မိုးဗြဲ PDF ၂၀၀၀ ခန့် KNDFက ခွဲထွက်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမည်ဆိုတဲ့ သတင်းအမှား

၂၀၂၆ခုနှစ်၊ ဧပြီလ ၂၆ ရက်
ဖက်ဒရယ် FM/ MFCN
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့မှာ Satt Nann Wati Maung ဖေ့စ်ဘွတ်စာမျက်နှာက “ မိုးဗြဲနယ်မှာ အမှတ် (၁) အယ်လ်ဖာစစ်ဒေသဖွဲ့စည်းကြောင်း ထုတ်ပြန်တဲ့ သတင်းဓာတ်ပုံကို အသုံးပြုပြီး မိုးဗြဲ PDF ၂၀၀၀ ခန့် ဟာ KNDFက ခွဲထွက်ပြီးတော့ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်” ဆိုပြီးတော့ သတင်းအမှားဖြန့်ဝေနေပါတယ်။
အဲ့ဒီ သတင်းအမှားကို Satt Nann Wati Maung ဖေ့စ်ဘွတ်စာမျက်နှာက စတင်ဖြန့်ချိခဲ့ပြီး Likeပြုလုပ်သူ – ၂၀၀ကျော်နဲ့ Share ပြုလုပ်သူ – ၁၆ယောက် ရှိနေပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာကို အောက်ပါလင့်ခ်မှာ သွားရောက် ကြည့်ရှူနိုင်ပါတယ်။
ဖြန့်ဝေထားတဲ့အကြောင်းအရာ >>>> https://www.facebook.com/share/p/17eGUGgVWY/
အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FMက အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအကြောင်းအရာ တခုရဲ့ ပုံကိုယူသုံးပြီး လုပ်ကြံဖန်တီးပြီးဖြန့်ဝေထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။
စစ်ဆေးတွေ့ရှိချက်
ဖြန့်ဝေထားတဲ့ အကြောင်းအရာမှာပါဝင်တဲ့ ဓာတ်ပုံကို Google မှာ ပြန်လည်ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ မိုးဗြဲနယ်မှာ အမှတ် (၁) အယ်လ်ဖာစစ်ဒေသဖွဲ့စည်းကြောင်းဖော်ပြထားတဲ့သတင်းရဲ့ ဓာတ်ပုံဖြစ်နေတာကို တွေ့ရှိရပါတယ်။
လွတ်လပ်တဲ့ ဒေသတွင်းမီဒီယာသတင်းဌာနတွေဖြစ်ကြတဲ့ ဖက်ဒရယ် FM၊ Karenni Pepole’s Voices၊ ကန္တာရ၀တီတိုင်း (မ်)တို့မှာ “မိုးဗြဲနယ်မှာ အမှတ် (၁) အယ်လ်ဖာစစ်ဒေသဖွဲ့စည်းကြောင်း” သတင်းအသီးသီးဖော်ပြထားကြတာဖြစ်ပါတယ်။
ကန္တာရ၀တီတိုင်း (မ်)သတင်းဌာနမှာတော့ “ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁ အယ်လ်ဖာစစ်ဒေသကိုဖွဲ့စည်းခဲ့ကြောင်း၊ အမှတ် ၁ အယ်လ်ဖာစစ်ဒေသကို KNDF စစ်ဗျူဟာအမှတ် ၁ နဲ့ အမှတ် ၈ အပါအ၀င် မိုးဗြဲ PDF ၊ Local တပ်တချို့ ပူးပေါင်းပြီး ဧပြီ ၂၁ ရက်နေ့မှာ ဖွဲ့စည်းကြောင်း၊ တပြည်နယ်လုံးအတိုင်းအတာနဲ့ ညီညွတ်ရေးတပ် မတည်ဆောက်နိုင်ခင်အထိ ကရင်နီပြည်သမိုင်းကြောင်းအရရှိခဲ့တဲ့ ကရင်နီပြည်၊ နယ်လေးနယ်ထဲက မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေကို တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းပြီး တော်လှန်ရေးခရီးကိုရှေ့ဆက်ဖို့ ရည်ရွယ်ကြောင်း ” သတင်းမှာ ဖော်ပြထားပါတယ်။
ကန္တာရ၀တီတိုင်း (မ်)ရဲ့သတင်းအပြည့်အစုံ >>> https://www.facebook.com/share/p/1EG8aqEs9y/
ဖက်ဒရယ် FM ရဲ့သတင်းအပြည့်အစုံ >>>
Karenni Pepole’s Voice ရဲ့သတင်းအပြည့်အစုံ >>> https://www.facebook.com/share/p/1HQE2WauaV/
“အခုဖွဲ့စည်းလိုက်တဲ့ အမှတ် ၁ အယ်လ်ဖာစစ်ဒေသက ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကာကွယ်ရေး၀န်ကြီးဌာန (MOD )၊ ကရင်နီ ပူးတွဲစစ်ဦးစီးကော်မတီ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တို့ရဲ့ နိုင်ငံရေး၊စစ်ရေး နဲ့ အုပ်ချုပ်ထောက်ပံ့မှု အစီအမံအောက်မှာ တည်ရှိနေမှာဖြစ်ကြောင်းကိုလည်း” အမှတ် (၁) အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်)က သတင်းထုတ်ပြန်ထားပါတယ်။
အမှတ် (၁) အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) ထုတ်ပြန်ချက် အပြည့်အစုံ>>>
မိုးဗြဲ PDF ၂၀၀၀ ကျော်ဟာ KNDFကခွဲထွက်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေး မယ်ဆိုတဲ့ အကြောင်းအရာမျိုးကို ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာ တွေမှာ သတင်းဖော်ပြထားတာမျိုးလုံးဝမတွေ့ရှိရပါဘူး။
သုံးသပ်ချက်
လွတ်လပ်တဲ့ ဒေသတွင်းသတင်းမီဒီယာဌာနတွေရဲ့ ဖော်ပြချက်နဲ့ စိစစ်ကြည့်လိုက်တဲ့ အခါမှာတော့ ‎ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) ဗျူဟာ ၁ နဲ့ ဗျူဟာ ၈ ၊ ပြည်သူ့ကာကွယ်ရေးတပ်-အလယ်ပိုင်းတိုင်းက တပ်ရင်း/တပ်ဖွဲ့တချို့နဲ့ PDF တွေ၊ Local PDF တွေစုပေါင်းပြီး အမှတ် ၁ အယ်လ်ဖာ စစ်ဒေသကို ဖွဲ့စည်းလိုက်ကြောင်းကို စိစစ်တွေ့ရှိရပါတယ်။
Satt Nann Wati Maung ဖေ့စဘွတ်စာမျက်နှာက ဖြန့်ချိခဲ့တဲ့သတင်းမှာ အသုံးပြုထားတဲ့ ဓာတ်ပုံဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့မှာ အမှတ် (၁) အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်)ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ထားတဲ့ သတင်းဓာတ်ပုံကို အသုံးပြုထားကြောင်း စိစစ်တွေ့ရှိရပါတယ်။
ဒါကြောင့် Satt Nann Wati Maung ဖေ့စဘွတ်စာမျက်နှာက ဖြန့်ချိခဲ့တဲ့ “မိုးဗြဲ PDF နှစ်ထောင်ခန့်ဟာ KNDFက ခွဲထွက်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမည်” ဆိုတာဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
စာဖတ်သူတွေအနေနဲ့ အခုလို ဒီဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တာတွေ သိလိုရင်ဖြစ်ဖြစ် သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက် တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲ ဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ်FMရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။