Akyab Post/ MFCN
Fact Check
19 Jun 2025
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ တပ်သားတွေ လက်နက်ချတယ်ဆိုတာ သတင်းမီဒီယာဌာနတွေကနေ မဟုတ်မမှန်စွပ်စွဲပြီးတော့ သတင်းမှားဖြန့်နေတာသာ ဖြစ်တယ်ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်ဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံံ့နှံံ့လျက်ရှိပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဖြစ်ကြတဲ့ Ko Thet ချန်နယ်ကနေ ဇွန်လ ၁၅ ရက်နေ့မှာ “ကျောက်ဖြူမှာ တပ်မတော်ရဲ့ တိကျတဲ့ အမြောက် / ဒရုန်းတွေနဲ့ချေမှုန်းမှုအောက်မှာ AA အကြမ်းဖက် ကောင်တွေ ပို့မလောက်ဖြစ်နေလို့ မဟုတ်မမှန်သတင်းတွေနဲ့ ဝါဒဖြန့်ချိနေခြင်းသာဖြစ်ပါတယ်။ AA အကြမ်းဖက် ကောင်တွေကို ရွတ်ရွတ်ချွံချွံ လိုက်လံရှင်းလင်းနေတာပဲရှိပါတယ်။” (မူရင်းအရေးအသား) ဆိုပြီးတော့ Narinjara သတင်းဌာနက ပို့စ်ကို သတင်းမှားဆိုပြီး ပုံပေါ်မှာ စာရေးထားနဲ့ အတူ ဖြန့်ဝေထားပါတယ်။
 Ko Thet ချန်နယ်ကနေ ဖြန့်ဝေထားတဲ့ မူရင်းပို့စ်အပြည့်အစုံ – https://archive.ph/IPN93
 Ko Thet ချန်နယ်ကနေ ဖြန့်ဝေထားတဲ့ မူရင်းပို့စ်အပြည့်အစုံ – https://archive.ph/IPN93Ko Thet ချန်နယ်ကနေ ဖြန့်ထားတဲ့ ပို့စ်ကို Akyab Post ဖက်ကနေ စစ်ဆေးထားတဲ့ ဇွန်လ ၁၈ ရက်နေ့ထိ ဝင်ရောက်ဖတ်ရှုသူ ၂၄၇၀၀ ကျော်ထိရှိပြီးတော့ reaction ၅၅၈ ဦးထိရှိပြီးတော့ စစ်ကောင်စီဝါဒဖြန့် အခြားချန်နယ်တွေဖြစ်တဲ့ Western 24 News နဲ့ May Yu Htar Nay တို့မှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
 Western 24 News ချန်နယ်ကနေ ဖြန့်ဝေထားတဲ့ မူရင်းပို့စ်အပြည့်အစုံ – https://archive.ph/NRTaJ
 Western 24 News ချန်နယ်ကနေ ဖြန့်ဝေထားတဲ့ မူရင်းပို့စ်အပြည့်အစုံ – https://archive.ph/NRTaJ May Yu Htar Nay ချန်နယ်ကနေ ဖြန့်ဝေထားတဲ့ မူရင်းပို့စ်အပြည့်အစုံ – https://archive.ph/4UnOw
May Yu Htar Nay ချန်နယ်ကနေ ဖြန့်ဝေထားတဲ့ မူရင်းပို့စ်အပြည့်အစုံ – https://archive.ph/4UnOwဒီပို့စ်နှစ်ခုကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ သတင်းဌာနတွေကနေ ရေးသားဖော်ပြထားခဲ့တဲ့ မှန်ကန်တဲ့ အချက်အလက်တွေကို လိုရာကောက်ဆွဲပြီးတော့ သတင်းအမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။
 သတင်းစိစစ်ချက်
 သတင်းစိစစ်ချက်စစ်ကောင်စီရဲ့ Telegram ချန်နယ်တွေမှာ ပျံံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Ko THet ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံကို Akyab Post ဖက်ကနေ google reverse search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသအခြေပြု သတင်းဌာနတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနကနေ ဇွန်လ ၁၅ ရက်နေ့မှာ တင်ထားတဲ့ “ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မ(၁၁)နဲ့ တပ်မ(၉၉) ပူးပေါင်း တပ်ဖွဲ့တစ်ခုလုံး AA ထံ လက်နက်ချအလင်းဝင်မှုရှိခဲ့တယ်လို့ဆို” သတင်းက ပုံဖြစ်နေတာကို တွေ့ရပါတယ်။
 Narinjara သတင်းဌာနရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် –
 Narinjara သတင်းဌာနရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် –Narinjara သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ ကျောက်ဖြူမြို့နယ်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ တပ်မ(၁၁)နဲ့ တပ်မ(၉၉) ပူးပေါင်းတပ်ဖွဲ့တစ်ခုလုံးဟာ အေအေဆီမှာ လက်နက်ချအလင်းဝင်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီသတင်းကိုပဲ နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ BBC ကနေလည်း ဇွန်လ ၁၅ ရက်နေ့မှာ “ကျောက်ဖြူတိုက်ပွဲမှာ စစ်တပ်ဗိုလ်မှူးတစ်ဦးနဲ့ အင်အားဆယ်ချီ AA နဲ့ ပူးပေါင်းလာတယ်လို့” ရေးသားဖော်ပြထားပါတယ်။
 BBC ရဲ့ သတင်းအပြည့်အစုံကိုဖတ်ရှုရန် – https://www.facebook.com/share/p/16fSCEDkpZ/
 BBC ရဲ့ သတင်းအပြည့်အစုံကိုဖတ်ရှုရန် – https://www.facebook.com/share/p/16fSCEDkpZ/ပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Ayeyarwaddy Times သတင်းဌာနကနေလည်း “ကျောက်ဖြူမှာ တပ်ရင်းမှူးနဲ့ စစ်ကြောင်းမှူးအဆင့်ပါ စစ်ကောင်စီတပ်ဖွဲ့တစ်ခုလုံး AA ထံ လက်နက်ချ အလင်းဝင်” ဆိုပြီးတော့ ဇွန်လ ၁၅ ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။
 Ayeyarwaddy Times ရဲ့ သတင်းအပြည့်အစုံကိုဖတ်ရှုရန် – https://www.facebook.com/reel/654795467565998
 Ayeyarwaddy Times ရဲ့ သတင်းအပြည့်အစုံကိုဖတ်ရှုရန် – https://www.facebook.com/reel/654795467565998 သုံးသပ်ချက်
 သုံးသပ်ချက်စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့နေသလိုမျိုး ကျောက်ဖြူ တိုက်ပွဲတွင်း စစ်ကောင်စီတပ်သားတွေဟာ အေအေဆီမှာ လက်နက်ချခြင်းမရှိဘူးဆိုတဲ့ ပို့စ်ကိုမတွေ့ရှိရပါဘူး။
စစ်ကောင်စီတပ်မ(၁၁)နဲ့ တပ်မ(၉၉) ပူးပေါင်း တပ်ဖွဲ့တစ်ခုလုံးဟာ အေအေဆီမှာ လက်နက်ချတဲ့သတင်းကိုသာ စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေမှာ ရေးသားဖော်ပြထားကြ ပြီးတော့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ခဲ့တဲ့ အကြောင်းအရာသည် သတင်းမှားဖြစ်နေတာကိုသာ တွေ့ရှိရပါတယ်။
ရခိုင်ဒေသမှာ စစ်ရေးရှုံးနိမ့်မှုနဲ့ နယ်မြေတွေကို လက်လွှတ်ဆုံးရှံးမှုတွေကို ကြုံနေရတဲ့ စစ်ကောင်စီဟာ သတင်းတုသတင်းမှားတွေအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ စစ်ရေးနဲ့ ပတ်သက်ပြီး သတင်းတုသတင်းမှားတွေကို ဖြန့်ခဲ့တာကို Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
 Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား- https://www.facebook.com/theakyabpost/videos/662497853416775
 Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား- https://www.facebook.com/theakyabpost/videos/662497853416775လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
 
								

