Akyab Post/ MFCN
Fact Check
30 Jun 2025
ချင်းပြည်နယ်က ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် အေအေဖက်ကနေ ဒေသခံချင်းလူမျိုးတွေရဲ့ အိမ်တွေကနေ ဆန်တွေကို ဖောက်ထွင်းယူပြီးတော့ ဒေသခံတွေကို ပေးနေတယ်ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရမ်မှာ ရခိုင်ဒေသနဲ့ ပတ်သက်ပြီးတော့ သတင်းတုသတင်းမှားတွေနဲ့ အမုန်းစကားတွေကို ဖြန့်လေ့ရှိတဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ် Western 24 News ကနေ ဇွန်လ ၂၅ ရက်နေ့မှာ “ ပလက်ဝမြိုကို ပြောင်းရွှေ့နေထိုင်ဖို ရခိုင်ကနေ ရောက်လာကြတဲ့ ရခိုင်လူမျိုးတွေကို AA ကဆန်တွေနဲ့ ရိက္ခာတွေထောက်ပံ့နေတယ်တဲ့…AA ကဘယ်ကရတဲ့ ဆန်တွေကို ပေးနေတာလည်းဆိုတော့ ပလက်ဝမြိုက ဒေသခံချင်းလူမျိုးတွေရဲ့ နေအိမ်တွေကနေ ဖောက်ထွင်းလုယူထားတဲ့ဆန်တွေကို ပေးနေတာပေါ့…ပလက်ဝမြိုက ဒေသခံချင်းလူမျိုးတွေကို နေအိမ်တွေကနေမောင်းထုတ် တောထဲသွားနေခိုင်းပြီး ရခိုင်လူမျိုးတွေကို အိမ်ပေါ်တက်နေခိုင်းကာ လုယူထားတဲ့ ဆန်၊ ဆီ၊ ဆားတွေကို ထောက်ပံ့ပေးနေတဲ့ AA နယ်ချဲ့အကြမ်းဖက်ကို ချင်းလူမျိုးတွေ တိုက်ထုတ်သင့်နေပြီနော်…” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားထားပါတယ်။
 Western 24 News ရဲ့မူရင်းပို့စ်အပြည့်အစုံ – https://archive.ph/4W7y9
 Western 24 News ရဲ့မူရင်းပို့စ်အပြည့်အစုံ – https://archive.ph/4W7y9Western 24 News တင်ထားတဲ့ ဒီပို့စ်ကိုဝင်ရောက်ကြည့်ရှုသူ ၈၀၀ ကျော်ထိရှိပြီးတော့ reaction ပြုလုပ်သူ ၁၃ ဦးနဲ့ အခြားစစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ အကြောင်းအရာတွေကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အေအေဖက်ကနေ ပလက်ဝမှာ ပြည်သူပိုင်နေအိမ်တွေကနေ ဖောက်ထွင်းပြီးတော့ ယူနေတယ်ဆိုတာ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
 သတင်းစိစစ်ချက်
သတင်းစိစစ်ချက်စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Invid Tools အပါအဝင် google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ Akyab Post ဖက်ကနေ စစ်ဆေးခဲ့ပါတယ်။
Google reverse Image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ “Khumiland News” ဆိုတဲ့ Facebook page ကနေ ဇွန်လ ၂၄ ရက်နေ့မှာ တင်ထားတဲ့ “ရခိုင်ပြည်နယ်မှ ပလက်ဝမြို့နယ်တွင် ရွှေ့ပြောင်လာကြသည့် ရခိုင်လူမျိုး ရာနှင့်ချီကို အေအေက ဆန်များ ကူညီထောက်ပံ့”ဆိုတဲ့ ပို့စ်က အကြောင်းအရာကို တွေ့ရှိရပါတယ်။
 Khumiland News ရဲ့ ပို့်စ်အပြည့်အစုံ – https://www.facebook.com/share/p/1AnHV8e5RU/
 Khumiland News ရဲ့ ပို့်စ်အပြည့်အစုံ – https://www.facebook.com/share/p/1AnHV8e5RU/Khumiland News ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာမှာ အေအေဖက်ကနေ ပလက်ဝမြို့နယ်မှာရှိကြတဲ့ ဒေသခံတွေကို အေအေဖက်ကနေ ဆန်များကူညီထောက်ပံ့ပေးတယ် ဆိုတာသာ ရေးသာားထားပြီးတော့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ရေးသားထားတဲ့ အေအေကနေ ပြည်သူပိုင်နေအိမ်တွေကနေ ဖောက်ထွင်းပြီးတော့ ယူနေတယ်ဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Google မှာ အေအေပလက်ဝ ဆန်ထောက်ပံ့ဆိုပြီး keywords နဲ့ ရိုက်ရှာကြည့်တဲ့ အခါမှာလည်း ချင်းဒေသအခြေပြု သတင်းဌာနတစ်ခုဖြစ်တဲ့ Zalen ကနေ ဇွန်လ ၂၅ ရက်နေ့မှာ “ ပလက်ဝမြို့နယ်မှာ ရခိုင်က ရွှေ့ပြောင်းလာသူတွေကို အေအေက ဆန်တွေ ကူညီထောက်ပံ့” ဆိုပြီးတော့ ရေးသားထားတာကို တွေ့ရှိရပါတယ်။
 Zalen သတင်း ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/18wHCUBM99/
 Zalen သတင်း ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/18wHCUBM99/ဒီသတင်းကိုပဲ ရခိုင်ဒေသအခြေပြု သတင်းဌာနတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနကနေ ဇွန်လ ၂၄ ရက်နေ့မှာ “ပလက်ဝဒေသခံများနှင့် ရခိုင်မှ မြို့သုံးမြို့ရှိ စစ်ဘေးရှောင်များကို AA က စားနပ်ရိက္ခာနှင့် အမိုးအကာများထောက်ပံ့” ဆိုတဲ့ သတင်းအကြောင်းအရာကို တွေ့ရှိရပါတယ်။
 Narinjara သတင်းဌာနရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://burmese.narinjara.com/…/685a55e086cbc0b4982aa9d8
 Narinjara သတင်းဌာနရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://burmese.narinjara.com/…/685a55e086cbc0b4982aa9d8 သုံးသပ်ချက်
 သုံးသပ်ချက်ရရှိထားတဲ့ အချက်အလက်တွေ၊ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအပါအဝင် ပို့စ်တွေအောက်မှာ ရေးထားတဲ့ မှတ်ချက်တွေနဲ့ တိုက်ကြည့်တဲ့အခါမှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေသလိုမျိုး အေအေဖက်ကနေ ပလက်ဝမှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကနေ ဆန်တွေကို ဖောက်ထွင်းယူပြီးတော့ ဒေသခံတွေကို ပေးနေတယ်ဆိုတဲ့ အကြောင်းအရာက သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာစစ်ရေးအရ လက်လွှတ်ဆုံးရှံးခဲ့တဲ့ ဒေသတွေကို သတင်းတုသတင်းမှားအပါအဝင် အမုန်းစကားဖြန့်ဝေတာတွေကို အဓိကလုပ်ဆောင်နေပြီးတော့ ပဋိပက္ခဖြစ်စေတဲ့ အကြောင်းအရာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဆိုရှယ်မီဒီယာပေါ်မှနေ ဖြန့်ဝေလျက်ရှိပါတယ်။
ပြည်သူတွေအနေနဲ့လည်း ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ ပို့်စ်မှန်သမျှကို အလွယ်တကူ မယုံကြည်ကြပဲ သတင်းလုပ်ငန်စဉ်အတိုင်းလုပ်နေသည့် သတင်းဌာနများ၏ သတင်းများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေညာချက်များကို ဖတ်ရှူဖို့ တိုက်တွန်းအကြံပြုလိုက်ပါတယ်။
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
 
								

