Fact-check _TawNaw FM / The Red Flag/ MFCN
6 Nov 2025
အနှစ်ချုပ်
စစ်တပ်လော်ဘီချန်နယ်က ကေအဲန်ယူအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းရဲ့ အင်တာဗျူးဗီဒီယိုထဲက လိုသလိုဖြတ်ယူပြီး KNU နဲ့ PDF ထဲမှာ ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေ “ ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဟာ အင်တာဗျူးဗီဒီယိုကို လိုသလိုဖြတ်ထုတ်ပြီး ချဲ့ကားရေးသားထားတဲ့ သတင်းဖြစ်ပါတယ်။
”စစ်တပ်ကနေ ဘက်ပြောင်းခိုလှုံသွားတဲ့ လူတွေကို KNU နဲ့ PDF ထဲရောက်သွားလို့ သူတို့စိတ်မကြည်တော့ရင် CDM တွေကို သတ်ဖြတ်တာတွေ၊ PDF မိန်းကလေးတွေကို အဓမ္မပြုကျင့်တဲ့ ကိစ္စတွေရှိတယ်”ဆိုပြီး အာဏာသိမ်းစစ်တပ်ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေပါတယ်။
စစ်တပ်လော်ဘီ “ စွမ်းအားရှင် “ တယ်လီဂရမ်ချန်နယ်က စက်တင်ဘာလ ၁၈ ရက်၊ နံနက် ၁၀း၁၄ မှာ “KNU နဲ့ PDF က CDM တွေကို သတ်တယ်၊ PDF မိန်းကလေးတွေကို မုဒိန်းကျင့်တယ်”ဆိုပြီး ကေအဲန်ယူဗဟို အမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်းထွန်းရဲ့ အင်တာဗျူးဗီဒီယိုကို *လိုသလိုဖြတ်ယူပြီး ရေးသားဖြန့်ဝေခဲ့ပါတယ်။
အဆိုပါအကြောင်းအရာကို စက်တင်ဘာလ ၂၀ ရက် နံနက်ပိုင်း အထိ ဝင်ရောက်ကြည့်ရှုသူ *၃၆,၇၀၀ ကျော်၊ Reaction ပေးသူ ၉ဦး ရှိခဲ့ပြီး Kyaw Swar တယ်လီဂရမ်ချန်နယ်ကလည်း ကူးယူဖော်ပြခဲ့ပြီး ဝင်ရောက်ကြည့်ရှုသူ *၂၅,၅၀၀ ကျော် Reaction ပေးသူ ၆၅၁ ဦးအထိ ရှိခဲ့ပါတယ်။ တခြား Social Plaform တွေမှာလည်း ပျံ့နှံ့မှုရှိနေပါတယ်။
မူရင်း သတင်းလင့်ခ် >>> https://t.me/srshin12345/120677
Archive Link >>> http://archive.today/aV54T
ဒီသတင်းကို တောနော်က အချက်အလက်စစ်ဆေးကြည့်ရာမှာတော့ အာဏာသိမ်းစစ်တပ်ဝါဒဖြန့်ချန်နယ်တွေဟာ စာဖတ်သူတွေအထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိ ရေးသားထားတဲ့ ဝါဒဖြန့်သတင်း ဖြစ်ပါတယ်။
သတင်းစိစစ်ချက်
ပျံ့နှံ့နေတဲ့ ဗီဒီယိုအပိုင်းကို *Google Lens က တဆင့် တိုက်ဆိုင်စစ်ဆေးကြည့်ရာမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က အင်တာဗျူးဗီဒီယိုဖိုင်တစ်ခုဖြစ်တာကို တွေ့ရပါတယ်။
အင်တာဗျူးကို ကရင်သတင်းဌာန တစ်ခုဖြစ်တဲ့ *KIC တင်ခဲ့တာဖြစ်ပါတယ်။
အင်တာဗျူးမှာ နွေဦးတော်လှန်ရေးအတွက် အကြံပြုချက်ဆိုတဲ့ခေါင်းစဉ်နဲ့ အမေးအဖြေလုပ်ထားတဲ့ အင်တာဗျူး တစ်ခုဖြစ်ပါတယ်။
အင်တာဗျူးမှာ အဓိကအားဖြင့် နွေဦးတော်လှန်ရေးအတွက် NUG အစိုးရအပေါ် စစ်ရေးအကြံပေးချက်တွေနဲ့ ခေါင်းဆောင်တွေရဲ့လိုအပ်ချက်တွေကို အကြံပေး ထောက်ပြထားတာကို တွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ဝါဒဖြန့်ချန်နယ်က စွပ်စွဲထားတဲ့ ပြောဆိုချက်တွေဟာ အင်တာဗျူးမှာပါတဲ့စကားတွေကို ထပ်မံချဲ့ကားထားပြီးပြောဆိုထားတာ ဖြစ်ပါတယ်။
ပဒိုစောသမိန်ထွန်းရဲ့ပြောဆိုချက်က “တော်လှန်ရေးသက်တမ်းကြာနေတဲ့ ကေအဲန်ယူနယ်မြေမှာ စစ်ရေးစည်းကမ်း၊ အုပ်ချုပ်ရေးစည်းနဲ့ ဝင်လာတဲ့တော်လှန်ရေးသမားတွေကို ကိုင်တွယ်နိုင်ပေမယ့် နေရာအသစ် လူအသစ်တွေနဲ့လုပ်ရတဲ့တခြားနေရာတွေမှာတော့ တချို့တပ်ဖွဲ့တွေဟာ လူသတ်တာတို့ အမျိုးသမီးတွေကို မတရားပြုကျင့်တာတွေပါရှိနေပြီး အရေးမယူဘူးဆိုရင် အဲဒီလူတွေ တချိန်မှာခေါင်းဆောင်ဖြစ်လာရင် သူတို့နယ်မြေဟာ မငြိမ်းချမ်းနိုင်ဘူး” လို့ ဆိုတာပဲဖြစ်ပါတယ်။
အင်တာဗျူးဗီဒီယိုဖိုင်အပြည့်အစုံကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
အင်တာဗျူးဗီဒီယိုဖိုင် >>> https://shorturl.at/Q1rjD
ရာဇဝတ်မှုကျူးလွန်တာနဲ့ပတ်သက်ပြီး တောနော်က အချက်အလက်စစ်ဆေးကြည့်ရာမှာ တော်လှန်ရေးတပ်ဖွဲ့တချို့ဟာ တကယ်ကျူးလွန်ခဲ့ကြောင်းကို တွေ့ခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တချို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို Than Lwin Khet, Karenni People’s Voice မှာ တင်ပြထားပါတယ်။
“ Than Lwin Khet “ မှာ ရာဇဝတ်မှုနှင့်လိင်ပိုင်းဆိုင်ရာပစ်မှုတွေကို စစ်ကော်မရှင်တပ်တွေသာမက တော်လှန်ရေးတပ်တွေပါ ကျူးလွန်မှုတချို့ရှိကြောင်း၊ ပြည်သူအကူအညီပေးရေးအဖွဲ့(PMCSG) ရဲ့စစ်တမ်းထုတ်ပြန်ချက်ကို သတင်းရေးသားထားပြီး NUG တရားရေးဝန်ကြီးဌာန MOG လက်အောက်က တရားရေးဌာနသို့ တိုင်ကြားနိုင်မည်ဖြစ်ပြီး တိုင်ကြားရေးယန္တရားတစ်ခုကို ဖော်ဆောင်ထားပြီဖြစ်သည်ဟု NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြောင်း”ကိုလည်း ရေးသားဖော်ပြထားပါတယ်။
အပြည့်အစုံကြည့်ရန် >>> https://shorturl.at/4XFJr
” Karenni People’s Voice ” မှာ တော်လှန်ရေးမှာ ထင်ပေါ်ကျော်ကြားသူ ရေး-ဘီလူးဟာ ဖမ်းဆီးရမိထားတဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်တာဖြစ်ပြီး ခုလုပ်ရပ်ဟာ လူ့အခွင့်အရေးအရဖြစ်စေ၊ စစ်သည်ကျင့်ဝတ်အရဖြစ်စေ လုံးဝမလုပ်ဆောင်သင့်တဲ့ လုပ်ရပ်ဖြစ်ပြီး ထိုလုပ်ရပ်ကို အရေးယူဆောင်ရွက်မယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်းရဲ့ပြောကြားချက်တွေကို ဖော်ပြထားပါတယ်။
အပြည့်အစုံကြည့်ရန် >>> https://shorturl.at/WXONg
အင်တာဗျူးမှာ ပဒိုစောသမိန်ထွန်းက စစ်အုပ်စုကကျူးလွန်တဲ့ စစ်ရာဇဝတ်မှုကိုလည်း အခုလိုထည့်ပြောခဲ့ပါတယ်။
“ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကလည်းကြည့်နေတာ၊ မင်းတို့အပြန်အလှန်သတ်နေကြတယ်ဆိုရင် နင်တို့လည်းအတူတူပဲ၊ ဘယ်သူ့ကို ငါတို့ကအသိအမှတ်ပြုရမလဲဆိုတာတွေဖြစ်လာရော၊ ဒါကြောင့်မို့ ဒါမျိုးက စောစောစီးစီးပြင်သင့်တာ၊ ကျွန်တော်တို့ပြောပြောနေကြတာက မင်းအောင်လှိုင်တို့က အဓမ္မသမားတွေ ကိုယ်ကျိုးကြည့်တဲ့သူတွေ သူတို့အကျိုးစီးပွားပဲသူတို့ကြည့်တာ၊ လူတွေသေသေ၊ ရွာတွေမီးလောင်လောင် သူတို့နဲ့မဆိုင်ဘူး၊ ကျွန်တော်တို့က ဓမ္မတွေ ဓမ္မဆိုတာက တရားစွာလုပ်ရမယ် “ လို့ပြောခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာဏာသိမ်းနောက်ပိုင်း စစ်ရာဇဝတ်မှုများစွာကိုကျူးလွန်ခဲ့ပြီး တော်လှန်ရေးအင်အားစု လက်အောက်ရောက်သွားတဲ့ မြို့ရွာတွေထဲကို အစဉ်တစ်စိုက် လေကြောင်းဗုံးကြဲတာတွေ ထပ်ခါတလဲလဲ ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေနဲ့ ဒုက္ခသည်စခန်းတွေပါမကျန် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ၊ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေထိခိုက်သေဆုံးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး လွှတ်လပ်တဲ့သတင်းမီဒီယာတွေဖြစ်တဲ့ The Irrrawaddy News, BBC News, RFA, Mizzima, Western News တို့က စာသတင်းအပြင် ဗီဒီယိုသတင်းတွေကို အထောက်အထားများစွာနဲ့ ထုတ်ဖော်ခဲ့တဲ့ပြီး တခြားသတင်းဌာနနဲ့ လူအခွင့်အရေးအဖွဲ့အစည်းများစွာကလည်း ထုတ်ဖော်ခဲ့ပါတယ်။
သတင်းလင့်ခ်များ
DVB TV news
Mizzima
KHRG
AAPP
Western New
ရုပ်သံသတင်းလင့်ခ်များ –
Mizzima ဆောင်းပါး
RFA
The Irrawaddy News
ဒါတွေအပြင် စစ်အာဏာရှင်တွေကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေများစွာ ရှိနေပါသေးတယ်။
သုံးသပ်ချက်
အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ “ KNU ဗဟိုကော်မတီ၀င် ဖဒိုစောသမိန်ထွန်းကိုယ်တိုင် ပြောပြတဲ့ KNU နဲ့ PDF ထဲမှာ ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေ “ ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဟာ အင်တာဗျူးဗီဒီယိုကို လိုသလိုဖြတ်ထုတ်ပြီး ချဲ့ကားရေးသားထားတဲ့ သတင်းဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တချို့ဟာ ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုကို အမှန်တကယ်ကျူးလွန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဟာ ထို့ထက်ပိုတဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ရက်စက်စွာသတ်ဖြတ်တာ၊ ဖမ်းဆီးချုပ်နှောင်တာတွေနဲ့ အစုလိုက်အပြုံလိုက်သူသေစေတာတွေ မြို့ရွာဖျက်စီးတာ စတဲ့ရာဇဝတ်မှုတွေကို အကြိမ်ကြိမ်ကျူးလွန်ခဲ့ပါတယ်။
ထို့ကြောင့် စစ်တပ်ထောက်ခံတဲ့ ဝါဒဖြန့် တယ်လီဂရမ်တွေမှာ ပျံ့နှံ့နေသည့် ကြောင်းအရာသည် တော်လှန်ရေးတပ်ဖွဲ့အားလုံးကို အထင်အမြင်လွှဲမှားအောင် ချဲ့ကားရေးသားထားတဲ့ ဝါဒဖြန့်သတင်း ဖြစ်ပါတယ်။
ဒီစစ်ဆေးချက်ဟာ အခုလ ၂၂ ရက်နေ့နေ့လယ်ပိုင်းအထိ စစ်ဆေးတွေ့ရှိထားတဲ့ အချက်အလက်တွေဖြစ်ပါတယ်။
တောနော်စာဖတ်သူတွေအနေနဲ့ အင်တာနက်လူမှုမီဒီယာပေါ်မှ ပျံ့နှံ့လာသော အကြောင်းအရာတွေကိုအလွယ်တကူ လက်ခံမယုံကြည်ဘဲ၊ သတင်းအရင်းအမြစ်များစွာနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှသာ ဖတ်ရှုသင့်ပါတယ်။
Myanmar Fact-checking Network အဖွဲဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Tawnaw FM ကို အောက်ဖော်ပြပါ စာမျက်နှာတွေမှာလည်း ကြည့်ရှုနိုင်ပါတယ်။
Website – www.tawnawfm.com
Telegram – https://t.me/tawnawfm
Youtube – https://shorturl.at/ksHUV
