ကန့်ဘလူမှာ အမျိုးသမီးကိုအဓ္ဓမပြုကျင့်သတ်ဖြတ်ပြီး အမျိုးသားကိုညှင်းပန်းနှိပ်စက်မှု PDF တွေပြုလုပ်ဆိုတဲ့သတင်းမှား

၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ ၂၀ရက်။
(Fact-check _DNA/ The Red Flag)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ကို ကထိန်ခင်းဖို့ သွားတဲ့ ဇနီးမောင်နှံနှစ်ဦးကို ပြီးခဲ့တဲ့ အောက်တိုဘာလ၊ ၁၆ရက်က ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းပေါ်မှာ ရှိတဲ့ တော်လှန်ရေးတပ်တွေက ဖမ်းဆီးပြီးအကြမ်းဖက်မှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာပျံ့နှံ့နေပါတယ်။
အဲ့ဒီအကြောင်းရာကို စစ်ကော်မရှင်လက်အောက်ခံ လော်ဘီချန်နယ်တခုဖြစ်တဲ့ Tha Din Ga Bar ဆိုတဲ့ချန်နယ်ကနေ “ကန့်ဘလူတွင် .အကဖ.များက ခရီးသွား လင်မယား ၂ ဦးကို ဖမ်းဆီးပြီး ဇနီးဖြစ်သူ ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်လိုက်ကာ ခင်ပွန်းမှာ အပြင်းအထန်ဒဏ်ရာများဖြင့် ထွက်ပြေး လွတ်မြောက်လာ၊ ရွှေ၊ငွေ၊ ဖုန်းနှင့်ဆိုင်ကယ်ကိုလည်း .အကဖ.များက လုယက်” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပြီး တခြားလူမှုကွန်ရက်တွေမှာလည်း ပြန်လည်ဖြန့်ဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။
သတင်းမှားလင့်များ
ပျံ့နှံ့လာတဲ့အကြောင်းနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA FactCheck အဖွဲ့ကနေစစ်ဆေးကြည့်တဲ့အခါမှာ နစ်နာသူဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးအကြမ်းဖက်ခဲ့တာက စစ်ကော်မရှင်ဖွဲ့စည်းထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တာကို တွေ့ရှိရပါတယ်။
သတင်းစိစစ်ချက်
စစ်ကိုင်းတိုင်း၊ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းပေါ်ရှိ စံပယ်နံ့သာဆိုတဲ့ စစ်ကော်မရှင်တပ်ရဲ့ ပျူးစောထီးအထိုင်စခန်းကနေ ပြီးခဲ့တဲ့ အောက်တိုဘာ၊ ၁၆ရက် မနက် ၉နာရီဝန်းကျင်မှာ တန့်ဆည်ရွာကထိန်အတွက် သွားနေတဲ့ ကောလင်းမြို့နယ်က ဒေသခံ ဇနီးမောင်နှံနှစ်ဦးကိုဖမ်းဆီးခဲ့တယ်ဆိုတာကို မြေလတ်အသံသတင်းဌာနကနေ အောက်တိုဘာ၊ ၁၇ရက်မှာ သတင်းဖော်ပြထားပါတယ်။
မြေလတ်အသံသတင်းဌာန – https://www.facebook.com/share/p/1BcotVkga3/
ဖမ်းဆီးခံရတဲ့ အချိန်မှာ နစ်နာသူတွေရဲ့မှတ်ပုံတင်တွေနဲ့ ဖုန်းတွေကိုစစ်ဆေးပြီးတဲ့နောက် စီးလာတဲ့ဆိုင်ကယ်၊ ဆွဲကြိုး နှစ်ကုံး၊ ဆွဲသီးတစ်ခု၊ လက်ကောက် တစ်ကွင်း၊ နားကပ် တစ်ရံ၊ ရွှေတစ်ကျပ်သား တစ်တုံး၊ ပိုက်ဆံခုနှစ်သိန်းနဲ့ ဖုန်းသုံးလုံးကိုသိမ်းဆည်းပြီးတဲ့နောက် နစ်နာသူတွေကို အဆောင်ခွဲပို့ပြီး လက်ပြန်ကြိုးတုတ်ပြီးတဲ့နောက် တနေကုန်နီးပါးနှိပ်စက်တာခံခဲ့ရတယ်ဆိုကိုလည်း Myanmar Nowကသတင်းဖော်ပြထားပါတယ်။
ဇနီးဖြစ်သူကို အကြိမ်ကြိမ်ပြုကျင့်ပြီးတဲ့နောက် အမျိုးသားဖြစ်သူကိုတော်လှန်ရေးမှာ ထောက်ပို့လုပ်တယ်လို့ စွပ်စွဲပြီးဖမ်းဆီးရိုက်နှက်ခဲ့တာဖြစ်ပြီး သတ်ဖြတ်ခံခါနီးအချိန်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့သူ ကိုကျော်မျိုးက Mandalay Free Press-MFP မှာ ဖြေကြားခဲ့တာကိုလည်းတွေ့ရပါတယ်။
သတင်းသုံးသပ်ချက်
လွတ်မြောက်လာသူအမျိုးသားရဲ့ပြောကြားချက်အရ PDFထောက်ပို့ဆိုတဲ့ အကြောင်းပြပြီးဖမ်းဆီးနှိပ်စက်ခဲ့တာဖြစ်တဲ့အတွက် စစ်ကော်မရှင်အဖွဲ့တွေဘက်က ဒီအကြမ်းဖက်မှုကိုပြုလုပ်ခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာရှိတဲ့ စစ်ကော်မရှင်လက်အောက်ခံ စံပယ်နံ့သာ ပျူစောထီးစခန်းက အပစ်မဲ့ခရီးသွားပြည်သူတွေကို အကြောင်းရင်းမဲ့ ဖမ်းဆီးအကြမ်းဖက်သတ်ဖြတ်နေတာကို တွေ့ရပါတယ်။
ဒီကန့်ဘလူနယ်မှာဖြစ်ပွားခဲ့တဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နောက် တော်လှန်ရေးတပ်တွေအပေါ်ပုံချဖြန့်ဝေနေတဲ့ သတင်းမှားဖြစ်တာကိုလည်းအတည်ပြုနိုင်ခဲ့ပါတယ်။
ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။