Akyab Post၊ Red Flag
10 Apr 2025
Facebook ဆိုရှယ်မီဒီယာပေါ်မှာ ဧပြီလ ၉ ရက်နေ့ကနေစလို့ “နေ့စဉ် မောင်တောဒေသကို ထောင်နဲ့ချီပြီး တဖက် ဘဂ်လားက ပြန်ခိုးဝင်နေတယ်။ အလုံးရင်းနဲ့ ပြန်ဝင်ဖို့ ပြင်နေတယ်လို့ ကျနော် အရင်က ပြောခဲ့တယ်။ အခု ဝင်နေပြီ အာရက္ခ တပ်တော်က အသေချာ ဂရုစိုက်ဖို့ လိုလာပါပြီ… ဂိုလ်ရှယ်လေး” ဆိုပြီးတော့ ဗီဒီယိုနဲ့ တကွ ပျံံ့နှံံ့လျက်ရှိပါတယ်။
ဒီပို့စ်ကို followers 61,752 ရှိတဲ့ Aung N Htwe အကောက်ကနေ ဖြန့်ခဲ့တာဖြစ်ပါတယ်။ ဒီပို့စ်ကို MFCN အဖွဲ့ ဝင် Akyab Post ကနေ စစ်ဆေးထားတဲ့ ဧပြီလ ၁၀ ရက်နေ့အထိ Like နဲ့ Reaction ပြုလုပ်သူ 5.8k၊ Comment ပေးသူ 544 ဦးနဲ့ ပြန်လည်မျှဝေသူ 3K ထိရှိပြီးတော့ ဆိုရှယ်မီဒီယာထက်မှာ ဆက်လက်ပြီးတော့ ပျံံ့နှံံ့လျက်ရှိပါတယ်။
 Aung N Htwe အကောက် – https://archive.ph/zBDGN
 Aung N Htwe အကောက် – https://archive.ph/zBDGN
 Aung N Htwe အကောက်ကနေ တင်ထားတဲ့ မူရင်းဗီဒီယို ဝင်ရောက်ပြီးတော့ ကြည့်ရှုရန် – https://archive.ph/ZGVxu
 Aung N Htwe အကောက်ကနေ တင်ထားတဲ့ မူရင်းဗီဒီယို ဝင်ရောက်ပြီးတော့ ကြည့်ရှုရန် – https://archive.ph/ZGVxu
ဒီအကြောင်းအရာကိုပဲ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေဖြစ်တဲ့ Min Chit Oo၊ May Yu Htar Nay နဲ့ Western 24 News Telegram ချန်နယ်တွေကနေ “AA အနေနဲ့ လိုင်းပေါ်မှာသာလေလုံးကြီးနေတာ မြေပြင်မှာ ဘယ်လိုပရမ်းပတာဖြစ်နေလည်း၊ နယ်စပ်ကိုဘယ်လိုမထိန်းနိုင်တော့ဘူးလည်းဆိုတာ Video နဲ့ လင့်ကပိုစ့်မှာပါဝင်ကြည့်ကြတော့။ လိပ်လောက်မြန်တဲ့စက်လှေလောက်ရှိပြီး AA ကမ်းခြေစောင့်တပ်ဖွဲ့လို့ သုံးရဲတာ နည်းနည်းနောနော သောက်ရှက်တော့မဟုတ်ဘူး။ ရခိုင်မြောက်ပိုင်းကတော့ မြင်ယောင်ပါသေးတယ်။” ဆိုပြီး Aung N Htwe အကောက်ကနေတင်ထားတဲ့ ဗီဒီယိုသုံးပြီးတော့ Link ကနေတစ်ဆင့် ထပ်ဆင့်ဖြန့်ဝေထားပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်များမှ ဖြန့်ထားတဲ့ ပို့စ်များကို ဝင်ကြည့်ရန်
 Min Chit Oo – https://archive.ph/FxRMR
 Min Chit Oo – https://archive.ph/FxRMR
 May Yu Htar Nay – https://archive.ph/sgee6
 May Yu Htar Nay – https://archive.ph/sgee6
 Western 24 News – https://archive.ph/ZzRE6
 Western 24 News – https://archive.ph/ZzRE6
 စစ်ဆေးတွေ့ရှိချက်
စစ်ဆေးတွေ့ရှိချက်
ဆိုရှယ်မီဒီယာနဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေတဲ့ ဗီဒီယိုကို Myanmar Fact Checking Network (MFCN) အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ရဲ့ Fact Check Team ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါ ဗီဒီယိုဟာ ရခိုင်ပြည်မြောက်ပိုင်းက မောင်တောမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်ရပ်တစ်ခုကိုယူပြီးတော့ လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် ဖြန့်ထားတဲ့ ဗီဒီယိုအတုဖြစ်နေတာကို တွေ့ရပါတယ်။
ပျံ့နေတဲ့ ဗီဒီယိုမှာပါတဲ့ ဓာတ်ပုံ တစ်ပုံချင်းစီကို google lens နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ဗီဒီယိုဟာ အပြောင်အပျက်ဗီဒီယိုတစ်ခုသာဖြစ်ပြီးတော့ ဧပြီလ ၃ ရက်နေ့က ဘင်္ဂလားဒေ့ရ်ုနိုင်ငံတွင်း ဒေသတစ်ခုက ‘Danger Gang’ ဆိုတဲ့ လူငယ်အဖွဲ့ထဲက လူငယ် ၁၆ ဦးဟာ လှေပေါ်မှာ လက်နက်တွေကိုင်ဆောင်ပြီး ကနေတာကြောင့် ဘင်္ဂလားဒေ့ရ်ုစစ်တပ်ကနေ ဖမ်းဆီးနေတာသာဖြစ်တာကို တွေ့ရပါတယ်။
 ပျံ့နေတဲ့ ဗီဒီယိုအပြည့်အစုံကို ကြည့်ရန် – https://youtu.be/VS0dvsidCPI?si=peh3dk3I6pPrL8re
 ပျံ့နေတဲ့ ဗီဒီယိုအပြည့်အစုံကို ကြည့်ရန် – https://youtu.be/VS0dvsidCPI?si=peh3dk3I6pPrL8re
ဒီဗီဒီယိုကိုပဲ အခြားအပြောင်အပျက်တင်တဲ့ YouTube ချန်နယ်တွေကနေ တင်ထားကြပြီးတော့ ဟာသဗီဒီယို အဖြစ်နဲ့သာ တင်ထားတာတွေကိုလည်း Akyab Post Fact Check Team ကနေ တွေ့ရှိခဲ့ပါတယ်။
 YouTube ချန်နယ်တွေကနေ အပြောင်အပျက်နဲ့ တင်ထားသော ပို့စ်များ – https://youtu.be/Mw2OkbVXkAs?si=l-zj8ERKCv4_x_3r
 YouTube ချန်နယ်တွေကနေ အပြောင်အပျက်နဲ့ တင်ထားသော ပို့စ်များ – https://youtu.be/Mw2OkbVXkAs?si=l-zj8ERKCv4_x_3r
 Facebook မှာလည်း ဒီဗီဒီယိုကိုပဲ ဟာသတစ်ခုအဖြစ်နဲ့ တင်ထားတာကိုလည်း တွေ့ရပါတယ်။ https://www.facebook.com/share/v/1A5o6y6nqo/
 Facebook မှာလည်း ဒီဗီဒီယိုကိုပဲ ဟာသတစ်ခုအဖြစ်နဲ့ တင်ထားတာကိုလည်း တွေ့ရပါတယ်။ https://www.facebook.com/share/v/1A5o6y6nqo/
ဒီဗီဒီယိုကို ဘင်္ဂလားဒေ့ရှ်ဒေသတွင်း သတင်းမီဒီယာတွေနဲ့ ရခိုင်ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားတာမရှိသလို၊ ဟာသဗီဒီယိုကို အသုံးချပြီးတော့ ပဋိပက္ခဖြစ်အောင် ဖြန့်နေတဲ့ ဗီဒီယိုအတုသာဖြစ်တာကို တွေ့ရှိရပါတယ်။
 သုံးသပ်ချက်
သုံးသပ်ချက်
လက်ရှိ ရခိုင်ပြည်မြောက်ပိုင်းက နိုင်ငံရေးအခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရ်ုနိုင်ငံဖက်ကနေ ငါးဖမ်းခိုးဝင်တာတွေကို အာရက္ခတပ်တော် အေအေဖက်ကနေ ဖမ်းဆီးတာတွေရှိပါတယ်။ ဒီလိုအချိန်အခါမျိုးမှာ အလုံးအရင်းနဲ့ ခိုးဝင်လာသူတွေကို အေအေဖက်ကနေ ဖမ်းဆီးဖို့လိုတယ်၊ မောင်တောအခြေအနေတွေကို အေအေဖက်ကနေ ထိန်းသိမ်းဖို့ လိုတယ်ဆိုတဲ့ ပဋိပက္ခကိုတိုးစေအောင် အကြောင်းအရာနဲ့မသက်ဆိုင်တဲ့ ဗီဒီယိုတွေနဲ့ ပျံနေတာတွေကိုလည်း သတိထားဖို့လိုအပ်ပါတယ်။
စစ်ကောင်စီဖက်ကနေ အာရက္ခတပ်တော်ထံ လိုက်လွှတ်လိုက်ရတဲ့ မြို့တွေမှာ လူမျိုးရေး ဘာသာရေးနဲ့ ပဋိပက္ခဖြစ်အောင် ဖြန့်နေတာတွေရှိလို့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေတဲ့ ဗီဒီယိုတိုင်းကို မယုံကြည်မိဖို့နဲ့ စစ်ဆေးပြီးမှသာ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်၊၊
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေနဲ့လဲ အွန်လိုင်းပေါ်က သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ကြဖို့ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါရဲ့ သတင်းတွေကိုသာ ဝင်ရောက်ဖတ်ရှုဖို့ အကြံပြု တိုက်တွန်းလိုပါတယ်။
ဒါ့အပြင် နောက်ပိုင်းမှာ မီဒီယာ အယောင်ဆောင်လာကြတဲ့ ဝါဒဖြန့်ချိသူတွေကိုလည်း သတိထားဖို့ Social Influencer တွေရဲ့ ပြောစကားတွေကို မယုံကြည်ကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။
ရခိုင်ဒေသနဲ့ ပတ်သက်တဲ့ သတင်းအမှား အကြောင်းအရာဟု သံသယရှိရင်လဲ Akyab Post (facebook page) နဲ့ Myanmar Fact-checking Network (facebook page) ရဲ့ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
 
								

