FACT CHECK| စာသင်ကျောင်းတွေမှာ ချင်းPDFတွေနဲ့ အေအေတပ်ဖွဲ့တွေ စခန်းချနေတာကြောင့် ဗုံးကြဲရတယ်ဆိုတဲ့ ဝါဒဖြန့်သတင်းမှား

Fact-check_ Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး) 

အောက်တိုဘာ ၂၇ ၊ ၂၀၂၅ 

 

အနှစ်ချုပ်အကြောင်းအရာ 

 ချင်း PDFတွေနဲ့ အေအေတပ်ဖွဲ့ဝင်တွေဟာ စာသင်ကျောင်းတွေမှာ အခိုင်အမာ ဘန်ကာပြုလုပ်ပြီး စခန်းချနေတာကြောင့် ပြည်သူတွေကသတင်းပေး၍ ဗုံးကြဲခိုင်းတယ်ဆိုပြီး လုပ်ကြံဖန်တီးထားတဲ့ ဝါဒဖြန့်သတင်းမှားကို ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့သားတွေက အချက်အလက်စစ်ဆေးပေးထားပါတယ်။ 

 

ဖြန့်ဝေထားမှု 

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်ဖြစ်တဲ့ Ka Ka Han ချန်နယ်ကနေ အောက်တိုဘာလ ၂၂ ရက်နေ့မှာ “ချင်းပြည်နယ်မှာရှိတဲ့ စာသင်ကျောင်းတွေမှာ ဘန်ကာတွေဆောက်လုပ်ထားပြီး အခိုင်အမာစခန်းချနေတဲ့ ချင်းပဒက်စုတ်တွေနဲ့ AA အကြမ်းဖက်တွေကိုသာ ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ ဗုံးကြဲချေမှုန်း နေခြင်းသာဖြစ်ပါတယ်” ဆိုတဲ့ စာသားတွေနဲ့အတူ ဖြန့်ဝေထားတာဖြစ်ပါတယ်။ အဲ့ဒီပို့စ်ဟာ ပျံ့နှံ့မှုအနေနဲ့ ကြည့်ရှုသူ ၃၀၀၀ ကျော်နဲ့ ပျံ့နှံ့နေပါတယ်။
ဖြန့်ဝေထားတဲ့သတင်းမှားလင့်ခ် >>> https://archive.ph/2fpB7 

 

အချက်အလက်စိစစ်မှု 

 

အကြောင်းအရာထဲမှာပါတဲ့ “ချင်းပြည်နယ်မှာရှိ စာသင်ကျောင်းတွေမှာ ဘန်ကာတွေ ဆောက်လုပ်ထားပြီး အခိုင်အမာစခန်းချနေတယ်” ဆိုတာနဲ့ပတ်သက်ပြီး ရှာဖွေကြည့်လိုက်တဲ့အခါမှတော့ ခိုင်မာတဲ့ သက်သေ အထောက်အထားမျိုး မရှိပါဘူး။ ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း ရေးသားဖြန့်ဝေနေတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေမှာလည်း မတွေ့ရှိရပါဘူး။ 

 

ချင်းပြည်နယ်အတွင်းရှိ  မြို့နယ်တွေရဲ့  စာသင်ကျောင်းများကို ပစ်မှတ်ထားပြီး စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်နေတဲ့ အကြောင်းကို ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားတာ ကိုတွေ့ရပါတယ်။ 

မဇ္ဈိမသတင်းဌာနက ဖော်ပြထားတဲ့သတင်း >>> https://bit.ly/49kTBcV

The Irrawaddy – Burmese Edition ကဖော်ပြထားတဲ့သတင်း >>> https://bit.ly/3WFXiTj 

 

ဒါ့အပြင် Myanmar Now သတင်းဌာနရဲ့ သတင်းဖော်ပြချက်တခုမှာလည်း “မင်းတပ်မြို့နယ် စာသင်ကျောင်း ဗုံးကြဲခံရပြီး ကျောင်းသားများအပါအဝင် ၄ ဦးသေဆုံး”တဲ့အကြောင်းကိုရေးသားထား ပါတယ်။ 

 

Myanmar Now သတင်းဌာနရဲ့ သတင်း>>> https://bit.ly/4o2xixb 

 

သတင်းမီဒီယာတွေရဲ့ သတင်းရေးသားဖော်ပြထားတဲ့ သတင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးလိုက်ရင် စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်က ဖြန့်ဝေထားသည့် ပို့စ်မှာစွပ်စွဲထားသလိုမျိုး ချင်း PDFတွေနဲ့ အေအေ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတယ်ဆိုတာနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြထားတာမျိုးလုံးဝမရှိပါဘူး။ 

 

သုံးသပ်ချက် 

 

အထက်မှာဖော်ပြထားတဲ့အတိုင်း တိုက်ဆိုင်စိစစ်လိုက်မယ် ဆိုရင် ချင်းပြည်နယ်က စာသင်ကျောင်းတွေမှာ ချင်း PDFတွေနဲ့ အေအေ တပ်ဖွဲ့တွေ စခန်းချနေတာကြောင့် ဗုံးကြဲရတယ်ဆိုတဲ့ အကြောင်းအရာဟာ ပြည်သူလူထုအပေါ် ကျူးလွန်တဲ့ စစ်ရာဝတ်မှုတွေကို ဖုံးကွယ်ချင်တဲ့အတွက် လုပ်ကြံဖန်တီးပြီး ဖြန့်ဝေထားတဲ့ ဝါဒဖြန့်သတင်းမှား ဖြစ်တယ်ဆိုတာကို တွေ့ရှိနိုင်ပါတယ်။ 

 

ချင်းပြည်နယ်အတွင်းရှိ မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲခိုက်မှုတွေနဲ့ပတ်သက်ပြီး စစ်လော်ဘီတွေဟာ အရင်ကလည်း သတင်းမှားတွေကိုဖြန့်ခဲ့ဖူးပြီး အဲ့ဒီအကြောင်းအရာတွေကို MFCN အဖွဲ့ဝင် အချက်အလက်စစ်ဆေးတဲ့အဖွဲ့တွေက  အချက်အလက်စစ်ဆေးထားခဲ့ဖူးပါတယ်။

တွန်းဇံမြို့နယ်မှ CDF စခန်းကို လေကြောင်းကနေ တိုက်ခိုက်ဆိုသည့် သတင်းမှား >>> http://bit.ly/478oSP0 

 

ဟားခါးမြို့နယ် လေကြောင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သေဆုံးဆိုသည့် သတင်းမှား >>> https://bit.ly/47b2KDG
   

 

အကြံပြုချက် 

 

ဟုတ်တယ် Vs မဟုတ်ဘူး စာဖတ်ပရိတ်သတ်တွေအနေနဲ့ နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးမှာ အင်တာနက် အသုံးပြုတဲ့သူတွေ ထုတ်လုပ်ထားသည့် သတင်းအကြောင်းအရာမျိုးစုံ ပါနေတာကြောင့် ဓာတ်ပုံ၊ ရုပ်သံ ပါတိုင်းလည်း အလွယ်တကူလက်ခံ မယုံကြည်ဘဲ၊ သတင်းအရင်းအမြစ်များစွာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်။ 

 

စာဖတ်သူကိုယ်တိုင် သတင်း အမှား/ အမှန် ခွဲခြားရခက်နေတယ်ဆိုရင် အချက်အလက်စစ်ဆေးနေသည့် အဖွဲ့တွေထံ ဆက်သွယ်မေးမြန်နိုင်ပြီး၊ ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ လူမှုစာမျက်နှာများနှင့် Messenger တို့မှာ သိချင်တဲ့အကြောင်းအရာကို သတင်းလင့်ခ်၊ ဓာတ်ပုံ၊ ရုပ်သံတွေကို လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် မေးမြန်လို့ရပါတယ်။ 

 

Web – https://theredflagmedia.org/

Fb – https://www.facebook.com/realornot.mm

Youtube-https://www.youtube.com/@realornottrf 

Telegram- www.t.me/realornottrf
Tik Tok- https://www.tiktok.com/@realornottrf 

X-https://x.com/realornottrf 

#RealorNot(ဟုတ်တယ် Vs မဟုတ်ဘူး) #Fact-check #အချက်အလက်စစ်ဆေးခြင်း  #TNLA #ဗုံးကြဲ