Fact-check _TawNaw FM / The Red Flag/ MFCN
7 Jan 2026
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ နေပြည်တော် ချန်နယ်ကနေ ကြိုတင်မဲမထည့်ဘဲနိုင်ငံအပေါ်ပြစ်မှားလို့ ထိုင်းမှာ မြန်မာအလုပ်သမားတွေ စီးလာတဲ့ကားတိမ်းမှောက်တယ်ဆိုတဲ့ သတင်းမှားတခုကို ဖြန့်ဝေနေပါတယ်။
အဲ့ဒီအကြောင်းအရာကိုနေပြည်တော်ချန်နယ်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်မှာတင်ထားခဲ့တာဖြစ်ပြီး ကြည့်ရှုသူ ၆,၆၀၀ ကျော်၊ like and react လုပ် သူ ၆၁ ယောက် ရှိပါတယ်။
Archive Link >>> http://archive.today/i8zlp
မူရင်းLink >>> https://t.me/kkm2967097/4227
သတင်းစိစစ်ချက်
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့သတင်းမီဒီယာတွေဖြစ်တဲ့ BBC Burmese, မြေလတ်အသံနဲ့ Ayeyarwaddy Times တွေမှာလည်း သတင်းရေးသားဖော်ပြထားပါတယ်။
သတင်းအကြောင်းအရာကတော့ မြန်မာအလုပ်သမား ၁၃ ဦးဟာ အလှူပွဲသွားဖို့ ထွက်လာစဉ်မှာ ကားမတော်တဆမှုဖြစ်ပွားကာ စီးနင်းလာသောကားဟာ အရှိန်မထိန်းနိုင်ပဲ တူးမြောင်းထဲထိုး ကျခဲ့တာကြောင့် လူ (၆)ဦး သေဆုံးခဲ့ပြီး (၇) ဦးကိုကယ်ဆယ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သတင်းလင့်ခ်များ
BBC Burmese >>> https://shorturl.at/92TWa
မြေလတ်အသံ >>> https://shorturl.at/k2ReO
Ayeyarwaddy Times >>> https://shorturl.at/pbg9n
တရားဝင်အစိုးရဖြစ်ဖို့ ကြိုးစားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပြည်သူလူထုရဲ့ ရွေးကောက်ခံအစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ရေးအတွက် တရားမဝင်ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ ၆ ရက်လောက်ကနေစပြီးတော့ ကြိုတင်မဲပေးဖို့တရားဝင်ထုတ်ပြန်ထားပေမယ့် မြန်မာရွေ့ပြောင်းအလုပ်သမား ၄ သန်းနဲ့ ၆သန်းဝန်းကျင်ရှိတဲ့ထိုင်းမှာ မဲပေးသူ အလွန်နည်းပါးပြီး စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကို စိတ်မဝင်စားကြဘူးလို့ သတင်းဌာနတွေမှာလည်း ဖော်ပြထားပါတယ်။
DVB >>> https://shorturl.at/y5Wy7
BBC >>> https://shorturl.at/g8cVt
သုံးသပ်ချက်
မြန်မာရွေ့ပြောင်းအလုပ်သမားတွေ စီးနင်းလာတဲ့ကားဟာ မတော်တဆမှုကြောင့် လူ ၆ ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ဟာ ဖြစ်စဉ်အမှန်ဖြစ်ပေမယ့် သော်လည်း ယင်းအဖြစ်အပျက်ကို ကြိုတင်မဲမထည့်တာနဲ့ ချိတ်ဆက်ဖော်ပြထားတာဟာ အတည်ပြုနိုင်ခြင်းမရှိတဲ့ လုပ်ကြံဖန်တီး ဝါဒဖြန့်ချက်သာဖြစ်ပါတယ်။
ကြိုတင်မဲမထည့်ဘဲနိုင်ငံအပေါ်ပြစ်မှားလို့ ထိုင်းမှာ မြန်မာအလုပ်သမားတွေ စီးလာတဲ့ကားတိမ်းမှောက်တယ်ဆို ပြည်သူတွေကိုကြောက်ရွံ့စေဖို့နဲ့ အတုအယောင်အရွေးကောက်ပွဲကို မဲပေးဖို့အတွက် ဖိအားပေးဖို့ရည်ရွယ်ပြီး လို့ လိုရာဆွဲချိတ် ဆက်ပြီး ရေးသားထားတဲ့ သတင်းအမှား အကြောင်းအရာဖြစ်ပါတယ်။
အခုလိုလူမှုမီဒီယာပေါ်မှာ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ရည်ရွယ်ပြီး သတင်းတု သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေမှုတွေ ရှိတာကြောင့် အလွယ်တကူမယုံကြည်ဖို့လိုအပ်ပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Tawnaw FM ကို အောက်ဖော်ပြပါ စာမျက်နှာတွေမှာလည်း ကြည့်ရှုနိုင်ပါတယ်။
Website – www.tawnawfm.com
Telegram – https://t.me/tawnawfm
Youtube – https://shorturl.at/ksHUV
