December 17, 2025
၂၀၂၀ခုနှစ်တုန်းက မြန်မာပြည်သူအများစု ရွေးချယ်ခဲ့တဲ့ ဆန္ဒမဲရလဒ်တွေကိုငြင်းပယ်ပြီး အစိုးရကို မတရားသဖြင့်ဖြုတ်ချ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီ၊ စစ်ကော်မရှင် စသဖြင့် အမည်အမျိုးမျိုးပြောင်းနေတဲ့ စစ်တပ်က သူ့ကိုယ်သူ ပြည်သူတွေရွေးချယ်တင်မြှောက်တဲ့ ဟန်ပြအရပ်သားအစိုးရ ဖြစ်တယ်ဆိုတာပြဖို့အတွက် သေနတ်ထောက်၊ ဓားမိုးပြီး ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာ အားလုံးအသိဘဲဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲက ယုံကြည်စိတ်ချရပြီး ပြည်သူအများရဲ့ဆန္ဒကို ထင်ဟပ်စေခဲ့တဲ့ []
December 9, 2025
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းရန်ကြိုးပမ်းကြံစည်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း စစ်တပ်ထောက်ခံသူများသည် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွင်း ပါဝင်သူများကိုဖမ်းဆီးရန် လှုံ့ဆော်ခြင်းနှင့် သတင်းတုသတင်းမှားများကို ရည်ရွယ်ချက်ရှိရှိဖြန့်ဝေခြင်းတို့အား စနစ်တကျ ပိုမိုလုပ်ဆောင်လာခဲ့သည်။ ထို့အပြင် လက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့သည့် အချိန်ကတည်းက လက်ရှိအချိန်ထိ အွန်လိုင်းပေါ်ရှိစစ်တပ် ထောက်ခံအားပေးသည့် သတင်းမီဒီယာ အယောင်ဆောင်များ၏ ဝါဒဖြန့်ချိမှုများနှင့် လှုံ့ဆော်မှုများသည် အရပ်သားပြည်သူနှင့် တော်လှန်ရေးအင်အားစုများအတွက် ထိခိုက်မှုများစွာရှိခဲ့သည်။ ယင်းတို့အနက်သိသာထင်ရှားသည့် အချက်များမှာ []
November 20, 2025
တိုင်းရင်းသားမျိုးနွယ်စုအများအပြားနှင့် ကိုးကွယ်ယုံကြည်မှုမတူကွဲပြားသည့် မြန်မာနိုင်ငံသည် ရှိရင်းစွဲ ပဋိပက္ခများကြောင့် အတူတကွငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး၊ ယုံကြည်မှုတည်ဆောက်ရေးတို့နှင့်ပတ်သက်လျှင် အကဲဆတ်သည့်နိုင်ငံတစ်ခုအဖြစ် ရှိနေခဲ့သည်။ မြန်မာစစ်တပ်သည် ဗမာလူမျိုးကြီးဝါဒနှင့် ဗုဒ္ဓဘာသာ ကြီးစိုးရေးကို အာဏာတည်မြဲရန်ကိရိယာတစ်ခုအဖြစ် အမြဲအသုံးချခဲ့သည်။ စစ်တပ်ကလုပ်ပိုင်ခွင့်ပေး သလောက်သာ လုပ်ဆောင်ခွင့်ရသည့် အုပ်ချုပ်သူအဆက်အဆက်သည်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်မှုတည်ဆောက်ရေးနှင့် မတူညီသည့်ကိုးကွယ်ယုံကြည်သူများကြား သဟဇာတဖြစ်မှုကို တိုးတက်အောင်ဆောင်ရွက်ရန် အကန့်အသတ်များစွာရှိခဲ့သည်။။ မြန်မာစစ်တပ်၏ []
September 9, 2025
မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏မဲရလဒ်များကို မဲမသမာမှုအဖြစ်စွပ်စွဲပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရနှင့် ဆက်စပ်အဖွဲ့ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအားလုံးကို ပစ်မှတ်ထားဖယ်ရှားကာ အာဏာသိမ်းယူခဲ့သည့် စစ်တပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်သော စစ်ကောင်စီတပ်သည် ရွေးကောက်ပွဲဆိုသည့်စကားလုံးကိုအသုံးပြုကာ နိုင်ငံရေးထွက်ပေါက်ရှာရန် ပြင်ဆင်ခဲ့သည်မှာ ၂၀၂၃ ခုနှစ် ကတည်းကဖြစ်သည်။ အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် []
May 15, 2025
၂၀၂၅ခုနှစ်၊ မတ် ၂၈ရက်တွင်လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကြီးသည် စစ်ကောင်စီ ထိန်းချုပ်ရာ မြန်မာပြည် အလယ်ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်း၊ တံတားဦး၊ မန္တလေး၊ မြစ်သား၊ ကျောက်ဆည်၊ ပျော်ဘွယ်၊ နေပြည်တော်၊ ပျဉ်းမနား၊ တောင်ငူ စသည့်မြို့ရွာများတည်ရှိသော စစ်ကိုင်းပြတ်ရွေ့တစ်လျှောက် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပြီး လူဦးရေ လေးထောင်နီးပါးသေဆုံး၍ ပျောက်ဆုံး၊ ပျက်စီး၊ သေဆုံးစာရင်းများ []