FACT CHECK| ဗန်းမောက်မြို့ ကို KIA နဲ့ PDF တွေ မီးရှို့ ဖျက်ဆီးနေတယ်ဆိုတဲ့ သတင်းမှား

Fact-check_ Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး) / Myitkyina News Journal/ The Red Flag

အောက်တိုဘာ ၂၉ ၊ ၂၀၂၅ 

အနှစ်ချုပ်အကြောင်းအရာ 

 

ဗန်းမောက်မြို့ရှိ ထွေအုပ်ရုံး အပါအဝင် ဌာနဆိုင်ရာရုံးတွေ ကို  KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ တွေက မီးရှို့ဖျက်ဆီးနေတယ်ဆိုပြီး စစ်တပ်လော်ဘီတွေက ဖြန့်နေတဲ့အကြောင်းအရာသည် မှားယွင်းတင်ဆက်သည့် သတင်းမှား ဖြစ်ကြောင်းကို MFCN အဖွဲ့ဝင်တွေဖြစ်တဲ့ ဟုတ်တယ်Vs မဟုတ်ဘူး အဖွဲ့နဲ့ Myitkyina News Journal တို့ ပူးပေါင်းပြီး  အချက်အလက်စစ် ဆေးပေးထားပါတယ်။

ဖြန့်ဝေထားမှု

 

ဗန်းမောက်မြို့ရှိ ထွေအုပ်ရုံး အပါအဝင် ဌာနဆိုင်ရာရုံးတွေကို  KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့အကြောင်းအရာကို The Voice of Shan-Ni ဖေ့ဘွတ်ခ်စာမျက်နှာနဲ့ Ko Chit MDY တယ်လီဂရမ်ချန်နယ်တွေကနေ အောက်တိုဘာ ၂၆ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ပို့စ်တွေဟာ ပျံ့နှံ့မှုနှုန်းများနေပြီးတော့ တဆင့်ပြန်လည်ကော်ပီယူပြီးဖြန့်ဝေနေတာ တွေလည်းရှိနေပါတယ်။

The Voice of Shan-Ni ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖြန့်ဝေထားတဲ့ပို့စ်>>> https://archive.ph/re4Ge

Ko Chit MDY တယ်လီဂရမ်ချန်နယ်ကဖြန့်ဝေထားတဲ့ပို့စ်>>> https://archive.ph/wip/bCi6G 

 

အချက်အလက်စိစစ်မှု

 

ဗန်းမောက်မြို့ရှိ ထွေအုပ်ရုံး အပါအဝင် ဌာနဆိုင်ရာရုံးတွေကို  KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး Google မှာ အဓိက ကျတဲ့စကားလုံးတွေဖြစ်တဲ့ “ဗန်းမောက်မြို့မီးရှို့” ဆိုတဲ့စကားလုံးနဲ့ရှာဖွေကြည့်လိုက်ပါတယ်။

ဒီလိုရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ ဗန်းမောက်မြို့မှာရှိတဲ့ ဌာနဆိုင်ရုံးနဲ့ အဆောက်အအုံတွေ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်ဆိုတာက ဖြစ်စဉ်အမှန်ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။ ဒါပေမယ့် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက မီးရှို့တယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းမီဒီယာတွေနဲ့ မြေပြင်က ဒေသခံတွေရဲ့ပြောဆိုမှုတွေအရ  မှားယွင်းနေတာကို  စိစစ်တွေ့ရှိရပါတယ်။ 

 

အောက်တိုဘာလ (၂၆) ရက်နေ့မှာ ဗန်းမောက်မြို့မရဲစခန်းအတွင်းကို စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ ၁၂၀ မီလီမီတာ မော်တာကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောင်အချို့ မီးလောင်ကျွမ်းခဲ့ပါတယ်။ ဒီမီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး  စစ်ကောင်စီနဲ့  SNA ဝါဒဖြန် ဖေ့ဘွတ်ခ်စာမျက်နှာတွေနဲ့ ချန်နယ်တွေမှာ “PDF တွေက မီးရှို့ တယ်ဆိုပြီး ဝါဒဖြန့်နေတဲ့အကြောင်းကို”  မဟုတ်မမှန်ကြောင်း ကသာခရိုင်၊ အမှတ် – ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ကသာခရိုင်၊ အမှတ် – ၄ တပ်ရင်းရဲ့ သတင်းထုတ်ပြန်ချက်>>> https://bit.ly/47mWE1F 

 

ဗန်းမောက်မြို့မှာ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီးတော့ ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကော်မရှင်တပ် နဲ့ SNA အဖွဲ့တွေက မီးရှို့ဖျက်ဆီးနေတယ် လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေပြောထားချက်နဲ့ အောက်တိုဘာ(၂၇)၇က်နေ့မှာ  People’s Spring သတင်းဌာနက သတင်းဖော်ပြထားတာကို တွေ့ရပါတယ်။ 

 

People’s Spring ရဲ့ သတင်း >>> https://bit.ly/4qvhvIY 

 

မြေလတ်အသံသတင်းဌာနရဲ့ သတင်းဖော်ပြမှုထဲမှာလည်း ဗန်းမောက်မြို့မရဲစခန်းနဲ့ သစ်တောရုံးမီးလောင်မှုဟာ  SNA တပ်တွေရဲ့  လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖြစ်တယ်ဆိုပြီး ရေးသားဖော်ပြထားတာတွေ့ရပါတယ်။

မြေလတ်အသံသတင်းဌာနရဲ့သတင်း>>> https://bit.ly/4ns1jFw 

 

သုံးသပ်ချက် 

 

အထက်မှာဖော်ပြထားတဲ့အချက်တွေနဲ့ စိစစ်ကြည့်လိုက်မယ်ဆိုရင် စစ်တပ်ဝါဒဖြန့်ချန်နယ်တွေမှာ ဖော်ပြ ထားတဲ့ အကြောင်းအရာဖြစ်တဲ့ “ဗန်းမောက်မြို့ ကို KIA နဲ့ PDF တွေ မီးရှို့ ဖျက်ဆီးနေတယ်” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ဘက်က သူတို့ရဲ့ လုပ်ရပ်ကိုဖုံးကွယ်ဖို့အတွက် ကြိုတင်ဝါဒဖြန့်နေတဲ့  မှားယွင်းတင်ဆက်သော သတင်းမှားဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရရမှာဖြစ်ပါတယ်။

 

အကြံပြုချက် 

 

ဟုတ်တယ် Vs မဟုတ်ဘူး စာဖတ်ပရိတ်သတ်တွေအနေနဲ့ နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးမှာ အင်တာနက် အသုံးပြုတဲ့သူတွေ ထုတ်လုပ်ထားသည့် သတင်းအကြောင်းအရာမျိုးစုံ ပါနေတာကြောင့် ဓာတ်ပုံ၊ ရုပ်သံ ပါတိုင်းလည်း အလွယ်တကူလက်ခံ မယုံကြည်ဘဲ၊ သတင်းအရင်းအမြစ်များစွာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်။ 

 

စာဖတ်သူကိုယ်တိုင် သတင်း အမှား/ အမှန် ခွဲခြားရခက်နေတယ်ဆိုရင် အချက်အလက်စစ်ဆေးနေသည့် အဖွဲ့တွေထံ ဆက်သွယ်မေးမြန်နိုင်ပြီး၊ ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ လူမှုစာမျက်နှာများနှင့် Messenger တို့မှာ သိချင်တဲ့အကြောင်းအရာကို သတင်းလင့်ခ်၊ ဓာတ်ပုံ၊ ရုပ်သံတွေကို လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် မေးမြန်လို့ရပါတယ်။ 

 

Web – https://theredflagmedia.org/

Fb – https://www.facebook.com/realornot.mm

Youtube-https://www.youtube.com/@realornottrf 

Telegram- www.t.me/realornottrf

Tik Tok- https://www.tiktok.com/@realornottrf 

X-https://x.com/realornottrf 

#RealorNot(ဟုတ်တယ် Vs မဟုတ်ဘူး) #Fact-check #အချက်အလက်စစ်ဆေးခြင်း  #ဗန်းမောက် #PDF #ဗုံးကြဲ