Fact Check
Akyab Post/ MFCN
19 Aug 2025
အာရက္ခတပ်တော် အေအေအဖွဲ့ကနေ ဘင်္ဂလားဒေ့ရ်ုနိုင်ငံသား ၅ ဦးကို ပြန်ပေးဆွဲသွားတယ်ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ အခုရက်ပိုင်း ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်က စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Ko Thet ချန်နယ်ကနေ ဩဂုတ်လ ၁၅ ရက် နေ့မှာ “ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၅ ဦးကို AA အဖွဲ့က ပြန်ပေးဆွဲသွား ဩဂုတ် ၁၂ ရက်နေ့မှာ နတ်မြစ်အတွင်း ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို AA အဖွဲ့က ပြန်ပေးဖမ်းဆီး ဆွဲသွားကြောင်း သိရသည်။ ဖမ်းဆီးခံရသူတွေကတော့ (၁) Md. Nur Hossian (၁၈)နှစ် (၂) Akkal Ali (၂၀)နှစ် (၃) Kalu Saber Hossian (၂၂)နှစ် (၄) Md. Saiful Islam (၂၅)နှစ် (၅) Md. Iiias (၄၁)နှစ် တို့ဖြစ်ကြောင်း သိရသည်။ (လူသစ်စုတာနေမှာပေါ့)” (မူရင်းပို့စ်အပြည့်အစုံ) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
 Ko Thet ချန်နယ်ကနေ ချန်နယ်ကနေ မူရင်းရေးသားထားတဲ့ ပို့စ် အပြည့်အစုံ – https://archive.ph/MMDCY
 Ko Thet ချန်နယ်ကနေ ချန်နယ်ကနေ မူရင်းရေးသားထားတဲ့ ပို့စ် အပြည့်အစုံ – https://archive.ph/MMDCYဒီပို့စ်ကို ဖြန့်ဝေထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ ဇူလှိုင်လ ၁၅ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၁၅၇၀၀ ကျော်၊ Reaction ပေးသူ ၃၀၄ ဦးအထိ ရှိပြီးတော့ စစ်ကောင်စီဝါဒဖြန့် အခြားချန်နယ်တွေ ဖြစ်တဲ့ Western 24 News ချန်နယ်မှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
Western 24 News ချန်နယ်ကနေ ထပ်ဆင့်ဖြန့်ဝေထားတဲ့ ပို့စ် အပြည့်အစုံ – https://archive.ph/0DXQl
ဒီပို့စ်ကို Myanmar Fact−checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ ပြန်ပေးဆွဲတာမဟုတ်ပဲ နတ်မြစ်တလျှောက်မှာ ကျုးကျော်ဝင်ရောက်ငါးဖမ်းဆီးလို့ အေအေဖက်ကနေ ဖမ်းဆီးခဲ့တာသာဖြစ်တာကို တွေ့ရပါတယ်။
 သတင်းစိစစ်ချက်
 သတင်းစိစစ်ချက်စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Ko Thet ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို google advanced search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ဘင်္ဂလားဒေ့ရ်ုအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Dhaka Tribune သတင်းကနေ ဩဂုတ်လ ၁၃ ရက်နေ့မှာ ဖော်ပြထားတဲ့ “Arakan Army abducts 5 Bangladeshi fishermen from Naf River” ဆိုတဲ့ သတင်းကို ပြန်လည်ကိုးကားထားတာကို တွေ့ရပါတယ်။
 Dhaka Tribune သတင်းဌာနရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.dhakatribune.com/…/arakan-army-abducts-5…
 Dhaka Tribune သတင်းဌာနရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.dhakatribune.com/…/arakan-army-abducts-5…Dhaka Tribune သတင်းဌာနရဲ့ ဖော်ပြချက်အရ နတ်မြစ်မှာ ငါးဖမ်းနေတဲ့ ငါးဖမ်းစက်လှေကနေ ဘင်္ဂလားဒေ့ရ်ု နိုင်ငံသား ၅ ဦးက အာရက္ခတပ်တော်ဖက်ကနေ ဖမ်းဆီးသွားတယ်လို့ ရေးသားဖော်ပြထားပါတယ်။
ဒီသတင်းကိုပဲ ရခိုင်ဒေသအခြေပြု သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Narinjara နဲ့ မြန်မာပြည်တွင်း သတင်းဌာနဖြစ်တဲ့ DVB ကနေ ဩဂုတ်လ ၁၃ ရက်နေ့မှာ “ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား (၅) ဦး AA ဖမ်းဆီးသွားတယ်လို့ဆို” လို့ တင်ထားတာကို တွေ့ရပါတယ်။
 Narinjara ရဲ့ သတင်းအပြည့်အစုံ – https://burmese.narinjara.com/…/689c1b4f3874309530d6999…
 Narinjara ရဲ့ သတင်းအပြည့်အစုံ – https://burmese.narinjara.com/…/689c1b4f3874309530d6999… DVB ရဲ့ သတင်းအပြည့်အစုံ https://burmese.dvb.no/post/719404
 DVB ရဲ့ သတင်းအပြည့်အစုံ https://burmese.dvb.no/post/719404ဒီသတင်းမှာ ဆက်စပ်ပြီး နတ်မြစ်ဆိုတဲ့ keywords နဲ့ google မှာ ရိုက်ရှာကြည့်တဲ့အခါမှာလည်း ယခင်ကလည်း ဘင်္ဂလားဒေ့ရ်ုနိုင်ငံက ငါးဖမ်းသမားတွေ မြန်မာနိုင်ငံရေပိုင်နက် နတ်မြစ်မှာ ငါးခိုးဖမ်းတာကြောင့် ထိရောက်စွာကိုင်တွယ်ဖို့ လိုအပ်တယ်လို့ ရေးသားထားတဲ့ သတင်းတွေကို မြန်မာနိုင်ငံတွင်း သတင်းဌာနတွေဖြစ်တဲ့ DVB နဲ့ DMG သတင်းဌာနတွေကနေ ဖော်ပြထားတာကို တွေ့ရပါတယ်။
 DVB ရဲ့ သတင်းအပြည့်အစုံ – https://www.dvb.no/post/688359
 DVB ရဲ့ သတင်းအပြည့်အစုံ – https://www.dvb.no/post/688359 DMG ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.dmgburmese.com/%E1%80%9E%E1%80%90…/rttrn.html
 DMG ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.dmgburmese.com/%E1%80%9E%E1%80%90…/rttrn.htmlဒါ့အပြင် အာရက္ခတပ်တော်ဟာ ဘင်္ဂလားဒေ့ရ်ုနိုင်ငံက နိုင်ငံပိုင်နက်ကို ကျူးကျော်ပြီးတော့ ငါးလာခိုးဖမ်းတဲဲ့သူတွေကို ဖမ်းဆီးခဲ့ပြီးတော့ အာဏာပိုင်တွေကို ပြန်လည်လွှဲအပ်ခဲ့တာတွေကို န်ိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ RFA ကနေ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။
 RFA ရဲ့ သတင်းအပြည့်အစုံ – https://www.facebook.com/share/p/1AteJYYAEj/
 RFA ရဲ့ သတင်းအပြည့်အစုံ – https://www.facebook.com/share/p/1AteJYYAEj/သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်မှာ ရေးသားဖော်ပြချက်တွေအရ အာရက္ခတပ်တော် အေအေဟာ နတ်မြစ်မှာ ငါးဖမ်းနေတဲ့ ငါးဖမ်းစက်လှေကနေ ဘင်္ဂလားဒေ့ရ်ု နိုင်ငံသား ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်တာဟာ မှန်ပေမဲ့ ပြန်ပေးဆွဲသွားတယ်ဆိုတဲ့ အချက်အလက်ကို မတွေ့ရှိရပါဘူး။
 သုံးသပ်ချက်
သုံးသပ်ချက်စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံံ့နှံ့နေသလိုမျိုး အေအေအဖွဲ့ကနေ ဘင်္ဂလားဒေ့ရ်ု နိုင်ငံသား ၅ ဦးကို ပြန်ပေးဆွဲသွားတယ်ဆိုတာဟာ Dhaka Tribune သတင်းရဲ့ ရေးသားဖော်ပြချက်ကို လိုအပ်သလို ပုံဖော်ပြီး ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။
လက်ရှိ ရခိုင်ပြည်မြောက်ပိုင်းက နိုင်ငံရေးအခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရ်ုနိုင်ငံဖက်ကနေ ငါးဖမ်းခိုးဝင်တာတွေကို အာရက္ခတပ်တော် အေအေဖက်ကနေ ဖမ်းဆီးတာတွေရှိပါတယ်။ ဒီလိုအချိန်အခါမျိုးမှာ ဖမ်းဆီးခံရတဲ့ ငါးဖမ်းသမားတွေကို အေအေဖက်ကနေ ပြန်ပေးဆွဲတယ်ဆိုပြီး ရေးသားဖြန့်ဝေတာဟာ ပဋိပက္ခကိုတိုးစေတာကြောင့် အကြောင်းအရာနဲ့ မသက်ဆိုင်တဲ့ ဗီဒီယိုတွေနဲ့ ပျံနေတာတွေကိုလည်း သတိထားဖို့လိုအပ်ပါတယ်။
စစ်ကောင်စီဖက်ကနေ အာရက္ခတပ်တော်ထံ လိုက်လွှတ်လိုက်ရတဲ့ မြို့တွေမှာ လူမျိုးရေး ဘာသာရေးနဲ့ ပဋိပက္ခဖြစ်အောင် ဖြန့်နေတာတွေရှိလို့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေတဲ့ ဗီဒီယိုတိုင်းကို မယုံကြည်မိဖို့နဲ့ စစ်ဆေးပြီးမှသာ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်၊၊
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေနဲ့လဲ အွန်လိုင်းပေါ်က သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ကြဖို့ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါရဲ့ သတင်းတွေကိုသာ ဝင်ရောက်ဖတ်ရှုဖို့ အကြံပြု တိုက်တွန်းလိုပါတယ်။
ဒါ့အပြင် နောက်ပိုင်းမှာ မီဒီယာ အယောင်ဆောင်လာကြတဲ့ ဝါဒဖြန့်ချိသူတွေကိုလည်း သတိထားဖို့ Social Influencer တွေရဲ့ ပြောစကားတွေကို မယုံကြည်ကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။
ရခိုင်ဒေသနဲ့ ပတ်သက်တဲ့ သတင်းအမှား အကြောင်းအရာဟု သံသယရှိရင်လဲ Akyab Post (facebook page) နဲ့ Myanmar Fact-checking Network (facebook page) ရဲ့ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
 
								

