၂၀၂၆၊ ဧပြီလ ၂၃ ရက်။
(Fact Check_LGE/The Red Flag)
မြန်မာနိုင်ငံအတွင်း ဧပြီလ ၁၉ ရက်မှ မေလ ၃၁ ရက်အထိ အရေးပေါ်အပူလှိုင်းဖြန်မှာဖြစ်ပြီး အပူချိန်မှာ
၄၅ ဒီကရီစင်တီဂရိတ်ကနေ ၅၅ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်မြင့်မားနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားကြောင်းကို Yarmanya Times ဆိုတဲ့ Facebook page ကနေ ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ သတင်းအမှားဖြစ်ကြောင်းကို လဂွန်းအိမ်က အချက်အလက်စစ်ဆေးပေးထားပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာ – http://archive.today/XJccR
အဲဒီအကြောင်းအရာကို Yarmanya Times ဆိုတဲ့ Facebook page ကနေ ဧပြီလ ၂၀ ရက်နေ့မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး Reaction လုပ်ထားသူ ၉၄၇ဦး၊ Comment ရေးသူ ၆ဦးနဲ့ Share လုပ်ထားသူမှာလည်း ၂၂၆ ဦးရှိတာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
ယခုသတင်းအမှားကို လဂွန်းအိမ်စာစဉ်ကနေ စိစစ်ကြည့်ရာမှာ ယုံကြည်စိတ်ချတဲ့ သတင်းမီဒီယာတွေမှာ အလှိုင်းဖြတ်မယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး သတင်းရေးသားဖော်ပြထားတာမျိုးလုံးဝ မတွေ့ရှိရပါဘူး။
မြန်မာနိုင်ငံအခြေစိုက် မိုးလေဝသ တွေကို ခန့်မှန်းပေးနေတဲ့ မိုးလေဝသပညာရှင်ဦးဝင်းနိုင် သူ့ရဲ့ လူမှုကွန်ရက် facebook မှာ အပူလှိုင်းဖြတ်မယ်ဆိုတာဟာ မဟုတ်ကြောင်း ငြင်းဆိုထားကို ဧပြီလ ၂၁ ရက်နေ့ ရက်စွဲနဲ့ မျှဝေထားတာကို တွေ့ရပါတယ်။
“ချောက်မြို့ ၄၃.၇°C နှင့် မင်းဘူးမြို့ ၄၃.၄°C ၁၁၃၀ နာရီမှာ အပူဆုံးမြို့များစာရင်းဝင်လာပါတယ်။ နွေရာသီမှာ မကွေးတိုင်းရဲ့ ပူနေကျ ပုံမှန်အပူချိန်တွေပါဘဲ။ ကြိုတင်ခန့်မှန်းချက်များအရ ဧပြီ ၂၉ ရက်နေ့ တိမ်တွေ ၁၀၀% ဖြစ်လာတဲ့အခါ အပူချိန်တွေ ကျလာပါလိမ့်မယ်။ မကွေးတိုင်းမှာ မိုးတောင်ရွာနိုင်တယ်လို့ တွေ့နေရပါတယ်။ အပူလှိုင်းဖြတ်မယ်တို အပူလွန်ကဲမယ်တို တောင်စဉ်ရေမရပြောနေကြတာတွေအတွက် ဦးဏှောက်ပါတဲ့ မိတ်ဆွေများ ကိုယ်တိုင်စဉ်းစားချင့်ချိန်သုံးသပ်ကြပါ၊ အပြင်က သတင်းတွေလဲ ဒီမှာ လာပြီး share မနေကြပါနဲ့” လို့ ဆိုထားတာပဲ ဖြစ်ပါတယ်။
မိုးလေဝပညာရှင်ဦးဝင်းနိုင်ရဲ့ Post – https://www.facebook.com/share/p/18GSiHZsk7/
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ မိုးလေဝသခန့်မှန်းချက်မှာလည်း မြန်မာနိုင်ငံမှာ အပူလှိုင်းဖြတ်မယ်ဆိုတဲ့ ထုတ်ပြန်ချက်မျိုးထုတ်ပြန်ထားတာမရှိပါဘူး။
NUG အစိုးရ မိုးလေဝသခန့်မှန်းချက်>>> https://bit.ly/4vSPsGf
စစ်ကောင်စီရဲ့မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ မိုးလေဝသခန့်မှန်းချက် မှာလည်း အပူလှိုင်းဖြတ်မယ်ဆိုတဲ့ ကြေညာချက်ကို မတွေ့ရှိရပါဘူး။
မိုးဇလဝဘ်ဆိုဒ်>>> https://www.moezala.gov.mm/my
သုံးသပ်ချက်
သတင်းအမှားမှာ ဖော်ပြထားတဲ့ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ကနေ ၅၅ ဒီဂရီစင်တီဂရိတ် အထိ မြင့်တက်နိုင်တယ်ဆိုတဲ့အချက်ဟာ သိပ္ပံနည်းကျ ခန့်မှန်းချက် မဟုတ်သလို လက်တွေ့မြေပြင် အခြေအနေနဲ့လည်း ကွာဟချက် အလွန်များနေတာဖြစ်ပြီး ၅၅ ဒီဂရီစင်တီဂရိတ်ဆိုတာ ကမ္ဘာပေါ်မှာ အပူဆုံးသတ်မှတ်ထားတဲ့ စံချိန်တင်အပူချိန်မျိုး ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ လက်ရှိရာသီဥတု အခြေအနေအရ မဖြစ်နိုင်တဲ့ ကိန်းဂဏန်းသာ ဖြစ်တာကို လဂွန်းအိမ်အနေနဲ့ တွေ့ရပါတယ်။
အထက်မှာဖော်ပြထားတဲ့အချက်တွေနဲ့ စိစစ်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အပူလှိုင်းဖြတ်မယ်ဆိုတဲ့ အကြောင်းအရာဟာ လုပ်ကြံဖန်တီးထားတဲ့သတင်းအမှားဖြစ်တယ်ဆိုတာကိုစိစ်တွေ့ရှိရပါတယ်။ သဘာဝဘေးအန္တရာယ်နဲ့ မိုးလေဝသခန့်မှန်းချက်တွေနဲ့ ပတ်သက်ပြီးအင်တာနက်အသုံးပြုသူတွေအနေနဲ့ အတည်မပြုနိုင်တဲ့ လူမှုကွန်ရက် စာမျက်နှာတွေက သတင်းတွေကို မယုံကြည် ဖို့နဲ့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနနဲ့ မိုးလေဝသပညာရှင်တွေရဲ့ ကိုးကားဖော်ပြချက်တွေနဲ့ တရားဝင် ထုတ်ပြန်ချက်တွေကိုသာ စောင့်ကြည့်လေ့လာကြဖို့ကို တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို အောက်ဖော်ပြပါ Links ကနေတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Website link – https://myanmarfactcheckingnetwork.org
Facebook link – https://www.facebook.com/share/1Cy232FQNo/
#MFCN#LGE#FactCheck#Weather#Myanmar_Military#falsenew#Heatwave
