Akyab Post, Red Flag
MFCN
11 May 2025
ရခိုင်ဒေသရင့် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးဦးလှစောကွယ်လွန်ခြင်းဟာ လည်ချောင်းကင်ဆာ ရောဂါကြောင့်မဟုတ်ပဲ အေအေရဲ့ အစည်းအဝေးလုပ်နေတာကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကနေ ရရှိတဲ့ ဒဏ်ရာကြောင့် သေဆုံးတာဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။
Telegram မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Shwe Myanmar ချန်နယ်ကနေ မေလ ၆ ရက်နေ့မှာ “အကြမ်းဖက် AA နိုင်ငံရေးမှုး ဦးလှစောသည် လည်ချောင်း ကင်ဆာရောဂါဖြင့် သေဆုံးသွားခြင်း မဟုတ်ကြောင့် သိရသည်။ပြီးခဲ့တဲ့လပိုင်းက ကျောက်တော်ရှိ AA အ ကြီးအကဲများ အစည်းအဝေးလုပ်နေစဥ် တပ်မတော်မှ သတင်းအတိရယူပြီး လေ ကြောင်းဖြင့် ရှင်းလင်းရာမှာ ဦးလှစော သည် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး အိန္ဒိ ယနိုင်ငံ မီဇိုရမ်တွင် ဆေးကုသမှု ခံယူရင်းနဲ့ သေဆုံးသွားခြင်း ဖြစ်သည်ဟု သိရသည်။” ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
 Shwe Myanmar ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/eIjis
 Shwe Myanmar ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/eIjis
ဒီပို့စ်ကို ဝင်ရောက်ဖတ်ရှုသူ ၂၁၆၀၀ ကျော်ထိရှိပြီးတော့ reactin ပေးသူ ၂၂ ဦးထိရှိပြီးတော့ စစ်ကောင်စီရဲ့ အခြားဝါဒဖြန့်ချန်နယ်တွေဖြစ်တဲ့ Ko Thet ချန်နယ်မှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
 Ko Thet ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/zoCdJ
 Ko Thet ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/zoCdJ
ဒီပို့စ်ကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ ဦးဦးလှစော သေဆုံးခြင်းဟာလေကြောင်းတိုက်ခိုက်မှုအတွင်း ရရှိတဲ့ ဒဏ်ရာကြောင့် သေဆုံးတာမဟုတ်ဘူးဆိုတာကို တွေ့ရပါတယ်။
 သတင်းစိစစ်ချက်
သတင်းစိစစ်ချက်
စစ်ကောင်စီရဲ့ Telegram ချန်နယ်တွေမှာ ပျံံ့နှံ့လို့ရှိတဲ့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိပြီး ဦးဦီးလှစော ကွယ်လွန်ဆိုတဲ့ ပို့စ်ကို Akyab Post ဖက်ကနေပြီးတော့ google advanced search tools သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ ဦးဦးလှစော ကွယ်လွန်ဆိုပြီးတော့ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ RFA Burmese ကနေ မေလ ၅ရက်နေ့မှာ “ကဗျာဆရာ၊ စာရေးဆရာ မောင်ခိုင်အောင် (ခေါ်) ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဦးလှစောဟာ မေလ ၅ ရက် ည ၁၁ နာရီကျော်က ကွယ်လွန်သွားပါတယ်။ သူဟာ လည်ချောင်းကင်ဆာရောဂါ ခံစားနေရပြီး ဆေးရုံမှာ တက်ရောက်ကုသနေစဉ်အတွင်း ကွယ်လွန်သွားတာပါ။” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။
 RFA Burmese ရဲ့ သတင်းအပြည့်အစုံ – https://www.rfa.org/…/rakhine-politician-u-hla-saw…
 RFA Burmese ရဲ့ သတင်းအပြည့်အစုံ – https://www.rfa.org/…/rakhine-politician-u-hla-saw…
သတင်းဌာနတစ်ခုဖြစ်တဲ့ Mizzima ကနေလည်း “ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဦးလှစော လည်ချောင်းကင်ဆာဖြင့် ကွယ်လွန်” ဆိုပြီးတော့ ရေးသားဖော်ပြပါတယ်။
 Mizzima ရဲ့ သတင်းအပြည့်အစုံ – https://bur.mizzima.com/2025/05/06/55120
 Mizzima ရဲ့ သတင်းအပြည့်အစုံ – https://bur.mizzima.com/2025/05/06/55120
ဒါ့အပြင် အာရက္ခတပ်တော်ဖက်ကနေလည်း ဦးဦးလှစော လည်ချောင်းကင်ဆာဖြင့် ကွယ်လွန်ခြင်းကို အတည်ပြုထုတ်ပြန်ထားပါတယ်။
 AA ရဲ့ ထုတ်ပြန်ကြေညာချက်အပြည့်အစုံ – https://t.me/aainfodesk/1357
 AA ရဲ့ ထုတ်ပြန်ကြေညာချက်အပြည့်အစုံ – https://t.me/aainfodesk/1357
ဦးဦးလှစောနဲ့ နီးစပ်သူတစ်ဦးကိုလည်း Akyab Post ဖက်ကနေ မေးမြန်းကြည့်တဲ့အခါမှာလည်း “ဆရာဦးဦးလှစောက မီဇူရမ်မှာ လည်ချောင်းကင်ဆာနဲ့ ဆုံးသွားတာပါ။ လေကြောင်းတိုက်ခိုက်ခံရပြီးတော့ ဒဏ်ရာရတာလည်းမဟုတ်ပါဘူး။ ကင်ဆာက ၁နှစ်ကျော်နေပါပြီ။ ကင်ဆာကြောင့်ပဲ သေတာပါ” လို့ အတည်ပြုပါတယ်။
 သုံးသပ်ချက်
သုံးသပ်ချက်
ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေ၊ နီးစပ်ရာ အသိုင်းအဝိုင်းတွေရဲ့ အတည်ပြုချက်တွေအပါအဝင် အာရက္ခတပ်တော် အေအေရဲ့ ထုတ်ပြန်ကြေညာချက်နဲ့အတူ စစ်ဆေးကြည့်တဲ့အခါမှာ ဦးဦးလှစောသေဆုံးခြင်းဟာ လည်ချောင်းကင်ဆာရောဂါနဲ့ သေဆုံးတာဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံ မီဇူရမ်မှာ ၂၀၂၅ ခုနှစ် မေ ၅ ရက်နေ့မှာ သေဆုံးတယ်ဆိုတာကို တွေ့ရှိရပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေတဲ့ “စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိပြီး ဦးဦီးလှစော ကွယ်လွန်” ပို့စ်ဟာ သတင်းမှားသာဖြစ်ပါတယ်။
လက်ရှိရခိုင်ဒေသတွင်းက နိုင်ငံရေးအခြေအနေများကြောင့် စစ်ကောင်စီထောက်ခံသူတွေဟာ အေအေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင် ဒေသတွင်းမှာ မငြိမ်မသက်ဖြစ်လာအောင် ပဋိပက္ခဖြစ်စေတဲ့ အမုန်းတရားတွေကို ဖြန့်လျက်ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီလတုန်းကလည်း စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေဟာ ကျောက်တော်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဦးဦးလှစော သေဆုံးဆိုပြီးတော့ ဝါဒဖြန့်ခဲ့ကြပါသေးတယ်။ ဒီပို့စ်ကိုလည်း Akyab Post ဖက်ကနေ စစ်ဆေးထားတဲ့အပြည့်အစုံကို အောက်ကလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဦးလှစော သေဆုံး ဆိုသောသတင်းမှား – https://www.facebook.com/theakyabpost/posts/539021112500250
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေနဲ့လဲ အွန်လိုင်းပေါ်က သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ကြဖို့ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌာနတွေရဲ့ သတင်းတွေကိုသာ ဝင်ရောက်ဖတ်ရှုဖို့ အကြံပြု တိုက်တွန်းလိုပါတယ်။
ဒါ့အပြင် နောက်ပိုင်းမှာ မီဒီယာ အယောင်ဆောင်လာကြတဲ့ ဝါဒဖြန့်ချိသူတွေကိုလည်း သတိထားဖို့ Social Influencer တွေရဲ့ ပြောစကားတွေကို မယုံကြည်ကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။
ရခိုင်ဒေသနဲ့ ပတ်သက်တဲ့ သတင်းအမှား အကြောင်းအရာဟု သံသယရှိရင်လဲ Akyab Post (facebook page) နဲ့ Myanmar Fact-checking Network (facebook page) ရဲ့ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
 
								

