Akyab Post/လဂွန်းအိမ်/MFCN
25 June 2025
အာရက္ခတပ်တော် အေအေကို ပို့ဖို့အတွက် ဆောနဲ့ ဆိပ်ဖြူလမ်းပေါ်မှာ သိုလှောင်ထားတဲ့ စက်သုံးဆီတွေနဲ့ ရိက္ခာဂိုထောင်တွေကို စစ်ကောင်စီဖက်ကနေ လေကြောင်းတိုက်ခိုက်နိုင်ခဲ့တယ် ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေနဲ့ လူမှုကွန်ရက်တွေပေါ်မှာ ပျံံ့နှံ့လျက်ရှိပါတယ်။
ဖေ့စဘုတ်မှာ followers ၂၆၅၄ ဦးထိရှိတဲ့ “စဝ်နန်းဝတီမောင်” အကောက်ကနေ ဇွန်လ ၂၁ ရက်နေ့မှာ “ 7ခိုင်ရှိအကဖ AA အဖွဲ့ထံပို့ဖို့အတွက် သိုလှောင်ထားတဲ့ ဆောနဲ့ ဆိပ်ဖြူလမ်းပေါ်မှာရှိတဲ့ စက်သုံးဆီနဲ့ ရိက္ခာဂိုထောင်တွေကို တပ်မတော်မှ ချေမှုန်ရှင်းလင်း” (မူရင်းအရေးအသား) ဆိုပြီးတော့ ဗီဒီယိုနဲ့ တကွ ဖြန့်ဝေ ရေးသားထားပါတယ်။
ဒီပို့စ်ကို Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Akyab Post နဲ့ “လဂွန်းအိမ်”တို့ ပူးပေါင်းစစ်ဆေးတဲ့ ဇွန်လ ၂၅ ရက်နေ့အထိ ဝင်ရောက်ကြည့်ရှုသူ ၃၃၀၀ ကျော်ထိရှိပြီးတော့ reaction ပြုလုပ်သူ ၂၂၀၊ Comment ၉ ခုနဲ့ Share လုပ်သူ ၁၅ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
 “စဝ်နန်းဝတီမောင်” အကောက်ကနေ မူရင်းတင်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/xFtq6
 “စဝ်နန်းဝတီမောင်” အကောက်ကနေ မူရင်းတင်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/xFtq6ဒါ့အပြင် ဒီပို့အကြောင်းအရာကိုပဲ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဖြစ်ကြတဲ့ “မှိုင်းဝေ” “နရီမိုး”နဲ့ “May Yu Htar Nay” ချန်နယ်တွေကနေလည်း ဇွန်လ ၂၁ ရက်နေ့မှာ “ ဆော ဘက်မှာ တပ်ရဲ့ လေကြောင်းတိုကိခိုက်မှုကြောင့် ဆီပေပါ အလုံး ၈၀ လောက် ပြာကျ သွားတယ်တဲ့။ တကယ်တော့ ဆော လမ်းကြောင်းက ချင်းနဲ့ ရခိုင်ကို ရောက်တဲ့ မှောင်ခို လမ်းကြောင်းတွေပါပဲ။ အနောက်ဂန့်ဂေါကနေ တက်ရင် ချင်း ပြည်နယ် ၊ ရေဆွာကို ရောက်မယ်။ ဆော ဘက်ကနေ တက်ရင် ရခိုင်ဘက်ရောက်မယ်။ မှောင်ခိုလမ်းတွေ များများ ဖျက်ဆီးနိုင်ဖို့ လိုအပ်တယ်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားကြပါတယ်။
 “မှိုင်းဝေ” ချန်နယ်ကနေ မူရင်းတင်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/BQbln
 “မှိုင်းဝေ” ချန်နယ်ကနေ မူရင်းတင်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/BQbln “နရီမိုး” ချန်နယ်ကနေ မူရင်းတင်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/Pt4TG
 “နရီမိုး” ချန်နယ်ကနေ မူရင်းတင်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/Pt4TG “May Yu Htar Nay” ချန်နယ်ကနေ မူရင်းတင်ထားတဲ့ ပို့်စ်အပြည့်အစုံ – https://archive.ph/VZe50
 “May Yu Htar Nay” ချန်နယ်ကနေ မူရင်းတင်ထားတဲ့ ပို့်စ်အပြည့်အစုံ – https://archive.ph/VZe50ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေနဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံံ့နှံ့လို့ရှိတဲ့ အကြောင်းအရာတွေကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post နဲ့ “လဂွန်းအိမ်” တို့ဖက်ကနေ စစ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ ဆောနဲ့ ဆိပ်ဖြူမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ မီးလောင်ပျက်စီးခဲ့မှုတွေဟာ ပြည်သူပိုင်ပစ္စည်းတွေ ဖြစ်နေတာကိုသာ တွေ့ရပါတယ်။
 သတင်းစိစစ်ချက်
 သတင်းစိစစ်ချက်ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာနဲ့ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Invid Tools အပါအဝင် google advanced search tools နဲ့ google reverse search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ပျံ့နှံ့နေတဲ့ ဗီဒီယိုကို Invid Tools မှာ ထည့်ပြီး ရှာကြည့်တဲ့အခါမှာ Mandalay Free Press – MFP ကနေ ဇွန်လ ၂၁ ရက်နေ့မှာ “ဆောမြို့ကို စစ်အုပ်စု လေကြောင်း ဗုံးကြဲတိုက်ခိုက် စက်သုံးဆီတွ ထားရှိရာကို ဗုံးကျရောက်ပေါက်ကွဲလို့ ဆီပေပါတွေ မီးလောင်ပျက်စီး” ဆိုတဲ့ သတင်းကို တွေ့ရှိရပါတယ်။
Mandalay Free Press – MFP ရဲ့ ရေးသားဖော်ပြချက်တွေအရ ဆောမြို့ကို စစ်ကောင်စီကနေ Y-12 လေယာဉ်နဲ့ ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ဆီပေပါတွေ ထားရှိတဲ့ ခြံဝန်းအတွင်းကို ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူပိုင်နေအိမ်နဲ့ ဆီပေပါတွေ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့တဲ့အပြင် ဒေသခံတွေပါ ထိခိုက်မှုတွေရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
 Mandalay Free Press – MFP ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/photo/?fbid=774337328258723&set=a.268415902184204
 Mandalay Free Press – MFP ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/photo/?fbid=774337328258723&set=a.268415902184204ဒါ့အပြင် ရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနေကလည်း ဆောမြို့ကို စစ်ကောင်စီဖက်ကနေ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆီပေပါ အလုံး ၈၀ ခန့်ပျက်စီးမှုရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
 Narinjara သတင်းဌာနရဲ့ သတင်းအပြည့်အစုံကိုဖတ်ရှုရန် – https://burmese.narinjara.com/…/6856487ea09ce4c36f16285d
 Narinjara သတင်းဌာနရဲ့ သတင်းအပြည့်အစုံကိုဖတ်ရှုရန် – https://burmese.narinjara.com/…/6856487ea09ce4c36f16285dဆောမြို့ကို စစ်ကောင်စီဖက်ကနေ လေကြောင်းတိုက်ခိုက်တာကြောင့်ပဲ ပြည်သူတွေပိုင်ဆိုင်တဲ့ ဆီပေပါတွေနဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်လို့ People Spring သတင်းဌာနကနေ ရေးသားဖော်ပြထားပါတယ်။
 People Spring သတင်းဌာနရဲ့ သတင်းအပြည့်အစုံကိုဖတ်ရှုရန် – https://www.ludunwayoo.com/news-mm/2025/06/21/124966/
 People Spring သတင်းဌာနရဲ့ သတင်းအပြည့်အစုံကိုဖတ်ရှုရန် – https://www.ludunwayoo.com/news-mm/2025/06/21/124966/ သုံးသပ်ချက်
 သုံးသပ်ချက်ရရှိထားတဲ့ အချက်အလက်တွေ၊ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအပါအဝင် ပို့စ်တွေအောက်မှာ ရေးထားတဲ့ မှတ်ချက်တွေနဲ့ တိုက်ကြည့်တဲ့အခါမှာ ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ “စဝ်နန်းဝတီမောင်” အကောက်နဲ့ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့လို့ရှိတဲ့ ပို့စ်တွေမှာ ရေးသားထားကြသလိုမျိုး စစ်ကောင်စီဖက်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပျက်စီးခဲ့တဲ့ ဆီပေပါ ၈၀ ဟာ အေအေက ပိုင်ဆိုင်တာမဟုတ်ဘဲ ပြည်သူပိုင် ပစ္စည်းတွေသာ ဖြစ်နေတာကို တွေ့ရပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် ရေးသားလေ့ရှိကြပြီးတော့ ယခင်ကလည်း လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ ပုံဖော်ပြီး ရေးသားလေ့ရှိကြပါတယ်။
လက်ရှိ စစ်ကောင်စီဟာ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြု လုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
 Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား – https://www.facebook.com/theakyabpost/videos/662497853416775
 Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား – https://www.facebook.com/theakyabpost/videos/662497853416775လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
 
								

