Akyab Post/ MFCN
Fact Check
3 Jul 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ မုဒိမ်းမှုတွေများပြားလာတာကြောင့် ရခိုင်အမျိုးသမီးအများစုဟာ ပြည်မဖက်ကို ထွက်ပြေးမှုတွေ များပြားလာတယ်ဆိုပြီးတော့ ရေးသားထားတဲ့ ပို့်စ်တွေဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေနဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ ရခိုင်ဒေသနဲ့ ပတ်သက်ပြီး သတင်းတုသတင်းမှားတွေနဲ့ အမုန်းစကားတွေကို ဖြန့်လေ့ရှိတဲ့ “Western 24 News ” ကနေ ဇွန်လ ၂၇ ရက်နေ့မှာ “ထွန်းမြတ်နိုင်ခေါင်းဆောင်သော AA အကြမ်းဖက် အဖွဲ့မှ တလင်တမယားစနစ် ဥပဒေကိုဖျက်သိမ်းလိုက်ပြီးနောက် ရခိုင်ပြည်နယ် ရှိ AA ထိန်းချုပ်ထားသောဒေသများတွင် မဒိမ်းမှုများ များပြားလာပြီး ရခိုင်အမျိုးသမီးများဘဝ လုံခြုံမှုမရှိတော့သောကြောင့် ပြည်မဘက်သို့ ထွက်ပြေးလာမှုများ များပြားလာနေကြောင်း သိရသည်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
 Western 24 News ရဲ့ မူရင်းပို့စ် – https://archive.ph/vYSaw
 Western 24 News ရဲ့ မူရင်းပို့စ် – https://archive.ph/vYSawWestern 24 News ကနေ တင်ထားတဲ့ ပို့စ်ကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ ဖက်ကနေ စိစစ်ပြီးတော့ စစ်ဆေးတဲ့ ဇူလှိုင်လ ၃ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၄၃၂၀၀ ကျော်ထိရှိပြီးတော့ reaction ပြုလုပ်သူ ၁၀ ဦးအထိရှိတာကို တွေ့ရပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကိုပဲ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေဖြစ်ကြတဲ့ May Yu Htar Nay ချန်နယ်မှာလည်း ဆက်လက်ပြီးတော့ ဖြန့်ထားသလို Facebook ဆိုရှယ်မီဒီယာမှာလည်း Rohingya Desh TV News ဆိုတဲ့ Page ကနေပြီးတော့ ဆက်လက်ပြီးတော့ ဖြန့်ဝေထားတာကို တွေ့ရပါတယ်။
 May Yu Htar Nay ရဲ့ မူရင်းပို့စ် – https://archive.ph/z7pcl
 May Yu Htar Nay ရဲ့ မူရင်းပို့စ် – https://archive.ph/z7pcl Rohingya Desh TV News ရဲ့ မူရင်းပို့စ် – https://archive.ph/DBfvB#selection-260.0-344.0
 Rohingya Desh TV News ရဲ့ မူရင်းပို့စ် – https://archive.ph/DBfvB#selection-260.0-344.0 စစ်ဆေးတွေ့ရှိချက်
 စစ်ဆေးတွေ့ရှိချက်စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Invid Tools အပါအဝင် google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ Akyab Post ဖက်ကနေ စစ်ဆေးခဲ့ပါတယ်။
ပျံ့နှံ့နေတဲ့ ပို့စ်တွေမှာ ပါရှိတဲ့ ပုံကို Google reverse Image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသအခြေပြု “နိရဉ္စရာ” သတင်းဌာနကနေ ဇွန်လ ၂၇ ရက်နေ့မှာ ရေးသားထားတဲ့ “ရခိုင်မှ ပြည်မသို့ ရိုးလမ်းကိုဖြတ်၍သွားသည့် လူငယ်အချို့ ငှက်ဖျားဖြစ်၍ သေဆုံး” ဆိုတဲ့ သတင်းက ပုံဖြစ်နေတာကို တွေ့ရှိရပါတယ်။
နိရဉ္စရာ သတင်းဌာနရဲ့ ရေးသားဖော်ပြချက်မှာ “ရခိုင်တွင် အလုပ်အကိုင်ရှားပါးမှုနှင့် စားဝတ်နေရေးတို့ကြောင့် ပြည်မဘက်သို့ ရခိုင်လူငယ်များ သွားလာမှုများရှိတယ်” ဆိုပြီးတော့ ရေးသားဖော်ပြထားတာကိုသာ တွေ့ရပါတယ်။
 Narinjara သတင်းဌာနရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://burmese.narinjara.com/…/685e538686cbc0b4986d4e0d
 Narinjara သတင်းဌာနရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://burmese.narinjara.com/…/685e538686cbc0b4986d4e0dပျံ့နှံ့နေတဲ့ ပို့စ်မှာပါရှိတဲ့ နောက်ထပ်ဓာတ်ပုံတစ်ပုံကိုလည်း Google reverse Image search tools ကို သုံးပြီးတော့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ဇွန်လ ၂၇ ရက်နေ့မှာ Western News သတင်းဌာနကနေ “မြေပုံတွင် အမျိုးသမီးငယ် တစ်ဦးကို အဓမ္မပြုကျင့်ရန်ကြံစည်သူအား AA နယ်မြေရုံးက တစ်နှစ်ကျော်ကြာ လွှတ်ပေးထား” ဆိုတဲ့ သတင်းက အကြောင်းအရာကိုဖြစ်နေတာ တွေ့ရပါတယ်။
Western News ရဲ့ ရေးသားချက်အရ “မြေပုံမြို့နယ်၊ လွန်းလုံးပိုက်ကျေးရွာက အမျိုးသမီးငယ်တစ်ဦးကို တစ်ရွာတည်းနေ အိမ်နီးနားချင်း အမျိုးသားလူငယ်တစ်ဦးက ကိုယ်ထိလက်ရောက်ကျူးလွန်ကာ အတင်းအဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ပြီးတော့ ကျူးလွန်သူအား အာရက္ခတပ်တော် AA နယ်မြေရုံး၌ တိုင်ကြားထားသော်လည်း တစ်နှစ်ကျော်ကြာအောင် အထိ အပြစ်ပေး အရေးယူခြင်းမရှိဘဲ လွှတ်ပေးထားတယ်ဆိုပြီးတော့” ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။
 Western News ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/photo/?fbid=1201112612028163&set=a.682731967199566
 Western News ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/photo/?fbid=1201112612028163&set=a.682731967199566စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေသလိုမျိုး အေအေဖက်ကနေ တစ်လင်တစ်မယားစနစ်ဖျက်သိမ်းမှုကြောင့် မုဒိမ်းမှုများတိုးပွားလာတဲ့ဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရတဲ့အပြင် မြေပုံမြို့နယ်မှာ မုဒိမ်းမှုကျုးလွန်ဖို့ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာလည်း ၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ကနေ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကိုသာ တွေ့ရှိရပါတယ်။
ဒါ့အပြင် Narinjara သတင်းရဲ့ ရေးသားဖော်ပြချက်မှာလည်း တစ်လင်တစ်မယားစနစ်ကို အေအေဖက်ကနေ ဖျက်သိမ်းလိုက်တာကြောင့် မုဒိမ်းမှုတွေ တိုးပွားလာလာလို့ အမျိုးသမီးတွေ ပြည်မဖက်ကို ထွက်ပြေးလာကြရတယ်ဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။
ဒီအကြောင်းအရာကို အသေးစိတ်သိရှိ ရဖို့အတွက်လည်း ရခိုင်ဒေသခံအမျိုးသမီးတစ်ဦးကို Akyab Post ဖက်ကနေ ဆက်သွယ်ပြီးတော့ မေးမြန်းကြည့်တဲ့အခါမှာလည်း “ တစ်လင်တစ်မယားစနစ်ကို ဖျက်သိမ်းလိုက်တယ်ဆိုပြီးတော့ ပတ်ဝန်းကျင်မှာ ကြားနေရတာတွေရှိပါတယ်။ ဒီလိုဖျက်လိုက်လို့ ထွက်ပြေးတယ်၊ မုဒိမ်းမှုတွေ တိုးလာတယ်ဆိုတာတော့မဟုတ်ပါဘူး” လို့ အတည်ပြုပါတယ်။
 သုံးသပ်ချက်
 သုံးသပ်ချက်ရရှိထားတဲ့ အချက်အလက်တွေ၊ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအပါအဝင် ပို့စ်တွေအောက်မှာ ရေးထားတဲ့ မှတ်ချက်တွေနဲ့ ဒေသခံတွေရဲ့ အတည်ပြုချက်တွေအားလုံးနဲ့ တိုက်ကြည့်တဲ့အခါမှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ “အေအေထိန်းချုပ်ရာဒေသတွေမှာ မုဒိမ်းမှုတွေများလာတာကြောင့် အမျိုးသမီးတွေ ပြည်မဘက်ကိုထွက်ပြေးလာနေကြတယ်” ဆိုတဲ့ အကြောင်းအရာဟာ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေကို လိုရာဆွဲပြီးတော့ ရေးသားထားတဲ့ သတင်းမှားအမျိုးအစားဖြစ်နေတာကို တွေ့ရပါတယ်။
ဇွန်လ ၂၇ ရက်နေ့က ရခိုင်ဒေသအခြေပြု သတင်းမီဒီယာနှစ်ခုကနေ ရေးသားထားတဲ့ သတင်းနှစ်ခုကို မှီငြိမ်းပြီးတော့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ရေးသားခဲ့ကြတဲ့ ပို့စ်တွေဟာ ဒေသတွင်းမှာရှိတဲ့ ပြည်သူတွေကို ပဋိပက္ခနဲ့ မငြိမ်သက်မှုဖြစ်အောင် လှုံဆော်ခဲ့တာဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာစစ်ရေးအရ လက်လွှတ်ဆုံးရှံးခဲ့တဲ့ ဒေသတွေကို သတင်းတုသတင်းမှားအပါအဝင် အမုန်းစကားဖြန့်ဝေတာတွေကို အဓိကလုပ်ဆောင်နေပြီးတော့ ပဋိပက္ခဖြစ်စေတဲ့ အကြောင်းအရာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဆိုရှယ်မီဒီယာပေါ်မှနေ ဖြန့်ဝေလျက်ရှိပါတယ်။
ပြည်သူတွေအနေနဲ့လည်း ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ ပို့်စ်မှန်သမျှကို အလွယ်တကူ မယုံကြည်ကြပဲ သတင်းလုပ်ငန်စဉ်အတိုင်းလုပ်နေသည့် သတင်းဌာနများ၏ သတင်းများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေညာချက်များကို ဖတ်ရှူဖို့ တိုက်တွန်းအကြံပြုလိုက်ပါတယ်။
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
 
								

