၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃ ရက်
(Fact Check) DNA/ Akyab Post/ The Red Flag
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးရွာကို အေအေနဲ့ PDF တွေ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တယ်ဆိုတဲ့ ပို့စ်တွေဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတာကို တွေ့ရှိရပါတယ်။
စစ်ကောင်စီရဲ့ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Kyaw Swar တယ်လီဂရန်ချန်နယ်နဲ့ Youtube ချန်နယ်တွေကနေ ဧပြီလ ၁၈ ရက်နေ့မှာ “ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာကို AA နှင့် PDF များဝင်ရောက်မီးရှို့ ဖျက်စီး”လို့ တယ်လီဂရမ်မှာ ရေးသားပြီး Youtube မှာ ပန်းတောကြီးရွာ မီးလောင်နေတဲ့ရုပ်သံဖိုင်နဲ့ ဖြန့်ဝေ ခဲ့တာကို တွေ့ရပါတယ်။
 Kyaw Swar Telegram Link- https://archive.is/5JvxQ
 Kyaw Swar Telegram Link- https://archive.is/5JvxQ
 Kyaw Swar Youtube Link- https://www.youtube.com/shorts/lGV6o6SA50w
 Kyaw Swar Youtube Link- https://www.youtube.com/shorts/lGV6o6SA50w
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှုသူ ၃၆,၀၀၉ ဦး၊ React ပေးသူ ၄၅၉ ကျော်၊ မျှဝေသူ ၁၇ ဦးနဲ့ မှတ်ချက်ပေးသူ ၁၉ ဦးရှိတာကို တွေ့ရပါတယ်။
ဒီအရေးအသားအတိုင်း အခြားတယ်လီဂရန်ချန်နယ်ဖြစ်တဲ့ ငြိမ်းသော်(နတ်မောက်)ကနေ ကျော်စွာရဲ့ Youtube Link ကိုကူးယူပြီးတော့ “ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာကို AA နှင့် PDF များဝင်ရောက်မီးရှို့ ဖျက်စီး”လို့ ရေးသားဖြန့်ဝေခဲ့ပါတယ်။
 ငြိမ်းသော်(နတ်မောက်)ကနေဖြန့်တဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/RgJbL
 ငြိမ်းသော်(နတ်မောက်)ကနေဖြန့်တဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/RgJbL
အဲဒီသတင်းနဲ့ရုပ်သံဖိုင်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency နဲ့ Akyab Post တို့ကစစ်ဆေးကြည့်တဲ့အခါ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးရွာကို အေအေနဲ့ပူးပေါင်းတပ် တွေက သိမ်းပိုက်လိုက်လို့ စစ်ကောင်စီက လေယာဉ်နဲ့ပစ်တာ လက်နက်ကြီးနဲ့ပစ်တာတွေကြောင့် မီးလောင် ခဲ့တာဖြစ်ပြီး အေအေနဲ့ PDF တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးသားထားတာဟာ လုပ်ကြံဖန်တီး ရေးသားထားတဲ့ သတင်းမှားဆိုတာကို စိစစ်သိရှိရပါတယ်။
 သတင်းစိစစ်ချက်
 သတင်းစိစစ်ချက်
Google မှာ လေးမျက်နှာ ပန်းတော်ကြီးဆိုတဲ့ keywords နဲ့ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ Delta News Agency ကနေ “လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးရွာမှာရှိတဲ့ စစ်တပ်ကို ဧပြီ ၁၇ ရက်ညနေပိုင်းမှာ အေအေ ပူးပေါင်းအဖွဲ့ ကတိုက်ခိုက်ခဲ့လို့ ဆုတ်ပေးရတဲ့အတွက် ဧပြီ ၁၈ ရက်ညနေ ၆ နာရီလောက်မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ၆ လုံးလာပစ်ပြီး ၆ နာရီခွဲလောက်မှာ ရွာရဲ့အပိုင်း ၃ နေရာကနေ စတင်မီးလောင်ခဲ့တာ”လို့ ကရေးထားတာကို တွေ့ရပါတယ်။
 DNA –https://www.facebook.com/deltanewsagency/posts/1091754872997589?rdid=gExVKcW73Z6Ra4vf
 DNA –https://www.facebook.com/deltanewsagency/posts/1091754872997589?rdid=gExVKcW73Z6Ra4vf
အခြားမြန်မာပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ ဧရာဝတီသတင်းဌာနကနေလည်း “လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးရွာကို AA နဲ့ပူးပေါင်းတပ် သိမ်းပိုက်လိုက်တဲ့အတွက် စစ်ကောင်စီတပ် တွေဟာ ဆီဆုံကုန်းဘက်ကို တပ်ဆုတ်သွားပြီး တိုက်ပွဲဆက်ဖြစ်နေတယ်”လို့ ရေးသားထားတာကို တွေ့ရပါတယ်။
 The Irrawaddy- https://www.facebook.com/story.php?story_fbid=1100849355421584&id=100064895881172&rdid=lM2v6TM9Ao85ez1A
 The Irrawaddy- https://www.facebook.com/story.php?story_fbid=1100849355421584&id=100064895881172&rdid=lM2v6TM9Ao85ez1A
ဒါ့အပြင် “မြန်မာ့နှစ်ဆန်း ၂ ရက် ဧပြီ ၁၈ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ လေးမျက်နှာ မြို့နယ်အနောက်ခြမ်းက ပန်းတောကြီးကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်အများအပြား မီးလောင်ပြီး ဒေသခံတွေထွက်ပြေးနေကြရပါတယ်”ဆိုပြီး DVB နဲ့ Mizzima တို့ကရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။
 DVB – https://burmese.dvb.no/post/701520
 DVB – https://burmese.dvb.no/post/701520
 Mazzima- https://www.facebook.com/share/v/1LjRdqEcns/
 Mazzima- https://www.facebook.com/share/v/1LjRdqEcns/
“လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဧပြီ ၁၇ မှာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့ပြီးနောက် စစ်ကောင်စီက လေးမျက်နှာမြို့နယ်အတွင်းရှိ ပန်းတောကြီး၊ ပန်းတောပေါက်၊ ဆီဆုံကုန်း၊ ဆင်သေ၊ အောင်ဘော်၊ လှည်းကူး၊ ကွမ်းခြံကုန်းရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ပန်းတောကြီးရွာဈေးလက်နက်ကြီးကျပြီး မီးလောင်ကာ တစ်ချို့ရွာက အိမ်တွေလဲ မီးလောင်တယ်”ဆိုပြီး Ayeyarwaddy Times ကရေးသားထားတာကို တွေ့ရပါတယ်။
 Ayeyarwaddy Times – https://www.facebook.com/share/p/1CV566kfzP/
 Ayeyarwaddy Times – https://www.facebook.com/share/p/1CV566kfzP/
 သုံးသပ်ချက်
 သုံးသပ်ချက်
ဧရာဝတီတိုင်းက ဒေသတွင်း မီဒီယာတွေနဲ့ အခြားလွတ်လပ်တဲ့ မီဒီယာတွေမှာရော၊ ပန်းတောကြီးကျေးရွာ နဲ့အနီးပတ်ဝန်းကျင်က ပြည်သူတွေရဲ့ပြောဆိုချက်တွေမှာပါ အေအေနဲ့ PDF တွေက ပန်းတောကြီးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးသားပြောဆိုထားတာကို မတွေ့ရပါဘူး။
လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာမှာ အပိုင်း ၆ ပိုင်းရှိပြီး အပိုင်း ၃ ဖက်မှာ မီးလောင်ခဲ့တာဟာ မှန်ကန်ပေမဲ့ အေအေနဲ့ PDF တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးလို့ မီးလောင်ခဲ့တာ မဟုတ်ဘဲ စစ်ကောင်စီက ပန်းတောကြီးရွာကနေ ဆုတ်ခွာထွက်ပြေးခဲ့ရတဲ့အတွက် လေကြောင်းကနေ ပစ်ခတ်တာ၊ မြေပြင်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် မီးလောင်ခဲ့တာသာ ဖြစ်ပါတယ်။
ဒါကြောင့် အေအေနဲ့ PDF တွေ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီး ဆိုပြီး ရေးသားဖြန့်ဝေမှုဟာ လုပ်ကြံဝါဒဖြန့်ထားတဲ့ သတင်းမှားသာ ဖြစ်တာကို တွေ့ရပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
 
								

