၂၀၂၆၊ ဧပြီလ ၂၈ ရက်။
Fact Check by လဂွန်းအိမ်၊ ဟုတ်တယ် Vs မဟုတ်ဘူး/The Red Flag
အကြောင်းအရာအနှစ်ချုပ်
အလင်းဝင်တဲ့ PDFတွေက အတုတွေဖြစ်ပြီး PDF အစစ်တွေက ထိုင်းမှာ အလုပ်လုပ်တယ်ဆိုပြီး ဦးရည်မွန်ကပြောဆိုသလိုယောင် ဖြန့်ဝေထားတဲ့ အကြောင်း အရာဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ် တယ်ဆိုတာကို လဂွန်းအိမ်နှင့် ဟုတ်တယ် Vs မဟုတ်ဘူးတို့မှ ပူးပေါင်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
ပျံ့နှံ့မှု
ဒီအကြောင်းအရာကို စစ်ကောင်စီလော်ဘီချန်နယ်ဖြစ်တဲ့ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်ကနေ ဧပြီလ ၂၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး Reaction ပေးသူ ၅၈၁ ဦးနဲ့ Viewer မှာလည်း ၂ သောင်းကျော် ရှိနေတာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာ – http://archive.today/nm5Mw
သတင်းစိစစ်ချက်
လဂွန်းအိမ်နှင့် ဟုတ်တယ် Vs မဟုတ်ဘူး/The Red Flag တို့ကနေ ဒီအကြောင်းအရာကို စစ်ဆေးကြည့်ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ လူမှုမီဒီယာများမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာကို ပြောဆိုဖူးခြင်း မရှိတာကို တွေ့ရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာလည်း အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ ထုတ်ပြန်ထားတာမရှိပါဘူး။ Ministry of Defence – NUG ရဲ့ တရားဝင် Facebook Page – ·https://bit.ly/4vWKO9Z
Website>> https://bit.ly/4vWKLuP
ဦးရည်မွန်၏ ဖေ့ဘွတ်ခ်စာမျက်နှာမှာလည်း အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး တော့ ရေးသားပြောဆိုထားတဲ့ အထောက်အထား မရှိပါဘူး။ ။
ဦးရည်မွန် Personal FB account Link –https://bit.ly/4tATP6Z
အရင်ကလည်း လူမှုမီဒီယာတွေမှာ ပျံံနှံ့ခဲ့ဖူးတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ပုံစံနဲ့ လုပ်ကြံဖန်တီး ဖြန့်ဝေထားတဲ့ သတင်းအမှားတွေကို Myanmar Fact Checking Network အဖွဲ့ဝင်တွေက အချက်အလက်စစ်ဆေးထားခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ မတ်လ အတွင်းကလည်း “တပ်ပေါင်းစုမအောင်မြင်ပါက ဗိုလ်နဂါးလမ်းစဉ်လိုက်ရမည်ဟု ဦးရည်မွန် ပြောဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ ဟုတ်တယ် Vs မဟုတ်ဘူး က အချက်အလက်စစ်ဆေးထားပါတယ်။
ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးထားတဲ့ပို့စ် >> https://bit.ly/3OIWv3w
သုံးသပ်ချက်
အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ စိစစ်လိုက်မယ်ဆိုရင် ဦးရည်မွန်ပြောဆိုသယောင်ဖြန့်ဝေထားတဲ့ အလင်းဝင်တဲ့ PDFတွေက အတုဖြစ်ပြီး အစစ်တွေက ထိုင်းမှာ အလုပ်လုပ်နေကြတယ်ဆိုတဲ့ အကြောင်း အရာဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။
အင်တာနက်ပေါ်မှာ စစ်အာဏာရှင်တော်လှန်ရေးမှာ လူသိထင်ရှားတဲ့သူတွေ ရဲ့ ပြောဆိုချက်ပုံစံနဲ့ လုပ်ကြံဖန်တီးဖြန့်ဝေထားတဲ့ အကြောင်းအရာတွေပျံ့နှံ့နေပါတယ်။ ဒါကြောင့် အင်တာနက်အသုံး ပြုသူတွေအနေနဲ့ လူသိထင်ရှားးတဲ့သူတွေပြောဆိုထားသလိုမျိုးအကြောင်းအရာတခုခုကိုတွေ့မြင်ခဲ့ ရင် အထက်မှာဖော်ပြခဲ့တဲ့နည်းလမ်းတွေအတိုင်း စိစစ်နိုင်ပါတယ်။
အကြံပြုချက်
စာဖတ်သူတွေအနေနဲ့ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် သတင်းတု/သတင်းမှား ဖြစ်နိုင်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ ၊ Fact Checking စစ်ဆေးပေးတဲ့ သတင်းဌာန သို့မဟုတ် အဖွဲ့တွေကို သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို အောက်ဖော်ပြပါ Links ကနေတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Website link – https://myanmarfactcheckingnetwork.org
Facebook link – https://www.facebook.com/share/1Cy232FQNo/
