
တောင်ကိုရီးယားနိုင်ငံရောက် တော်လှန်ရေးထောက်ပို့ နှစ်ဦးကို နိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်ဖို့ စစ်တပ်လော်ဘီတွေ လှုံ့ဆော်နေ
၂၀၂၆၊ ဖေဖော်ဝါရီ ၁၈ ရက်။
(Fact Check_LGE)
နွေဦးတော်လှန်ရေးအတွက် ထောက်ပို့လုပ်နေတဲ့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား နှစ်ဦးကို မြန်မာနိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်ဖို့ စစ်တပ်လော်ဘီချန်နယ် ဖြစ်တဲ့ U Kyaw Soe Oo တယ်လီဂရမ်ကနေ သွေးထိုးလှုံ့ဆော်မှုတွေ ရေးသားထားပါတယ်။
တော်လှန်ရေး ထောက်ပို့အဖြစ် အွန်လိုင်းမှာ လူသိများသူ Aung ZaBu Kyaw Hein နဲ့ Maung Win Zaw ဆိုသူ နှစ်ဦးတို့ကို U Kyaw Soe Oo တယ်လီဂရမ်က ခြိမ်းခြောက်ပြောဆိုထားတဲ့ အကြောင်းအရာကို တွေ့ရှိရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာ – http://archive.today/euyFR
သွေးထိုးလှုံ့ဆော်မှုတွေ ဖြန့်ဝေနေတဲ့ U Kyaw Soe Oo တယ်လီဂရမ်ချန်နယ်ဟာ Subscribe လုပ်ထားသူမှာ ၈၇,၀၀၀ ကျော် ရှိနေပြီး တောင်ကိုရီးယားရောက် မြန်မာ နှစ်ဦးအပေါ် ခြိမ်းခြောက်ထားတဲ့ အကြောင်းအရာမှာ Reaction ပေးထားသူ ၆၀၀ ကျော်၊ Viewers ၂၂၀၀ ကျော် ရှိနေပါတယ်။
သတင်းစိစစ်ချက်
စစ်လော်ဘီချန်နယ်က ခြိမ်းခြောက်ရေးသားခဲ့တဲ့ Aung ZaBu Kyaw Hein ဆိုသူရဲ့ Facebook စာမျက်နှာမှာ “( ၂၀၂၅ ခုနှစ်အတွင်း) ကျပ်သိန်း ၆ ထောင်ကျော်နဲ့ မြေပြင်အဖွဲ့အစည်းပေါင်း (၁၉၃) ဖွဲ့တိတိကို ပို့နိုင်ခဲ့တယ်။ ဒီကောင်တွေ အတော်လေး လောင်မြိုက်နေတာ မြင်ရတော့ အရသာရှိသား” ဆိုပြီး တုံ့ပြန်ရေးသားထားပါတယ်။
Aung ZaBu Kyaw Hein Facebook Post Link – http://archive.today/JjqFA
ဒါ့အပြင် တောင်ကိုရီးယားရောက် တော်လှန်ရေး ထောက်ပို့အသိုင်းအဝိုင်းကို အခုလို ခြိမ်းခြောက်တာက အသုံးမဝင်ဘူးလို့လည်း တောင်ကိုရီးယားရောက်မြန်မာတွေက မှတ်ချက်ပြုထားကြပါတယ်။
“စစ်တပ်ကနေ ဒီလိုတွေ လုပ်နေတယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိထားပါတယ်။ ဒါတွေက ကျွန်တော်တို့အတွက် ရိုက်ခတ်မှု မရှိပါဘူး။ ကျွန်တော်တို့တွေက အားလုံးသိရှိထားပြီးမှ လုပ်ကိုင်ဆောင်ရွက်ခဲ့သလို တောင်ကိုးရီးယားအစိုးရကနေလည်း ကျွန်တော်တို့တွေကို ခိုလှုံခွင့် Visa လိုမျိုးတွေနဲ့ အကာအကွယ်ပေးထားတာ ရှိပါတယ်။ သူတို့ တတ်နိုင်တဲ့ဘက်ကနေပြီးတော့ တောက်လျှောက်လုပ်နေတာ ရှိပါတယ်” လို့ မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေး အဖွဲ့ချုပ် (MFDMC) အတွင်းရေးမှူး ကိုလင်းအိမ်က လဂွန်းအိမ် စာစဉ်ကို ပြောပါတယ်။
တောင်ကိုးရီးယားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ Passport သက်တမ်းကုန်လို့ သက်တမ်တိုးတဲ့အချိန်မှာ စစ်ကော်မရှင် သံရုံးဆီ မသွားလိုသူတွေအနေနဲ့ တောင်ကိုးရီးယားမှာပင် ဖွင့်လှစ်ထားတဲ့ NUG ကိုယ်စားလှယ်ရုံးကနေ တဆင့် သက်တမ်းတိုးနိုင်ကြောင်း လွတ်လပ်တဲ့ သတင်းမီဒီယာ BBC Burmese က ရေးသားထားပါတယ်။
BBC Burmese သတင်း Link – http://archive.today/Er14O
သုံးသပ်ချက်
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Lagon Eain က စိစစ်ကြည့်ရာမှာ စစ်တပ်ထောက်ခံချန်နယ်တွေ တော်လှန်ရေးထောက်ပို့နှစ်ဦးကို ဥပမာပြပြီး ကျန်ရှိနေသေးတဲ့ တောင်ကိုးရီးယားရောက် မြန်မာနိုင်ငံသားတွေ တော်လှန်ရေး ဆက်လက် မလုပ်ကိုင်နိုင်အောင် ခြိမ်းခြောက်လှုံ့ဆော်နေတဲ့ သဘောကို တွေ့ရပါတယ်။
ဒါပေမယ့် တကယ်လို့ စစ်ကော်မရှင်ကနေ ထိုသူ နှစ်ဦးကို နိုင်ငံသားအဖြစ်က ပယ်ပျက်ခဲ့ရင် တောင်ကိုရီးယား အစိုးရမှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံနိုင်သလို တခြားသော တောင်ကိုရီးယားရောက် မြန်မာတွေကလည်း စစ်တပ်လော်ဘီတွေ သွေးထိုးလှုံ့ဆော်မှုအပေါ် စိုးရိမ်စရာ မရှိဘူးဆိုတဲ့ အချက်ကို စိစစ်တွေ့ရှိရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို အောက်ဖော်ပြပါ Links ကနေတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Website link – https://myanmarfactcheckingnetwork.org
Facebook link – https://www.facebook.com/share/1Cy232FQNo/
#MFCN#LGE#FactCheck#SouthKorea