25 April 2026
Fact-Check by Myanmar Pressphoto Agency/ Real or Not/ The Red Flag/ MFCN
အနှစ်ချုပ်
အာဏာသိမ်းမင်းအောင်လှိုင် သမ္မတ ဖြစ်ကြောင်းကို ကိုးကန့်တပ်မှ ပေးပို့သော သဝဏ်လွှာသည် Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်သော Myanmar Pressphoto Agency/ Real or Not တို့၏ စစ်ဆေး အတည်ပြုချက်အရ ပြုပြင်ဖန်တီးထားသည့် သဝဏ်လွှာ အတုဖြစ်ပြီး အများပြည်သူကို လှည့်ဖြားလိုသည့် ရည်ရွယ်ချက်ဖြင့် ဖြန့်ဝေထားခြင်းဖြစ်သည်။
ပျံ့နှံ့မှု
ဒီမိုကရေစီအစိုးရအဖွဲ့ကို အာဏာသိမ်း၍ အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ကာ သမ္မတတက်လုပ်နေသော မင်းအောင်လှိုင်နှင့် အစိုးရအဖွဲ့ကို ကိုးကန့်တပ်က ကြိုဆိုသော သဝဏ်လွှာ အတု ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေသည်။
“The Kokang”အမည်ရှိ ဖေ့ဘွတ်ခ်အကောင့်က ၂၀၂၆ ဧပြီ ၂၃ရက် ညနေပိုင်းတွင် မြန်မာအမျိုးသားဒီမိုကရက် တစ်မဟာမိတ်တပ်မတော်(MNTJP/MNDAA) စစ်ရေးကော်မတီ က မင်းအောင်လှိုင်ဦးဆောင်သော အစိုးရ အဖွဲ့ကို ကြိုဆိုဂုဏ်ပြုကြောင်း သဝဏ်လွှာ ဟူ၍ ဖြန့်ဝေထားသည်။
ထုတ်ပြန်ချက်အတုလင့်ခ် – https://bitly.cx/N5AmQ
အတုအယောင်ရွေးကောက်ပွဲလုပ်၍ သမ္မတတက်လုပ်နေသော မင်းအောင်လှိုင်နှင့် အစိုးရအဖွဲ့ကို ကိုးကန့်တပ်ဖွဲ့ က ဂုဏ်ပြုသော သဝဏ်လွှာကို MPA နှင့် Real or Not အချက်အလက်စစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ စစ်ဆေးရာ သတင်းအတုဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
အချက်အလက်စိစစ်ချက်
Google တွင် “မင်းအောင်လှိုင်ဦးဆောင်သော အစိုးရအဖွဲ့ကို ကိုးကန့်တပ် ကြိုဆို”ဟု ရေးသားရှာဖွေရာ ရွှေဖီမြေသတင်းဌာနက ဖြစ်စဉ်အမှန်ကို ရေးသားထားသည်။
သတင်းတွင် မင်းအောင်လှိုင်အစိုးရသစ်ကို ကြိုဆိုကြောင်း ကိုးကန့်တပ် – MNDAA ဘက်က သဝဏ်လွှာပေးပို့ခြင်းမရှိကြောင်း၊ အဆိုပါ သဝဏ်လွှာစာသည် အတုဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
သတင်းလင့်ခ်- https://bitly.cx/Wlp3z
People’s Spring သတင်းဌာနတွင်လည်း ကိုးကန့်တပ်က သဝဏ်လွှာပေးပို့ဆိုသည်မှာ စာအတုဖြစ်ကြောင်း ရှင်းလင်းရေးသားထားသည်။
သတင်းလင့်ခ် – https://bitly.cx/ubUT
Era’s Eye ကလည်း ဧပြီ ၂၄ရက်တွင် သဝဏ်လွှာအတုထွက်ပေါ်နေသဖြင့် သတိပြုကြရန် ကိုးကန့်တပ်က ထုတ်ပြန်ထားကြောင်း ရေးသားထားသည်။
သတင်းလင့်ခ် – https://bitly.cx/ucBq
The Kokang သတင်းဌာနကလည်း ၎င်းတို့၏ အမည်ကို အလွဲသုံးစားပြုလုပ်၍ သတင်းအတုများ ဖြန့်ဝေနေသော Page အတုများကို သတိပြု ရန် ကြေညာထားသည်။
ဖေ့ဘွတ်ခ်ပေ့ချ် အတုသည် Follower ၂၀ခန့်သာရှိပြီး MNDAAအမည်ကို အသုံးပြု၍ လိမ်လည်ဖန်တီးထား သော စာရွက်စာတမ်းအတုများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးဖြန့်ဝေနေခြင်းဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
ထုတ်ပြန်ချက်လင့်ခ် – https://bitly.cx/mgQI7
သုံးသပ်ချက်
အထက်မှာဖော်ပြထားတဲ့ အချက်တွေနဲ့ စိစစ်လိုက်မယ်ဆိုရင် မင်းအောင်လှိုင်ကို ကိုးကန့်တပ် MNDAA က ကြိုဆိုသော သဝဏ်လွှာဆိုတဲ့ အကြောင်းအရာဟာ ပြုပြင်ဖန်တီးထားတဲ့ သတင်းအမှားဖြစ်ကြောင်းကို စိစစ်တွေ့ရှိရပါတယ်။
ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။
ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork
