလုံးတွေကတော့ တကယ်မပြောခဲ့ဘဲနဲ့ လူစိတ်ဝင်စားစေဖို့၊ ပုံရိပ်ကျဆင်းစေဖို့၊ လူထုကို []
December 17, 2025

အတုအယောင်ရွေးကောက်ပွဲနှင့် စစ်ကော်မရှင်အတုအယောင်ခြေလှမ်းများ

၂၀၂၀ခုနှစ်တုန်းက မြန်မာပြည်သူအများစု ရွေးချယ်ခဲ့တဲ့ ဆန္ဒမဲရလဒ်တွေကိုငြင်းပယ်ပြီး အစိုးရကို မတရားသဖြင့်ဖြုတ်ချ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီ၊ စစ်ကော်မရှင် စသဖြင့် အမည်အမျိုးမျိုးပြောင်းနေတဲ့ စစ်တပ်က သူ့ကိုယ်သူ ပြည်သူတွေရွေးချယ်တင်မြှောက်တဲ့ ဟန်ပြအရပ်သားအစိုးရ ဖြစ်တယ်ဆိုတာပြဖို့အတွက် သေနတ်ထောက်၊ ဓားမိုးပြီး ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာ အားလုံးအသိဘဲဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲက ယုံကြည်စိတ်ချရပြီး ပြည်သူအများရဲ့ဆန္ဒကို ထင်ဟပ်စေခဲ့တဲ့ []
December 9, 2025

ဝါဒဖြန့်အကြောင်းအရာတွေနဲ့ Youtube ပေါ်မှာငွေရှာချင်တဲ့ စစ်ကော်မရှင်လက်တံများ

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းရန်ကြိုးပမ်းကြံစည်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း စစ်တပ်ထောက်ခံသူများသည် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွင်း ပါဝင်သူများကိုဖမ်းဆီးရန် လှုံ့ဆော်ခြင်းနှင့် သတင်းတုသတင်းမှားများကို ရည်ရွယ်ချက်ရှိရှိဖြန့်ဝေခြင်းတို့အား စနစ်တကျ ပိုမိုလုပ်ဆောင်လာခဲ့သည်။ ထို့အပြင် လက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့သည့် အချိန်ကတည်းက လက်ရှိအချိန်ထိ အွန်လိုင်းပေါ်ရှိစစ်တပ် ထောက်ခံအားပေးသည့် သတင်းမီဒီယာ အယောင်ဆောင်များ၏ ဝါဒဖြန့်ချိမှုများနှင့် လှုံ့ဆော်မှုများသည် အရပ်သားပြည်သူနှင့် တော်လှန်ရေးအင်အားစုများအတွက် ထိခိုက်မှုများစွာရှိခဲ့သည်။ ယင်းတို့အနက်သိသာထင်ရှားသည့် အချက်များမှာ []
November 20, 2025

စစ်ကော်မရှင်၏လူမျိုးရေးဘာသာရေးအမုန်းတရားလှုံ့ဆော်မှုကြားက အဓိကရုဏ်းအချက်ပေးသံ

တိုင်းရင်းသားမျိုးနွယ်စုအများအပြားနှင့် ကိုးကွယ်ယုံကြည်မှုမတူကွဲပြားသည့် မြန်မာနိုင်ငံသည် ရှိရင်းစွဲ ပဋိပက္ခများကြောင့် အတူတကွငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး၊ ယုံကြည်မှုတည်ဆောက်ရေးတို့နှင့်ပတ်သက်လျှင် အကဲဆတ်သည့်နိုင်ငံတစ်ခုအဖြစ် ရှိနေခဲ့သည်။ မြန်မာစစ်တပ်သည် ဗမာလူမျိုးကြီးဝါဒနှင့် ဗုဒ္ဓဘာသာ ကြီးစိုးရေးကို အာဏာတည်မြဲရန်ကိရိယာတစ်ခုအဖြစ် အမြဲအသုံးချခဲ့သည်။ စစ်တပ်ကလုပ်ပိုင်ခွင့်ပေး သလောက်သာ လုပ်ဆောင်ခွင့်ရသည့် အုပ်ချုပ်သူအဆက်အဆက်သည်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်မှုတည်ဆောက်ရေးနှင့် မတူညီသည့်ကိုးကွယ်ယုံကြည်သူများကြား သဟဇာတဖြစ်မှုကို တိုးတက်အောင်ဆောင်ရွက်ရန် အကန့်အသတ်များစွာရှိခဲ့သည်။။  မြန်မာစစ်တပ်၏ []