Akyab Post/ MFCN
14 Jun 2025
Fact Check
အာရက္ခတပ်တော် အေအေအဖွဲ့ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းဒေသသို့ မူးယစ်ဆေးဝါး အများဆုံးတင်သွင်း ဖြန့်ဖြူးနေတဲ့ အဖွဲ့အစည်းဖြစ်ပြီးတော့ တစ်ကမ္ဘာလုံးက သတိထားဖို့ လိုတယ်ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံံ့နှံ့လျက်ရှိပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဖြစ်ကြတဲ့ Kyaw Swar၊ Ko Thet ချန်နယ်တွေကနေ ဇွန်လ ၉ ရက်နေ့မှာ အေအေဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှုအများဆုံးဖြစ်ပြီးတော့ ရခိုင်ပြည်နယ်ဟာလည်း ကမ္ဘာ့နိုင်ငံအသီးသီးကို မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ နေရာတစ်ခုဖြစ်လာနိုင်တာကြောင့် ကမ္ဘာ့နိုင်ငံတွေအတွက် မူးယစ်ဆေးဝါးအန္တရာယ်ပေးနိုင်တယ်ဆိုပြီးတော့ India OPINDIA မီဒီယာကနေ ကောက်နုတ် ရေးသားထားသလို ဖြန့်ဝေထားကြပါတယ်။
 Kyaw Swar ချန်နယ်ကနေ ဖြန့်ဝေထားတဲ့ မူရင်းပို့စ်အပြည့်အစုံ – https://archive.ph/ePAXN
 Kyaw Swar ချန်နယ်ကနေ ဖြန့်ဝေထားတဲ့ မူရင်းပို့စ်အပြည့်အစုံ – https://archive.ph/ePAXN Ko Thet ချန်နယ်ကနေ ဖြန့်ဝေထားတဲ့ မူရင်းပို့စ်အပြည့်အစုံ – https://archive.ph/HAUpe
 Ko Thet ချန်နယ်ကနေ ဖြန့်ဝေထားတဲ့ မူရင်းပို့စ်အပြည့်အစုံ – https://archive.ph/HAUpeKyaw Swar ချန်နယ် ကနေ ဖြန့်ထားတဲ့ ပို့စ်ကို Akyab Post ဖက်ကနေ စစ်ဆေးထားတဲ့ ဇွန်လ ၁၂ ရက်နေ့ထိ ဝင်ရောက်ဖတ်ရှုသူ ၃၈၀၀၀ ကျော်ထိရှိပြီးတော့ reaction ပြုလုပ်သူ ၇၃၀ ဦးထိရှိပါတယ်။ ဒါ့အပြင် Ko Thet ချန်နယ် ကနေ ဖြန့်ထားတဲ့ ပို့စ်ကိုလည်း ဇွန်လ ၁၂ ရက်နေ့ထိ ဝင်ရောက်ဖတ်ရှုသူ ၂၈၇၀၀ ကျော်ထိရှိပြီးတော့ reaction ပြုလုပ်သူ ၃၈၃ ထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဒီပို့စ်နှစ်ခုကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ India OPINDIA မီဒီယာကနေ ရေးသားထားခြင်းမရှိပဲ ဇာတ်ကြောင်းရေးသားပြီး သတင်းအမှားဖြန့်နေတာကို တွေ့ရပါတယ်။
 သတင်းစိစစ်ချက်
 သတင်းစိစစ်ချက်စစ်ကောင်စီရဲ့ Telegram ချန်နယ်တွေမှာ ပျံံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools ကို အဓိကသုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ India OPINDIA လို့ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ အေအေအဖွဲ့ဟာ မူးယစ်ဆေးဝါး အများဆုံးတင်သွင်း ဖြန့်ဖြူးနေတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေကို OPINDIA သတင်းဌာနရဲ့ ဆိုရှယ်မီဒီယာတွေနဲ့ သူတို့ရဲ့ တရားဝင် Website ပေါ်မှာ ရေးသားထားတာတွေကို မတွေ့ရှိရပါဘူး။
 India OPINDIA ရဲ့ Website – https://www.opindia.com/
 India OPINDIA ရဲ့ Website – https://www.opindia.com/ India OPINDIA ရဲ့ Facebook – https://www.facebook.com/opindiacom
 India OPINDIA ရဲ့ Facebook – https://www.facebook.com/opindiacom India OPINDIA ရဲ့ YouTube – https://www.youtube.com/OpindiaEnglish
 India OPINDIA ရဲ့ YouTube – https://www.youtube.com/OpindiaEnglish India OPINDIA ရဲ့ X – https://x.com/OpIndia_com
 India OPINDIA ရဲ့ X – https://x.com/OpIndia_comဝါဒဖြန့်မီဒီယာမှာ “Ref Crd. India OPINDIA မီဒီယာမှ ဆောင်းပါး ကောက်နုတ်ချက်” ဆိုပြီး ဖော်ပြထားပေမယ့်၊ ဆောင်းပါးရဲ့ အဓိကခေါင်းစဉ်၊ ဆောင်းပါးဖော်ပြတဲ့ရက်စွဲပါရှိတာကို မတွေ့ရပါဘူး။
ဒါ့အပြင် မြန်မာပြည်တွင်း သတင်းဌာနတွေနဲ့ နိုင်ငံတကာသတင်းဌာနတွေမှာလည်း အေအေအဖွဲ့ဟာ မူးယစ်ဆေးဝါး အများဆုံးတင်သွင်း ဖြန့်ဖြူးနေတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုပြီးတော့ ရေးသားထားတဲ့ သတင်းအကြောင်းအရာတွေကို မတွေ့ရှိရပါဘူး။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ ယခင်ကလည်း အေအေအဖွဲ့ဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုရှိပြီးတော့ ဒေသတွင်းမှာ မူးယစ်ဆေးတွေကို ဖြန့်ဝေနေတယ်ဆိုတဲ့ ပို့စ်တွေကို သတင်းတုသတင်းမှား စစ်ဆေးတဲ့ Boom Myanmar ကနေလည်း စစ်ဆေးထားတာကို တွေ့ရပါတယ်။
 Boom Myanmar ရဲ့ ပို့စ်အပြည့်အစုံကို ဖတ်ရှုရန် – https://www.boommyanmar.com/…/fake-news-that-the-arakan…
 Boom Myanmar ရဲ့ ပို့စ်အပြည့်အစုံကို ဖတ်ရှုရန် – https://www.boommyanmar.com/…/fake-news-that-the-arakan…အာရက္ခတပ်တော် အေအေဖက်ကနေလည်း စစ်ကောင်စီဖက်ကနေ မူးယစ်ဆေးနဲ့ ပတ်သက်ပြီးတော့ စွပ်စွဲချက်တွေဟာ နိုင်ငံရေးထိုးနှက်ချက်တွေ သာဖြစ်တယ်ဆိုပြီးတော့ ရေးသားထားတာကို စိတ်ချယုံကြည်ရတဲ့ နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ RFA နဲ့ ဒေသတွင်းသတင်းဌာနဖြစ်တဲ့ Development Media Group (DMG) နဲ့ Narinjara တို့မှာလည်း ရေးသားဖော်ပြထားပါတယ်။
 RFA Burmese – https://www.rfa.org/…/aa-responds-drug-political-attack…
 RFA Burmese – https://www.rfa.org/…/aa-responds-drug-political-attack…စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေဟာ ယခင်ကနေလည်း တော်လှန်ရေးအဖွဲ့အစည်းတွေအပေါ်မှာ မူးယစ်ဆေးနဲ့ ပတ်သက်ပြီးတော့ စွပ်စွဲဝါဒဖြန့်ထားတာကြပြီးတော့၊ ဒီလိုဝါဒဖြန့်ထားတာကိုလည်း MFCN ရဲ့ အဖွဲ့ဝင်တွေကနေ စစ်ဆေးထားတာရှိပါတယ်။
 သုံးသပ်ချက်
 သုံးသပ်ချက်စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့နေသလိုမျိုး အေအေအဖွဲ့ဟာ အရှေ့တောင်အာရှမှာ မူးယစ်ဆေးအများဆုံး ထုတ်လုပ်တဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို မတွေ့ရှိရပါဘူး။
ဒါ့အပြင် ရခိုင်ဒေသဟာလည်း တစ်ကမ္ဘာလုံးမှာ မူးယစ်ဆေးထုတ်လုပ်မှု ဒေသဖြစ်လာနိုင်တယ်ဆိုပြီးတော့ ရေးသားဖြန့်ဝေချက်တွေဟာ ရခိုင်လူမျိုးတွေအပါအဝင် ရခိုင်ဒေသတစ်ခုလုံးကို အမုန်းတရားဖြန့်ဝေပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားနေတဲ့ မှားယွင်းတင်ပြတဲ့ သတင်းမှားအမျိုးအစားသာဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ ဒေသအများစုကို လက်လွှတ်ဆုံးရှံးထားရတာကြောင့် ဒေသတွင်းမှာ ပဋိပက္ခဖြစ်စေတဲ့ ဝါဒဖြန့်ချိမှုတွေ သတင်းတုသတင်းမှားတွအပါအဝင် လူမျိုးရေး၊ ဘာသာရေးအရ တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ မူးယစ်ဆေးကြောင့် ရခိုင်ကို လေကြောင်းတိုက်ခိုက်ရပါတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ပို့စ်တွေကိုလည်း Akyab Post ဖက်ကနေ စစ်ဆေးထားပါတယ်။
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
 
								

