ထိုင်းနိုင်ငံမှာ ငလျင်လှုပ်မည်ဆိုကာ သတင်းမှားဖြန့်

၃ ဧပြီ ၂၀၂၆
Fact-check
ဟုတ်တယ် Vs မဟုတ်ဘူး၊ Akyab Post၊ DNA၊ MFCN
၂၀၂၆ ဧပြီ ၃ ရက်နေ့ ညသန်းခေါင် ၂ နာရီအချိန်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ငလျင်လှုပ်မယ်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တစ်ခု ဆိုရှယ်မီဒီယာထက်မှာ ပျံ့နှံ့လာပါတယ်။
Facebook စာမျက်နှာမှာ Follower ၄၇၀၀၀ ကျော် ရှိတဲ့ Sai One အကောက်ကနေ တင်ထားတာဖြစ်ပြီး reaction ပေးသူ ၄၃၂ ဦးနဲ့ မှတ်ချက်တွေမှာလည်း ငလျင်ကြောင့် ဘေးကင်းကြပါစေဆိုတဲ့ မှတ်ချက်တွေ အများစုကို တွေ့ရပြီး ဆိုရှယ်မီဒီယာထက်မှာ ဆက်လက်ပြီး ပျံ့နှံ့နေတာပါ။
📌 ဖြန့်ထားတဲ့ ပို့စ် အပြည့်အစုံ – https://archive.ph/bTmaH
ငလျင်လှုပ်မယ်ဆိုတာကို ကြိုတင်ခန့်မှန်းလို့ ရနိုင်လား၊ ငလျင်လှုပ်မှာကိုရော ကြိုသိနိုင်လား အများပြည်သူတွေကြားမှာ ငလျင်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတာကြောင့် Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်ကြတဲ့ ဟုတ်တယ် Vs မဟုတ်ဘူး၊ Akyab Post နဲ့ DNA တို့ကနေ အများပြည်သူတွေ စိုးရိမ်ပူပန်မှုလျော့ကျစေဖို့ အတွက် ငလျင်နဲ့ ပတ်သက်ပြီး သိထားစရာအကြောင်းအရာလေးတွေကို ပြောပြပေးသွားပါမယ်ရှင်။
https://www.facebook.com/reel/1248868840733862