October 10, 2025

သီတင်းကျွတ်ဆီမီးသပိတ်လုပ်နေတဲ့ ဒေသခံတွေကိုဗုံးကြဲပြီး NUG-PDFတွေလို့ စစ်ကော်မရှင် သတင်းမှားဖြန့်

သီတင်းကျွတ်ဆီမီးသပိတ်လုပ်နေတဲ့ ဒေသခံတွေကိုဗုံးကြဲပြီး NUG-PDFတွေလို့ စစ်ကော်မရှင် သတင်းမှားဖြန့် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ ၇ရက်။ (Fact-check _DNA/ The Red Flag) စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာမှာ မနေ့က သီတင်းကျွတ်လပြည့်ညက အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) အပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ဖွဲ့တွေစုဝေးနေလို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာမှာပျံ့နှံ့နေပါတယ်။   အဲ့ဒီအကြောင်းရာကို စစ်ကော်မရှင်လက်အောက်ခံလော်ဘီချန်န​​ယ်တခုဖြစ်တဲ့ []
September 29, 2025

ရက္ခိုင်လူငယ်တွေပစ်ခတ်ခံရတာ AAကိုထောက်ခံတာကြောင့်လို့ဆိုတဲ့သတင်းအမှား

၂၀၂၅ စက်တင်ဘာလ၊ ၂၉ရက် Fact-check DNA, The Red Flag ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခါဂရာချရီခရိုင်၊ ဂုမ်မာရာ(Guimara) မြို့နယ်မှာ ဆန္ဒပြနေတဲ့ ရက္ခိုင်တိုင်းရင်းသား ကျောင်းသားလူငယ်တွေက အာရက္ခတပ်တော်(AA) ကိုထောက်ခံတာကြောင့် ဘင်္ဂလားဒေ့ရှ်စစ်တပ်က ပစ်ခတ်ဖြိုခွဲခဲ့တာဆိုတဲ့ သတင်းတခုလူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီအကြောင်းရာကို စစ်ကော်မရှင် လော်ဘီချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ “အကြမ်းဖက် []
September 22, 2025

ဗန်းမောက်မြို့ တော်လှန်ရေးတပ်တွေဆီမကျသေးဘူးလို့ စစ်ကော်မရှင်လော်ဘီအဖွဲ့သတင်းအမှားဖြန့်

၂၀၂၅၊ စက်တင်ဘာလ၊ ၂၂ရက်။ Fact-check DNA, The Red Flag စစ်ကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့ ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ၂၀ရက်မှာ တော်လှန်ရေးတပ်တွေကနေ သိမ်းပိုက်ပြီးတဲ့နောက်မျာ စစ်ကော်မရှင်တပ်တွေဘက်က ဗန်းမောက်မြို့ကို လက်မလွှတ်ရသေးသလို၊ တော်လှန်ရေးတပ်တွေကလည်း မြို့ကိုမရရှိသေးဘူးဆိုတဲ့ သတင်းတခု ဒီကနေ့ စက်တင်ဘာလ၊ ၂၂ရက်မှာပျံ့နှံ့နေပါတယ်။ အဲ့ဒီအကြောင်းရာကို စစ်ကော်မရှင်တပ်ရဲ့ လော်ဘီတဦးဖြစ်တဲ့ []
September 20, 2025

ရုပ်ပုံအဟောင်းကိုသုံးပြီး တောင်သာPDFတွေကိုဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ သတင်းမှားဖြန့်

၂၀၂၅ခုနှစ်၊ စက်တင်ဘာလ၊ ၁၉ရက်။ Fact-check DNA, The Red Flag မန္တလေးတိုင်း၊ မြင်းခြံမြို့၊ တောင်သာမှာစစ်ကော်မရှင်တပ်ကနေ မနေ့က စက်တင်ဘာလ၊ ၁၈ရက်မှာ လေကြာင်းအသုံးပြုပြီး တောင်သာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတခုဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီသတင်းကို စစ်ကော်မရှင်တပ်ရဲ့ လော်ဘီမီဒီယာတခုဖြစ်တဲ့ Truth Media ကနေ “တောင်သာPDF []
September 17, 2025

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ ကုန်တင်ယာဥ်တွေဖြတ်သန်းနေပြီ ဆိုသည့် သတင်းအမှား

စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ Fact-Check KIC, DNA, The Red Flag, MFCN နယ်မြေမငြိမ်မသက်မှုများ ဖြစ်ပွားနေသည့် မြဝတီနှင့်ကော့ကရိတ်မြို့ကို ဆက်သွယ်ထားသော အာရှလမ်းမကြီးပေါ်တွင် ကုန်တင်မော်တော်ယာဥ်များ ဖြတ်သန်းသွားလာနေပြီဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာများမှတဆင့် သတင်းအမှားများထွက်ပေါ်နေသည်။ စက်တင်ဘာလ (၇) ရက်နေ့က “ᏁᏗᎩ ᏖᏂᏬ []
September 9, 2025

မြစ်ကြီးနားကချင်စုမှာ ဓါးပြတိုက်ခံရတဲ့ဖြစ်စဥ်ကို PDFကျူးလွန်လို့စစ်ကောင်စီ သတင်းအမှားဖြန့်

၂၀၂၅၊ စက်တင်ဘာလ၊ ၈ရက်။ Fact-check DNA, FFM, The Red Flag ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်မှာ လူငယ်အမျိုးသား၆ဦးက မနေ့က စက်ဘာလ၊ ၇ရက်က အနုကြမ်းဝင်ရောက်စီးနှင်းမှုဖြစ်ပွားခဲ့ပြီး အဲ့ဒီကျူးလွန်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)တပ်ဖွဲ့တွေကနေ ကျူးလွန်ခဲ့တာဖြစ်တယ်ဆိုတဲ့သတင်းမှားတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ ဒီအကြောင်းရာကို စစ်ကော်မရှင်လက်အောက်ခံလော်ဘီချန်နယ်တခုဖြစ်တဲ့ Kyaw []
September 9, 2025

တာဝေးမာရသွန်ပြိုင်ပွဲမှာ ဦးကျော်သူသမီးဖြစ်သူမြန်မာဝတ်စုံနဲ့အပြေးပြိုင်ခဲ့တာမဟုတ်ဘူးလို့ စစ်အုပ်စု သတင်းမှားဖြန့်

၂၀၂၅ စက်တင်ဘာလ၊ ၈ရက်။ (Fact-check _DNA/ The Red Flag) ဩစတြေးလျနိုင်ငံမှာ ပြီးခဲ့တဲ့ ဩဂုတ်လ၊ ၃၁ရက်က ပြုလုပ်ခဲ့တဲ့ ဆစ်ဒနီမာရသွန်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးတဦး ရိုးရာဝတ်စုံဆင်မြန်းပြီး တာဝေးမာရသွန်အပြေးပြိုင်ပွဲဝင်ပြိုင်ခဲ့တယ်ဆိုတာ လုပ်ကြံပြောဆိုနေတဲ့အကြောင်းရာတခုသာဖြစ်တယ်ဆိုတဲ့အကြောင်း သတင်းမှားတခုလူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီအကြောင်းရာကို ပြီးခဲ့တဲ့ စက်တင်ဘာ၅ရက်မှာ @sanhtay7630ဆိုတဲ့ tiktok အကောင့်ပိုင်ရှင်ကနေ []
September 9, 2025

ဒေါ်အောင်ဆန်းစုကြည်ရဲ့နှလုံးရောဂါနဲ့ပတ်သက်လို့ လုပ်ကြံသတင်းသာဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့်

Fact-check DNA၊ The Red Flag စက်တင်ဘာလ၊ ၅ရက်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေပိုဆိုးရွားလာတယ်ဆိုတဲ့ သတင်းတွေက ရွေးကောက်ပွဲနီးလာလို့ အချိန်ကိုက်လွှင့်လာတဲ့ လုပ်ကြံသတင်းတွေသာဖြစ်တယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီအကြောင်းရာတွေကို စစ်ကောင်စီလက်အောက်ခံလော်ဘီတွေကနေ “စင်္ကာပူကို ဆေးကုသွားမယ်ဆိုပြီး ဒူဘိုင်းပြေးသွားတဲ့ ထိုင်းက သက်ဆင်ရဲ့သတင်းကြားကြားချင်းပဲ … ဒေါ်စု []
September 1, 2025

ကျောက်မဲမှာ TNLAတပ်သားတွေစုဝေးနေလို့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ဆိုတဲ့သတင်မှား

(Fact-Check) DNA, The Red Flag ဩဂုတ်လ၊ ၃၁ရက်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်သပြေရွာက ဘုန်းကြီးကျောင်းတကျောင်းကို ပြီးခဲ့တဲ့ ဩဂုတ်လ၊ ၁၉ရက် ည ၁၀နာရီမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး တအာင်းတပ်မတော် – TNLA တပ်သားတွေစုဝေးနေတာကြောင့် လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်ဆိုတဲ့သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီအကြောင်းရာကို []