Akyab Post, The Red Flag, MFCN
Fact-check
10 Sep 2025
အာရက္ခတပ်တော် အေအေဖက်ကနေ ဒေသခံတွေကို အနိုင်ကျင့်ပြီးတော့ ရိက္ခာအတင်းအဓမ္မ လုယက်တာကြောင့် ပြည်သူတွေဟာ နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “နေပြည်တော်” ချန်နယ်ကနေ စက်တင်ဘာလ ၈ ရက်နေ့မှာ “မညင်းတောင် ဒေသခံများ အေအေအဖွဲ့အနိုင်ကျင့်မှုကြောင့် စေတီပြင်ရွာသို့ ထွက်ပြေးတိမ်းရှောင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မညင်းတောင်ကျေးရွာ ဒေသခံပြည်သူများသည် အေအေအနိုင်ကျင့်မှုများနှင့် ရိက္ခာအဓမ္မလုယက်မှုများကြောင့် မိမိတို့နေထိုင်ရာရွာများမှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ဒေသခံများအဆိုအရ AAအဖွဲ့ဝင်များက မညင်းတောင်အပါအဝင် ရွာအချို့တွင် ရိက္ခာများ အဓမ္မလုယက်ယူဆောင်ခြင်း ၊ပြည်သူများကို နှိပ်စက်ညှင်းပန်းခြင်းများ ပြုလုပ်နေသည်ဟုဆိုသည်။ ထို့ကြောင့် မယူတဖက်ကမ်းရှိ စေတီပြင်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ကာ ဒုက္ခသည်စခန်းများတွင်ခိုလှုံနေကြရသည်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
 “နေပြည်တော်” ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/h9295
 “နေပြည်တော်” ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/h9295“နေပြည်တော်” ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ စက်တင်ဘာလ ၉ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ 9.11 K ထိရှိပြီးတော့ 96 ဦးထိရှိပြီးတော့ စစ်ကောင်စီဝါဒဖြန့် အခြားချန်နယ်တွေဖြစ်တဲ့ “နောင်ရိုးဟစ်တိုင်” နဲ့ Facebook လူမှုကွန်ရက်က ARF Burmese page တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
 “နောင်ရိုးဟစ်တိုင်” – https://archive.ph/LZXwf
 “နောင်ရိုးဟစ်တိုင်” – https://archive.ph/LZXwf ARF Burmese page – https://archive.ph/5RxGP
 ARF Burmese page – https://archive.ph/5RxGPစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေတဲ့ ပို့စ်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ယခင် ၂၀၂၂ နှစ်က စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ကြား တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာရတဲ့ ဒေသခံရဲ့ပုံတွေဖြစ်နေပြီးတော့၊ ဝါဒဖြန့်ချန်နယ်တွေကနေ ပုံအဟောင်းကိုသုံးပြီးတော့ သတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
Facebook ဆိုရှယ်မီဒီယာနဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ Reverse image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
“နေပြည်တော်” ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံကို Reverse image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသအခြေပြု သတင်းမီဒီယာဌာနတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနမှနေ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှာ “လတ်တလောစစ်ပွဲများကြောင့် ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များအတွက် အရေးပေါ်အကူအညီများလိုအပ်နေ” ဆိုတဲ့ သတင်းမှာ ပါရှိတဲ့ ပုံတွေဖြစ်နေတာကိုတွေ့ရပါတယ်။
Narinjara သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ ရသေ့တောင်မြို့နယ် မြောက်ပိုင်းမှာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် မေယုမြစ်အရှေ့ဘက် ကျေးရွာ ခုနှစ်ရွာခန့်က ဒေသခံတစ်ထောင်ကျော်ခန့်ဟာ နီးစပ်ရာကျေးရွာတွေဖြစ်ကြတဲ့ စေတီပြင်၊ငွေတောင်၊ စက်ခေါ်ရွာ၊ ကြိမ်တန်း၊ ကျောက်ရံ၊ သိမ်တောင်အစရှိတဲ့ ကျေးရွာတွေကို သို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရေးသားဖော်ပြထားပြီးတော့၊ သတင်းမှာပါရှိတဲ့ ပုံတွေဟာလည်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ကြားမှ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြရတဲ့ ဒေသခံတွေလို့ ရေးသားဖော်ပြထားပါတယ်။
 Narinjara သတင်းဌာနရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://burmese.narinjara.com/…/630f2d90fe1b24398f78196d
 Narinjara သတင်းဌာနရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://burmese.narinjara.com/…/630f2d90fe1b24398f78196dဒီသတင်းဓာတ်ပုံတွေကိုပဲ နိုင်ငံတကာသတင်းဌာနကြီးတစ်ခုဖြစ်တဲ့ RFA Burmese ကနေလည်း ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှာ “ရသေ့တောင်မှာ တိုက်ပွဲဖြစ်ပြီး ဒေသခံ ငါးထောင်ကျော် ထွက်ပြေးရ” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။
RFA Burmese ရဲ့ ရေးသားချက်မှာလည်း ၂၀၂၂ ခုနှစ် ဩဂုတ် ၃၀ ရက်က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီဂ အနီးအနားဝန်းကျင်မှာရှိတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံ ငါးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရေးသားဖော်ပြကာ သတင်းဓာတ်ပုံကိုလည်း ၂၀၂၂ ခုနှစ် ရသေ့တောင်မြို့နယ် မညှင်းတောင်အနီး တိုက်ပွဲကြောင့် စေတီပြင်ကျေးရွာကို ထွက်ပြေးရောက်ရှိလာကြတဲ့ ဒေသခံများအား တွေ့ရစဉ်ဆိုပြီးတော့ ရေးသားထားပါတယ်။
 RFA သတင်းဌာနရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/photo.php?fbid=10162018603688128&id=39218993127&set=a.10150522560153128
 RFA သတင်းဌာနရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/photo.php?fbid=10162018603688128&id=39218993127&set=a.10150522560153128ဒါ့အပြင် ဒီသတင်းဓာတ်ပုံတွေကိုပဲ RFA ရဲ့ နိုင်ငံတကာ သတင်း website ကနေ “Thousands flee fighting between Myanmar junta, Arakan Army in Rakhine” ဆိုပြီးတော့ ဩဂုတ်လ ၃၁ ရက်နေ့မှာ ရေးသားဖော်ပြခဲ့ပါတယ်။
အခြားမြန်မာပြည်တွင်း သတင်းဌာနကြီးတစ်ခုဖြစ်တဲ့ DVB ကနေလည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ “ရသေ့တောင် စစ်ဘေးရှောင်များကို စစ်ကောင်စီက ငွေပေးပြီး နေရပ်ပြန်ခိုင်း” ဆိုပြီးတော့ သတင်းဓာတ်ပုံနဲ့တကွ ရေးသားဖော်ပြထားပါတယ်။
သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေ နိုင်ငံတကာသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ ယခင်က ပုံအဟောင်းကို သုံးပြီးတော့ သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။
ယခင်ကလည်း ဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် အေအေဖက်ကနေ ပြည်သူလူထုရဲ့ အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးပါတယ်ဆိုပြီးတော့ ရေးသားဖြန့်ဝေခဲ့ကြပါတယ်။
ARF Burmese page ဟာလည်း ယခင်ကလည်း သတင်းတုသတင်းမှားတွေနဲ့ အမုန်းစကားတွေကို ဖြန့်ခဲ့တာကြောင့် Akyab Post ဖက်ကနေ သတင်းတုသတင်းမှားဖြစ်ကြောင်း စီစစ် စစ်ဆေးခဲ့ပါတယ်။
 Akyab Post ကနေ စစ်ဆေးထားတဲ့ Debunking factcheck – https://www.facebook.com/theakyabpost/videos/735302166023053/
 Akyab Post ကနေ စစ်ဆေးထားတဲ့ Debunking factcheck – https://www.facebook.com/theakyabpost/videos/735302166023053/လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီး၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစိစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
 
								

