Akyab Post/ MFCN
12 Jun 2025
Fact Check
ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းက အေအေတပ်သားတွေ အစုလိုက်နေထိုင်တဲ့ နေရာကို လေကြောင်းတိုက်ခိုက်ခဲ့တယ် ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်က စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Snow Queen ချန်နယ်ကနေ ဇွန်လ ၈ ရက်နေ့မှာ “ သံတွဲမြို့နယ်အတွင်း AA သောင်းကျန်းသူများ အစုလိုက်နေထိုင်ရာ နေရာများကို တပ်မတော်က လေကြောင်းမှ ရှင်းလင်း” ဆိုပြီးတော့ ဆိုပြီးတော့ ဓာတ်ပုံနဲ့တကွ ရေးသားဖြန့်ဝေထားပါတယ်။
 Snow Queen ချန်နယ်ကနေ မူရင်းရေးသားထားတဲ့ ပို့စ် အပြည့်အစုံ – https://archive.ph/t6EVo
 Snow Queen ချန်နယ်ကနေ မူရင်းရေးသားထားတဲ့ ပို့စ် အပြည့်အစုံ – https://archive.ph/t6EVoဒီပို့စ်ကို ဖြန့်ဝေထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ ဇွန်လ ၉ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၇၁၀၀ ကျော်၊ reaction ပြုလုပ်သူ ၁၅၁ ဦးထိရှိပြီးတော့ comment ပေးသူ ၃ဦးထိရှိကာ စစ်ကောင်စီရဲ့ အခြားဝါဒဖြန့်ချန်နယ်တွေဖြစ်တဲ့ Ye Yint Htet ချန်နယ်နဲ့ Myanmar Transparenc ချန်နယ်တွေမှာလည်း ပျံ့နှံ့လျက်ရှိပါတယ်။
 Ye Yint Htet – https://archive.ph/fmxGn
 Ye Yint Htet – https://archive.ph/fmxGn Myanmar Transparency – https://archive.ph/mIJrf
 Myanmar Transparency – https://archive.ph/mIJrfဒီပို့စ်ကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ သံတွဲမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ အဆောက်အအုံတွေဟာ အေအေတပ်သားတွေနေထိုင်တဲ့နေရာမဟုတ်ပဲ စစ်ဘေးရှောင်တွေရှိကြတဲ့ စာသင်ကျောင်းတစ်ခုသာဖြစ်ပြီးတော့ ဖြန့်ဝေထားတဲ့ ပို့စ်ဟာ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
 သတင်းစိစစ်ချက်
 သတင်းစိစစ်ချက်စစ်ကောင်စီရဲ့ Telegram ချန်နယ်တွေမှာ ပျံံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Snow Queen ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို Akyab Post ဖက်ကနေ google reverse search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသအခြေပြု သတင်းဌာနတစ်ခုဖြစ်တဲ့ Arakan Princess Media (အာရက္ခမင်းသမီး မီဒီယာ) ကနေ ဇွန်လ ၈ ရက်နေ့မှာ သံတွဲမှာ စစ်ကောင်စီကနေ နေရာ ၃ နေရာကို ဗုံးကြဲခဲ့တယ်ဆိုတဲ့ သတင်းက ပုံတွေဖြစ်နေတာကို တွေ့ရပါတယ်။
ဇွန်လ ၈ ရက်နေ့မှာ စစ်ကောင်စီဖက်ကနေ သံတွဲမြို့နယ်က အမှတ်(၈) ရပ်ကွက်၊ သံတွဲမြို့နယ် ကျောက်ကြီးရွာ အထက်တန်းကျောင်း(စစ်ရှောင်စခန်း)နဲ့ ပုစွန်ဖြေ စာသင်ကျောင်း (စစ်ရှောင်စခန်း) တို့ကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄ ယောက် သေဆုံးပြီး၊ ၁၀ ယောက် ဒဏ်ရာရတယ်ဆိုပြီး ရေးသားဖော်ပြထားပါတယ်။
 Arakan Princess Media (အာရက္ခမင်းသမီး မီဒီယာ) ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/16ReMQoH2k/
 Arakan Princess Media (အာရက္ခမင်းသမီး မီဒီယာ) ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/16ReMQoH2k/ဒါ့အပြင် ဇွန်လ ၈ ရက်နေ့မှာ သံတွဲမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း စာသင်ကျောင််းများထိခိုက်ပျက်စီးမှုနဲ့ အရပ်သားပြည်သူများထိခိုက်သေဆုံးမှုရှိတာကို ရခိုင်ဒေသတွင်း သတင်းဌာနတွေဖြစ်တဲ့ Development Media Group နဲ့ Narinjara သတင်းဌာနတွေကနေ ဖော်ပြထားပါတယ်။
 Development Media Group – https://www.facebook.com/share/p/1DsnDKnwLD/
 Development Media Group – https://www.facebook.com/share/p/1DsnDKnwLD/ Narinjara – https://www.facebook.com/share/p/15EfvGN6eu
 Narinjara – https://www.facebook.com/share/p/15EfvGN6euဒါ့အပြင် ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Myanmar Now ကနေလည်း စစ်ကောင်စီဖက်ကနေ သံတွဲမြို့နယ်မှာ စာသင်ကျောင်း ၂ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရရှိတယ်ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။
 Myanmar Now ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/18cMdjBe5K/
 Myanmar Now ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/18cMdjBe5K/ သုံးသပ်ချက်
 သုံးသပ်ချက်စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့နေသလိုမျိုး သံတွဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေနဲ့ ပျက်စီးမှုတွေဟာ အေအေတပ်သားတွေနေထိုင်ကြတဲ့ နေရာမဟုတ်ပဲ စစ်ဘေးရှောင်တွေရှိတဲ့ စာသင်ကျောင်း နှစ်ကျောင်းသာ ဖြစ်နေတာကို တွေ့ရပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားနေတဲ့ မှားယွင်းတင်ပြတဲ့ သတင်းမှားအမျိုးအစားသာဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
 Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
 Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
 
								

