Akyab Post/ MPA/ MFCN
22 Jun 2025
Fact Check
ထိုင်းနိုင်ငံ ဘန်ကောက်က လမ်းတွေမှာ အခုရက်ပိုင်းအတွင်းမှာ ကိုဗစ်ရောဂါကူးစက်ခံရတာကြောင့် လူတွေလဲကျသေဆုံးနေတာရှိပြီး သတိထားဖို့လိုတယ် ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့စဘုတ်စာမျက်နှာမှာ ပျံ့နှံ့လျက်ရှိပါတယ်။
ဖေ့စဘုတ်မှာ Followers ၅၁၀၀ ကျော်ရှိတဲ့ Hein Htet Aung အကောက်ကနေ ဇွန်လ ၁၂ ရက်နေ့မှာ “ ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာ အခုတစ်လော တစ်ချို့လူတွေသွားလာနေရင်းလဲကျသေဆုံး နေတာတွေ တွေ့ရှိခဲ့တယ်လို့ သိရှိရသည်။ လူအယောက် ၃၀ကျော် သေဆုံးခဲ့တယ်လို့ သိရသည်၊ လမ်းပေါ်မှာတင် သေဆုံးခဲ့ရတယ်လို့၊ ထိုင်းနိုင်ငံ ဘန်ကာက်မြို့မှာ Covid-19 ရာဂါ ကူးစက်ခံရမှုနှုန်း မြင့်တက်နေတယ်လို့ သိရှိရသည်။ သွားလာတာ အားလုံးသတိထားကြပါ။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
 Hein Htet Aung အကောက်ကနေ ဖြန့်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/VVNhy
 Hein Htet Aung အကောက်ကနေ ဖြန့်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/VVNhyဒီပို့စ်ကို Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Akyab Post နဲ့ Myanmar Pressphoto Agency တို့ ပူးပေါင်းစစ်ဆေးတဲ့ ဇွန်လ ၁၈ ရက်နေ့အထိ reaction ပြုလုပ်သူ ၂၀၀၀ နီးပါးထိရှိပြီးတော့၊ comment ပေးသူ ၆၃ ဦးနဲ့ share လုပ်သူ ၂၀၀၀ ကျော်ထိရှိပြီး ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဒီအကြောင်းအရာကိုပဲ အခြားဖေ့စဘုတ်အကာင့်တွေဖြစ်တဲ့ Saw Htar Hnin နဲ့ Ara Kan Shwe Maung စတဲ့ ကူးယူဖော်ပြနေတာတွေရှိသလို၊ ဇွန်လ ၁၂ ရက်နဲ့ ၁၄ ရက်တွေမှာ ရှေ့ဆင့်နောက်ဆင့်ဖော်ပြထားကြပြီးတော့ share လုပ်ပြီးတော့ ဖြန့်ဝေနေကြတာတွေ လည်းရှိပါတယ်။
 Saw Htar Hnin အကောင့် ကနေ ဖြန့်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/s5eUt
 Saw Htar Hnin အကောင့် ကနေ ဖြန့်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/s5eUt Ara Kan Shwe Maung အကောင့် ကနေ ဖြန့်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/XY3LD
 Ara Kan Shwe Maung အကောင့် ကနေ ဖြန့်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/XY3LDဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွင် ကိုဗစ်ကြောင့် ဘန်ကောက်မှာ လူတွေ လဲကျပို့စ်တွေကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post နဲ့ Myanmar Pressphoto Agency တို့ဖက်ကနေ စစ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ ၂၀၂၅ ဇွန်လအတွင်းမှာ ကိုဗစ်ကြောင့် လူတွေလဲကျသေဆုံးတာမဟုတ်ပဲ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ပုံအဟောင်းတွေကို သုံးပြီးတော့ သတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။
 သတင်းစိစစ်ချက်
 သတင်းစိစစ်ချက်ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာထက်မှာ ပျံ့နှံ့နေတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ google advanced search tools နဲ့ google reverse search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ကိုဗစ်ကြောင့် လဲကျသေဆုံးတယ်ဆိုပြီးတော့ ဖြန့်ထားတဲ့ ပုံတွေကို google reverse search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ၂၀၂၅ ခုနှစ် ဇူလှိုင်လအတွင်းမှာဖြစ်ခဲ့တာမဟုတ်ပဲ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ၂၀၂၁ ခုနှစ် ဇူလှိုင်အတွင်းမှာ ကိုဗစ်ကြောင့် လူတွေ လဲကျသေဆုံး ခဲ့ပြီးတော့ ဆေးရုံတွေမှာလည်း လူတွေပြည့်နေတာကြောင့် အခက်အခဲတွေရှိတယ်ဆိုပြီးတော့ ရေးသားထားတဲ့ အကြောင်းအရာကို ၂၀၂၁ ခုနှစ် ဇူလှိုင်လ ၂၇ ရက်နေ့က “ຂ່າວວັນນີ້ / News Today” ဆိုတဲ့ page ကနေ ဖော်ပြခဲ့ပါတယ်။
 ຂ່າວວັນນີ້ / News Today ရဲ့ မူရင်း page – https://www.facebook.com/NEWS.VANNI
 ຂ່າວວັນນີ້ / News Today ရဲ့ မူရင်း page – https://www.facebook.com/NEWS.VANNI ຂ່າວວັນນີ້ / News Today ကနေ တင်ထားတဲ့ မူရင်း post အပြည့်အစုံ – https://www.facebook.com/share/p/16duXuduMN/
 ຂ່າວວັນນີ້ / News Today ကနေ တင်ထားတဲ့ မူရင်း post အပြည့်အစုံ – https://www.facebook.com/share/p/16duXuduMN/ဒါ့အပြင် ဖေ့စဘုတ်မှာပျံ့နေတဲ့ ပို့စ်တွေမှာပါရှိတဲ့ အကြောင်းအရာတွေကို ထိုင်းသတင်းဌာန တစ်ခုဖြစ်တဲ့ “ TNAOT” ကနေ ထိုင်းနိုင်ငံမှာ ကိုဗစ် အရေးပေါ်အခြေအနေကြောင့် ဆေးရုံကုတင်တွေ မလုံလောက်ဖြစ်နေတာကြောင့် ကိုဗစ်လူနာတွေ လမ်းပေါ်မှာ လဲကျမှုတွေရှိတယ်ဆိုပြီးတော့ ၂၀၂၁ ခုနှစ် ဇူလှိုင်လ ၂၉ ရက်နေ့မှာ တရုတ်ဘာသာစကားနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။
 TNAOT သတင်းဌာနရဲ့ ပိုစ်အပြည့်အစုံကို ဖတ်ရှုရန် – https://s.tnaot.com/news_share/na_detail/11733269
 TNAOT သတင်းဌာနရဲ့ ပိုစ်အပြည့်အစုံကို ဖတ်ရှုရန် – https://s.tnaot.com/news_share/na_detail/11733269Hein Htet Aung အကောင့် အပါအဝင် Saw Htar Hnin နဲ့ Ara Kan Shwe Maung တို့ရဲ့ ပို့စ်တွေအောက်မှာလည်း ထိုင်းနိုင်ငံမှာ ၂၀၂၁ ခုနှစ်က ဖြစ်ခဲ့တုန်းက ပုံအဟောင်းတွေသာ ဖြစ်ပြီးတော့ လက်ရှိအချိန်မှာ ဘန်ကောက်မှာ ကိုဗစ်ကြောင့် လမ်းမတွေပေါ်မှာ ထိခိုက်သေဆုံးမှုတွေ မရှိဘူးဆိုပြီးတော့ ရေးသားထားကြပါတယ်။
ဒါ့အပြင်လည်း သတင်းမှား ဖြစ်တာကြောင့် ပြန်လည်ဖျက်ပေးကြဖို့နဲ့ မဟုတ်မမှန်တဲ့ အကြောင်းအရာကို မတင်ဖို့အတွက်လည်း ရေးသားထားကြတဲ့ မှတ်ချက်အချို့ကို တွေ့ရှိရပါတယ်။
လက်ရှိအချိန် ၂၀၂၅ ဇွန်လအတွင်းမှာ ထိုင်းနိုင်ငံမှာ တကျော့ပြန် ကိုဗစ်ဖြစ်ပွားလာတာကြောင့် ထိုင်းနိုင်ငံမှာရှိကြတဲ့ ပြည်သူတွေအနေနဲ့ ကိုဗစ်အန္တရာယ်သတိထားကြဖို့ဆိုတဲ့ သတင်းတွေ တက်လာပြီးတဲ့ နောက်ပိုင်းမှာ ကိုဗစ်ကြောင့် သေဆုံးမှုရှိတယ်ဆိုတဲ့ သတင်းတုသတင်းမှားတွေ ပျံ့လာတာကို တွေ့ရှိရပါတယ်။
၂၀၂၅ ဇွန်လအတွင်းမှာ အသွင်ပြောင်း ကိုဗစ်ကူးစက်မှုကြောင့် သတိထားသင့်ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ် ဆိုပြီးတော့ ထိုင်းသတင်းဌာနတွေနဲ့ မြန်မာသတင်းဌာနတွေကနေ ဖော်ပြခဲ့ကြပါတယ်။
 Bangkok Post – https://www.bangkokpost.com/…/spike-in-covid-19-cases…
 Bangkok Post – https://www.bangkokpost.com/…/spike-in-covid-19-cases… Myanmar Now – https://www.facebook.com/share/p/1GV4Zoarab/
 Myanmar Now – https://www.facebook.com/share/p/1GV4Zoarab/ BBC Burmese – https://www.bbc.com/burmese/world-57723985
 BBC Burmese – https://www.bbc.com/burmese/world-57723985 သုံးသပ်ချက်
 သုံးသပ်ချက်ရရှိထားတဲ့ အချက်အလက်တွေ၊ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအပါအဝင် ပို့စ်တွေအောက်မှာ ရေးထားတဲ့ မှတ်ချက်တွေနဲ့ တိုက်ကြည့်တဲ့အခါမှာ Hein Htet Aung အကောက်အပါအဝင် Saw Htar Hnin နဲ့ Ara Kan Shwe Maung တို့ရဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေဟာ ပုံအဟောင်းကို သုံးပြီးတော့ သတင်းတုသတင်းမှား ဖြန့်ခဲ့တာကို တွေ့ရှိရပါတယ်။
လက်ရှိထိုင်းနိုင်ငံအတွင်းမှာ ကိုဗစ်ကူးစက်မှု မြင့်မားလာတဲ့ အချိန်အတွင်းမှာ ယခင်က ပုံအဟောင်းတွေကို သုံးပြီးတော့ သတင်းတုသတင်းမှားတွေကို ဖြန့်လေ့ရှိကြတာကြောင့် အများပြည်သူတွေအနေနဲ့ အလွယ်တကူမယုံစားမိကြဖို့လိုအပ်ပါတယ်။
စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ကြေညာချက်တွေကို စောင့်ကြည့်ပီးမှ သတင်းမှန်ကို အတည်ပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
ကိုယ့်ပတ်ဝန်းကျင်နဲ့ ဆိုရှယ်မီဒီယာမှာ သတင်းတုသတင်းမှားတွေကို ကြားမိတယ်၊ မြင်မိတယ်ဆိုရင်လည်း စီစစ်စစ်ဆေးနိုင်ဖို့ MFCN ကို ဆက်သွယ်နိုင်ပါတယ်။
ဒါ့အပြင် စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
 
								

