NUG က စက်သုံးဆီ ရောင်းချပေးမည်ဆိုသည့် သရော်လှောင်ပြောင်ထားသော သတင်းအမှား

25 March 2025
Fact-Check By Myanmar Pressphoto Agency-The Red Flag
NUG အစိုးရက ပြည်သူများအတွက် စက်သုံးဆီ ရောင်းချပေးရန် ဆောင်ရွက်နေဟု သရော်လှောင်ပြောင် ထားသော သတင်းအမှားများကို စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖြန့်ဝေနေကြသည်။
“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က မတ်လ ၂၃ ရက် ညနေ ၅ နာရီ ၄ မိနစ်တွင် မတ်လ ၂၃ ရက်တွင် ကျင်းပခဲ့သော CRPH လွှတ်တော်တွင် စက်သုံးဆီ အရံများ ရောင်းချပေးရေး အဆိုကို တင်သွင်းခဲ့ကြောင်း၊ အဆိုကို ကန့်ကွက်သူ မရှိသောကြောင့် NUG အနေဖြင့် စက်သုံးဆီ ရောင်းချနိုင်ရန် မြန်မြန်ဆန်ဆန် ဆောင်ရွက်နေကြောင်း ရေးသားဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို “Truth Media, D.I Tham Daw” တယ်လီဂရမ်ချန်နယ်များက ကူးယူဖြန့်ဝေ ထားကြသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/wiJ6V
Truth Media – https://archive.ph/Nh3mn
D.I Thameedaw – https://archive.ph/GJmdR
ထို့အပြင် “မှိုင်းဝေ” ချန်နယ်ကလည်း မတ် ၂၃ရက် ညနေ ၅နာရီကျော်တွင် NUG က ပြည်သူများ အလိုရှိသ လောက် စက်သုံးဆီများ ရောင်းချပေးမည်ဟု ရေးသားဖြန့်ဝေထားသည်။
Ai ဖြင့် ဖန်တီးထားသည့် NUG ဆိုင်းဘုတ်တပ်ဆင်ထားသော ဆီဆိုင်ဓာတ်ပုံနှစ်ပုံနှင့် အတူ သတင်းအမှား ကို ပူးတွဲ၍ ဖြန့်ဝေနေခြင်းဖြစ်သည်။
သတင်းအမှားလင့်ခ် – https://archive.ph/wip/Xpfjf
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သရော်လှောင်ပြောင်ထားသော သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
CRPH လွှတ်တော်တွင် စက်သုံးဆီအရံများ ရောင်တွင်းချပေးရေးအဆိုတင်သွင်းမှု ရှိ၊ မရှိ သိရှိရန် CRPH ဝဘ်ဆိုက်၌ ရှာဖွေရာ အဆိုပါ အကြောင်းအရာကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားခြင်း မရှိပေ။
မတ်လ ၁၆ ရက် ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေးတွင် ဒေါ်ဖြူဖြူသင်းက စစ်အုပ်စု ဖွဲ့စည်းမည့် မည် သည့်အဖွဲ့အစည်းမဆို ပြည်ထောင်စုလွှတ်တော်က လုံးဝ အသိအမှတ်မပြုကြောင်း ကြေညာပေးရန် အဆိုကို တင်သွင်းခဲ့ရာ လွှတ်တော်က ကြေညာဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/l3eF
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “NUG စက်သုံးဆီ ရောင်းချပေးမည်” ဟု ရေးသားရှာဖွေရာ အဆိုပါ အကြောင်းအရာကို သတင်းမီဒီယာများက ရေးသားဖော်ပြထားခြင်း မရှိပေ။
သို့သော် ကချင်၊ ချင်းနှင့် ရခိုင်သို့ ပို့မည် စက်သုံးဆီများကို NUG ခွင့်ပြုချက်ဖြင့်သညာ သယ်ဆောင်ရန် ညွှန်ကြားထားကြောင်း မတ် ၈ရက်တွင် Mizzima သတင်းဌာနက သတင်းရေးသားထားသည်။
သတင်းထဲတွင် ကချင်၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည် စက်သုံးဆီများ NUG ၏ တိုင်း/ဖက်ဒရယ် ယူနစ်နယ်မြေများကို ဖြတ်သန်းသယ်ဆောင်မည်ဆိုလျှင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာန ဖြတ်သန်းခွင့် လိုအပ်ကြောင်း NUG က ထုတ်ပြန်ထားခြင်းဖြစ်သည်။
သတင်းလင့်ခ် – https://bitly.cx/NtAMc
NUG ဆိုင်းဘုတ်ပါ ဆီဆိုင်သည်လည်း Ai အသုံးပြု၍ ဖန်တီးထား ခြင်းဖြစ်သည်။
သုံးသပ်ချက်
CRPH ၏ မတ်လ ၁၆ ရက် ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် လွှတ်တော်အစည်းအဝေးတွင် စက်သုံးဆီ ကိစ္စ အဆိုတင်သွင်းခြင်းမရှိကြောင်း တွေ့ရသည်။
စစ်ကော်မရှင်က ရက် ၅၀ စာ စက်သုံးဆီ သိုလှောင်ထားပြီး၊ စက်စွမ်းအားပေါ် မူတည်ကာ တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ရောင်းချပေးသွားတော့မည်ဟုမတ်လ ၂၂ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “NUG က စက်သုံးဆီ ရောင်းချပေးမည်” ဆိုသော အကြောင်းအရာသည် လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီအကျပ်အတည်းနှင့်အချိန်ကိုက်ဖြန့်ဝေ သည့် သရော်လှောင်ပြောင်ထားသော သတင်းအမှားဖြစ်သည်။
ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။
ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/