၂၀၂၆၊ ဧပြီလ ၂၉ ရက်။
Fact Check by လဂွန်းအိမ်၊ ဟုတ်တယ် Vs မဟုတ်ဘူး/The Red Flag
အကြောင်းအရာအနှစ်ချုပ်
ရေခဲမိုးတွေ ရွာနေတယ်ဆိုပြီး Tik Tok ပေါ်မှာ ပျံ့နှံ့နေတဲ့ Video ဟာ Ai နဲ့ ဖန်တီးပြုပြင်ထားတဲ့ Video ဖြစ်တယ်ဆိုတာကို လဂွန်းအိမ်နှင့် ဟုတ်တယ် Vs မဟုတ်ဘူးတို့မှ ပူးပေါင်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
ပျံ့နှံ့မှု
ဒီအကြောင်းအရာကို ဧပြီလ ၂၇ ရက်နေ့မှာ Tik Tok Platform မှာ TiK Tok user8205314652972 က ဖြန့်ဝေထားတာဖြစ်ပြီး Reaction ပေးထားသူ ၁၀၀၀၀ ကျော်၊ Comment ရေးသူ ၁၅၅၂ဦး၊ နဲ့ Share လုပ်ထားသူ ၂၀၀၀ ကျော်ရှိတာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာ – http://archive.today/mjDMF
အချက်အလက်စိစစ်ချက်
ပျံ့နှံ့နေတဲ့ အကြောင်းအရာဖြစ်တဲ့ ရေခဲမိုးရွာတယ်ဆိုတာနဲ့ပတ်သက်ပြီး သတင်းတခုရဲ့ အခြေခံဖြစ်တဲ့ ဘယ်နေရာ ဘယ်အချိန် မှာဖြစ်ခဲ့တယ်ဆိုတာမဖော်ပြထားသလို ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတကာသတင်းမီဒီယာ တွေအပါအဝင် ပြည်တွင်းသတင်းမီီဒီယာတွေမှာ သတင်းဖော်ပြထားတာမျိုးလုံးဝမတွေ့ရပါဘူး။
အဆိုပါ ပျံ့နှံ့နေတဲ့ Video ကို Reverse Image search၊ Image Whisperer စတဲ့ Ai တွေကို စစ်ဆေးတဲ့ Tools တွေကို အသုံးပြုပြီး စစ်ဆေးကြည့်ရာမှာလည်း အဆိုပါ Video ဟာ Ai ဖြစ်ကြောင်းကို တွေ့ရပါတယ်။
https://imagewhisperer.org/ ဖြင့် စစ်ဆေးကြည့်သည့် AI generated (or) Manipulate ပြုပြင်ထားသည့် ဗီဒီယိုဖြစ်ကြောင်းကို တွေ့ရှိရပါတယ်။
Video ထဲမှာပါဝင်နေတဲ့ ကားလိုင်စင်နံပါတ်ကို စစ်ကြည့်ရာမှာလည်း အိန္ဒိယနိုင်ငံ၊ Maharashtra ပြည်နယ်၊ ပူနေးမြို့ (Pune) မြို့မှာ မှတ်ပုံတင်ထားတဲ့ ကားနံပါတ်ဖြစ်တာကိုတွေ့ရတာကြောင့် ဆက်လက်စစ်ဆေးကြည့်ရာ မှာ Video တင်ထားတဲ့ ရက်စွဲ ဧပြီ ၂၇ ရက်နေ့မှာ အမြင့်ဆုံး အပူချိန် ၃၇ ဒီကရီ ဆဲစီးရပ်ထိရှိခဲ့ပြီး မိုးရွာသွန်းခဲ့ခြင်းမရှိသလို ရေခဲမိုးရွာသွန်းခဲ့တယ်ဆိုတဲ့ ဖော်ပြချက်တွေကိုလည်း မတွေ့ရပါဘူး။
ဒါအပြင် မိုးလေဝသနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ ကမ္ဘာ့မိုးလေဝသဆိုင်ရာ ထုတ်ပြန်ချက်တွေမှာလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတာတွေ မရှိပါဘူး။
ပျံ့နှံ့နေသည့် ဗီဒီယိုကို AI စစ်ဆေးသည့် hivemoderation Tools နှင့် စစ်ဆေးကြည့်သည့်အခါ AI နှင့် ပြုလုပ်ထားသည်ဖြစ်ကြောင်း 60% နှုန်းကျော်ဖော်ပြထားသည်ကိုတွေ့ရှိရသည်။
ထို့အပြင် ရေခဲမိုးရွာသည့် ဆင်တူယိုးမှား ဗီဒီယိုကို အချက်အလက်စစ်ဆေးသည့် အဖွဲ့ဖြစ်သည့် AFP နှင့် Factly အဖွဲ့တို့ AI ဗီဒီယိုဖြစ်ကြောင်းကိုလည်း ၂၀၂၅ ခုနှစ် ၁၀ လပိုင်းတွင် စစ်ဆေးထားသည်ကိုတွေ့ရှိ ရပါတယ်။
သုံးသပ်ချက်
ရေခဲမိုးရွာသည့် ဗီဒီယိုဖိုင်တွင် သေခြာစစ်ဆေးကြည့်ရှု့မည်ဆိုပါက လေးစက္ကန့်အကျော်တွင် ကားဘောနပ် ပေါ်ကျသည့် ရေခဲတုံးသည် ကားထဲနစ်ဝင်သွားသည်ကိုတွေ့မြင်ရမည်ဖြစ်ပါတယ်။
နောက်တချက်အနေဖြင့် အန္တရာယ်ရှိသောအခြေအနေတွင် လူအများ လမ်းမပေါ်သွားလာနေခြင်းသည် ပုံမဟုတ်သည့် အခြေအနေမျိုးဖြစ်ပါတယ်။
အရှိန်ဖြင့် ကျလာသည့် ရေခဲ့တုံးများ ကွဲကြေမသွားခြင်းသည်လည်း AI ဖြင့်ဖန်တီးထားသည့် အခြေအမျိုး ဖြစ်ပါတယ်။ သာမန် မိုးသီးကြွေကျသည့်အချိန်တွင် မာကျောသည့် အရာဖြင့်ထိတွေလျှင် ကွဲဖြာထွက်သွား သည်ကိုတွေမြင်နိုင်ပြီး ယခု AI ဖန်တီးထားသည် ဗီဒီယိုတွင် ရေခဲတုံးများ ကွဲထွက်မသွားသည်တွေ့ပါတယ်။ ဤအခြင်းအရာများနှင့် အထက်ပါစစ်ဆေးထားသည့် အချက်အလက်များနှင့် နှိုင်းယှဉ်သုံးသပ်ကြည့်မည်ဆို လျှင် AI ဖြင့်ဖန်တီးထားသည့် ဗီဒီယိုဖြစ်ကြောင်းသိနိုင်ပါတယ်။
အကြံပြုချက်
စာဖတ်သူတွေအနေနဲ့ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် သတင်းတု/သတင်းမှား ဖြစ်နိုင်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ ၊ Fact Checking စစ်ဆေးပေးတဲ့ သတင်းဌာန သို့မဟုတ် အဖွဲ့တွေကို သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို အောက်ဖော်ပြပါ Links ကနေတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Website link – https://myanmarfactcheckingnetwork.org
Facebook link – https://www.facebook.com/share/1Cy232FQNo/
