Akyab Post/ MFCN
Fact Check
13 Aug 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်အတွင်းက ထွန်းရဝေကျေးရွာမှာ အေအေတပ်သားတွေ အစုလိုက်နေထိုင်တဲ့ နေရာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ် ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်က စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Western 24 News ချန်နယ်ကနေ ဩဂုတ်လ ၉ ရက်နေ့မှာ “AA အကြမ်းဖက် သမားများစုဖွဲ့နေကြောင်း AA အကြမ်းဖက် သမားများကိုမလိုလားသော ဒေသခံရခိုင်ပြည်သူများ၏ သတင်းပေးပို့ချက်အရ ရသေ့တောင်မြို့နယ် ထွန်းရဝေ ရွာကိုလေကြောင်းမှ သီချင်းဖွင့်ပြ။” ဆိုပြီးတော့ Narinjara သတင်းဌာနကနေ တင်ထားတဲ့ သတင်းကို Screenshot ရိုက်ပြီး ဓာတ်ပုံနဲ့တကွ ရေးသားဖြန့်ဝေထားပါတယ်။
 Western 24 News ချန်နယ်ကနေ မူရင်းရေးသားထားတဲ့ ပို့စ် အပြည့်အစုံ – https://archive.ph/hhKST
 Western 24 News ချန်နယ်ကနေ မူရင်းရေးသားထားတဲ့ ပို့စ် အပြည့်အစုံ – https://archive.ph/hhKSTဒီပို့စ်ကို ဖြန့်ဝေထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ ဇူလှိုင်လ ၁၂ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၅၈၀၀ ကျော်၊ Reaction ပေးသူ ၁၅ ဦးနဲ့ comment ပေးသူ ၁ ဦးနဲ့ စစ်ကောင်စီဝါဒဖြန့် အခြားချန်နယ်တွေ ဖြစ်ကြတဲ့ May Yu Htar Nay နဲ့ Shwe Myanmar ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
 May Yu Htar Nay – https://archive.ph/PgnnN
 May Yu Htar Nay – https://archive.ph/PgnnN Shwe Myanmar – https://archive.ph/dPhjm
 Shwe Myanmar – https://archive.ph/dPhjmဒီပို့စ်ကို Myanmar Fact−checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ အဆောက်အအုံတွေဟာ အေအေတပ်သားတွေ နေထိုင်တဲ့နေရာမဟုတ်ပဲ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ပို့စ်ဟာ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
 သတင်းစိစစ်ချက်
သတင်းစိစစ်ချက်စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Western 24 News ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို google reverse search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသအခြေပြုသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Narinjara ကနေ ဩဂုတ်လ ၉ ရက်နေ့မှာ “ရသေ့တောင် ထွန်းရဝေရွာဟောင်းအနီးကို စစ်ကောင်စီ ညဉ့်အချိန် ဗုံးကြဲ” ဆိုတဲ့ သတင်းကို Screenshot ရိုက်ပြီး ဖြန့်ထားတာကို တွေ့ရပါတယ်။
 Narinjara သတင်း အပြည့်အစုံကို ဖတ်ရှုရန် – https://burmese.narinjara.com/…/6896d9ef1b637ec7666e48e…
 Narinjara သတင်း အပြည့်အစုံကို ဖတ်ရှုရန် – https://burmese.narinjara.com/…/6896d9ef1b637ec7666e48e…Narinjara သတင်းရဲ့ ရေးသားဖော်ပြချက်တွေအရ ထွန်းရဝေကျေးရွာဟောင်းအနီးက တာတမံအနီးကို သြဂုတ်လ ၉ ရက်၊ ညဉ့် ၂ နာရီ ၉ မိနစ်နှင့် ၂ နာရီ ၁ဝ မိနစ်ခန့်တွင် စစ်ကောင်စီလေတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေးသားဖော်ပြပါတယ်။
Narinjara သတင်းရဲ့ ရေးသားချက်တွေအရ သုံးထားတဲ့ ဓာတ်ပုံတွေဟာ ၂၀၂၅ ခုနှစ် မေလ ၁၃ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရလို့ အပျက်အစီးဓာတ်ပုံတွေဖြစ်နေတာကို တွေ့ရပါတယ်။
 Narinjara သတင်းရဲ့ မူရင်းသတင်း – https://burmese.narinjara.com/…/6822d722c8875ede0222ac0f
 Narinjara သတင်းရဲ့ မူရင်းသတင်း – https://burmese.narinjara.com/…/6822d722c8875ede0222ac0fဒါ့အပြင် ရခိုင်ဒေသအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ DMG သတင်းဌာနကနေလည်း သြဂုတ်လ ၉ ရက်နေ့မှာ “ကျောက်ဖြူနှင့် ရသေ့တောင်မြို့နယ်တို့ကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲ” လို့ ရေးသားဖော်ပြထားပါတယ်။
DMG ရဲ့ ရေးသားဖော်ပြချက်တွအရ “ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာကိုလည်း ယနေ့ ( ဩဂုတ် ၉ ရက်) ညည့် ၂ နာရီခန့်တွင် လေကြောင်းဖြင့် ဗုံး၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့သည်။ ဗုံးသီးများ ကျေးရွာအပြင်ဖက် ချောင်းကမ်းစပ်နှင့် တာတမံ ပေါက်ကွဲသဖြင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။” လို့ ရေးသားဖော်ပြထားပါတယ်။
 DMG ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.dmgburmese.com/%E1%80%9E%E1%80…/ownxe.html…
 DMG ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.dmgburmese.com/%E1%80%9E%E1%80…/ownxe.html…ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့လည်း မြန်မာဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ DVB ကနေ ဩဂုတ်လ ၁၀ ရက်နေ့မှာ “ ကျောက်ဖြူနှင့် ရသေ့တောင်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်” လို့ ရေးသား ဖော်ပြထားပါတယ်။
 DVB ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.dvb.no/post/718821
 DVB ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.dvb.no/post/718821သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်မှာ ရေးသားဖော်ပြချက်တွေအရ လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာဟာ အေအေတပ်သားတွေကနေ စခန်းချထားတဲ့ နေရာမဟုတ်ဘဲ လေကြောင်းတိုက်ခိုက်တဲ့ ဗုံးသီးတွေဟာ ကျေးရွာအပြင်ဖက် ချောင်းကမ်းစပ်နှင့် တာတမံမှာ ပေါက်ကွဲတယ်လို့ ရေးသားဖော်ပြထားပါတယ်။
 သုံးသပ်ချက်
သုံးသပ်ချက်စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံံ့နှံ့နေသလိုမျိုး ရသေ့တောင်မြို့နယ်က အေအေတပ်သားတွေရှိတဲ့ နေရာကို ဗုံးကြဲနိုင်ခဲ့တယ်လို့ ဖော်ပြတာဟာ လိုရာဆွဲပြီးတော့ ရေးသားထားတဲ့ စွပ်စွဲချက်သာဖြစ်နေတာကို တွေ့ရပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်နေတဲ့ ပုံဟာလည်း ၂၀၂၅ ခုနှစ် မေလ ၁၃ ရက်နေ့က ထွန်းရဝေ ကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အပျက်အစီးပုံဖြစ်နေတာကို တွေ့ရပါတယ်။
ယခင်ကလည်း ဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားလေ့ရှိကြပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
 Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား- https://www.facebook.com/share/v/19C3KPdFUR/
 Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား- https://www.facebook.com/share/v/19C3KPdFUR/လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
 
								

