July 29, 2025

တနင်္သာရီတိုင်းက တော်လှန်ရေးသမားတွေကို ငွေလိမ်သူတွေ ပစ်မှတ်ထားနေတယ်

Dawei Watch | Fact Check ဆောင်းပါး အခုတလော တနင်္သာရီတိုင်းက တော်လှန်ရေးသမားတွေရဲ့ Facebook အကောင့် ခိုးယူခံရတဲ့ဖြစ်စဉ်တွေ တော်တော် တွေ့လာရပါတယ်။ ခိုးယူထားတဲ့ Facebook အကောင့်ကို အသုံးချကာ တော်လှန်ရေးအတွက်လို့ အကြောင်းအမျိုးမျိုးပြပြီး ငွေကြေး အလှူခံတာ၊ ငွေချေးတာ စတဲ့ ငွေလိမ်တာတွေ လုပ်ဆောင်နေတာ []
July 24, 2025

ကေအဲန်ယူထံမှကူးယူထားသည့်ပုံဖြင့် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးနှင့်ပြည်သူများ ဒဏ်ရာရမှုအပေါ် သတင်းအမှားဖြန့်

ဇူလိုင်​ ၂၂ ရက်၊ ၂၀၂၅​ ခုနှစ်။ KIC,​ The​ Red​ Flag,​ MFCN ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့နယ်​ ရေလဲအနောက်ဘက်ကမ်းရွာနှင့် သင်္ကန်းကုန်းရွာမှ အသက်(၁၈)နှစ်အောက်ကလေးငယ်(၂)ဦးနှင့် ပြည်သူ(၂)ဦးအား နတ်သံကွင်းမြို့အခြေစိုက် စစ်ကောင်စီတပ်​နှင့်​ရွှေကျင်မြို့အခြေစိုက် ခြေလျှင်တပ်ရင်း ခမရ-၃၀၇ တို့က​လက်နက်ကြီးပစ်ခတ်၍ ဒဏ်ရာရရှိမှုအပေါ် ကေအဲန်ယူ​ထံမှ​ ကူးယူထားသည့်ပုံများဖြင့် D.I Thameedaw []
July 15, 2025

စစ်ကိုင်း​မြို့၊လင်းတလူးကျေးရွာရှိ အကြမ်းဖက် PDF တွေရောက်ရှိတည်းခိုနေတဲ့ ဘုန်းကြီးကျောင်းတစ်ခုကို တပ်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းအမှား

15 July 2025 စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊လင်းတလူးကျေးရွာက စစ်ဘေးရှောင် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဇူလိုင်လ ၁၁ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊လင်းတလူးကျေးရွာရှိ အကြမ်းဖက် PDF တွေရောက်ရှိတည်းခိုနေတဲ့ ဘုန်းကြီးကျောင်းတစ်ခုကို တပ်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွာခံတွေဆီက သိရတယ်ဆိုပြီး စစ်ကောင်စီ ဝါဒါဖြန့် ချန်နယ်တွေမှာ ဖြန့်ချိထားပါတယ်။ အထက်ပါ []
July 15, 2025

ကေအဲန်ယူ​က​ ကလေးစစ်သားအသုံးပြုနေကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းအပေါ်  စိစစ်ခြင်း

ဇူလိုင်​ ၈​ ရက်၊ ၂၀၂၅​ ခုနှစ်။ KIC,​ Lagon Eain,​The​ Red​ Flag,​ MFCN ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ကလေးစစ်သားအသုံးပြုနေကြောင်း စစ်သားယူနီဖောင်းဝတ်ဆင်ပြီး သေနတ်လွယ်ထားသည့် ကလေးငယ်တစ်ဦး၏ပုံနှင့်တကွ စစ်ကောင်စီဝါဒဖြန့်မီဒီယာတစ်ခုမှ ရေးသားဖြန့်ချိနေသည်။ ဇူလိုင်လ​ ၂​ ရက်နေ့ရက်စွဲဖြင့် စစ်ကောင်စီ​အကြိုက်​လိုက်​ သတင်းနှင့်ပုံများ ရေးသားဖြန့်ဝေလျက်ရှိသော နာမည်ကြီးဝါဒဖြန့်တယ်လီဂရမ်ချန်နယ် “မှိုင်းဝေ”​ []
July 7, 2025

လောင်းလုံးမြို့နယ်မှာ အရပ်သားတစ်ရာကျော်ဖမ်းဆီးခံရတာကို PDF လို့ ပုံဖော်သတင်းအမှားဖြန့်

Fact Check၊ Dawei Watch/လဂွန်းအိမ်စာစဉ်/ The Red Flag/ MFCN (ဇူလိုင်လ ၃ ရက်၊ ၂၀၂၅) တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၄ ရက်ကနေ ၂၄ ရက်အထိ ၁၀ရက်ကြာ စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ []
July 3, 2025

နောင်ချိုမြို့ကို စစ်တပ်မှ ပြန်လည်သိမ်းပိုက်ပေးရန် ဒေသခံများတောင်းဆိုနေဆိုသည့် သတင်းအမှား

၂၀၂၅ ဇွန်လှိုင် ၁ ရက် (သျှမ်းသံတော်ဆင့်၊ The Red Flag) ရှမ်းပြည် နောင်ချိုမြို့ ဒေသခံစစ်ရှောင်များမှ နောင်ချိုမြို့ကို စစ်တပ်မှ အမြန်ဆုံးပြန်လည် သိမ်းပိုက်ပေးရန် တောင်းဆိုနေကြကြောင်း ဓာတ်ပုံအချို့ဖြင့် သတင်းအမှားဖြန့်ချိနေပါသည်။ စဝ်နန်းဝတီမောင်ဆိုသည့် လူမှုကွန်ရက်အကောင့်တစ်ခုမှ ဖြန့်ချိခဲ့ပြီး “နောင်ချိုဒေသခံ စစ်ရှောင်များမှ နောင်ချိုမြို့ကို တပ်မတော်မှ အမြန်ဆုံးပြန်လည်သိမ်းပိုက်ပေးရန် []
July 3, 2025

ဖြူးမြို့နယ်မှာ KNLA, PDF က လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံများထိခိုက်သေဆုံးရကြောင်း စစ်ကောင်စီသတင်းမှားဖြန့်

ဇူလိုင် ၂ ရက်၊ ၂၀၂၅ ခုနှစ်။ KIC, FFM, The Red Flag ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဝဲကြီး(တောင်)၊ ဝဲကြီး(မြောက်)နှင့် ဝဲဒေါင့်ကျေးရွာတွင် ဇွန်လ ၂၉ ရက်နေ့က KNLA နှင့် PDF များမှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သဖြင့် ကလေးငယ်တစ်ဦးအပါအဝင် []
June 30, 2025

ပလက်ဝမြို့မှာ အေအေကနေ ပြည်သူ့ဆန်များကို ဖောက်ထွင်းခိုးယူနေဆိုပြီး သတင်းအမှားဖြန့်

Akyab Post/ MFCN Fact Check 30 Jun 2025 ချင်းပြည်နယ်က ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် အေအေဖက်ကနေ ဒေသခံချင်းလူမျိုးတွေရဲ့ အိမ်တွေကနေ ဆန်တွေကို ဖောက်ထွင်းယူပြီးတော့ ဒေသခံတွေကို ပေးနေတယ်ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။ တယ်လီဂရမ်မှာ ရခိုင်ဒေသနဲ့ ပတ်သက်ပြီးတော့ သတင်းတုသတင်းမှားတွေနဲ့ []
June 30, 2025

လောင်းလုံးမှာ အဘွားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် အဓမ္မပြုကျင့်မှု ဖုံးကွယ်ဖို့ကြိုးပမ်း

Fact Check| Dawei Watch / The Red Flag ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်တစ်ဦးဟာ အဘွားတစ်ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ကျူးလွန်ခံရသူ ကာယကံရှင်နဲ့ နှင်းဆီရောင်အမျိုးသမီးသမဂ္ဂတို့က ထုတ်ဖော်ပြောဆိုထားပါတယ်။ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကတော့ အဲဒီဖြစ်စဉ်ဟာ မမှန်ကန်ဘူး ငြင်းဆိုထားသလို ဒီဖြစ်စဉ်ဟာ []